True Fan


True Fan ဆိုတာ အမာခံ ပရိတ်သတ်။
အမာခံ ပရိတ်သတ် ဆိုတာ ကျွန်တော် ဂုဏ်အယူဆုံးအရာ ။
လူတိုင်းကတော့ ကျွန်တော့် ထုတ်ကုန်ကို မဝယ်ပါဘူး။ဒါပေမယ့် ကျွန်တော့်မှာ ကိုယ်ထုတ်သမျှ ကို ဝယ်မယ့်သူတွေ ရှိနေတယ်။
လူတိုင်းကတော့ ကျွန်တော် မျှဝေတာတွေကို သဘောမကျပါဘူး။ဒါပေမယ့် ကျွန်တော့်မှာ မျှဝေသမျှတွေ ကို သဘောကျတဲ့သူတွေ ရှိနေတယ်။
လူတိုင်းကတော့ ကျွန်တော်ရေးတဲ့ စာအုပ်ကို မဖတ်ပါဘူး။ဒါပေမယ့် ကျွန်တော့်စာအုပ်ထုတ်တိုင်းဖတ်မယ့်သူတွေရှိနေတယ်။
လူတိုင်းကတော့ ကျွန်တော့်သင်တန်းတွေ မတက်ကြပါဘူး။ဒါပေမယ့် ကျွန်တော့် မှာ သင်တန်းတိုင်းကို တက်မယ့်သူတွေ ရှိနေတယ်။
လူတိုင်းကတော့ ကျွန်တော်ရေးတဲ့ ပိုစ်တွေ မဖတ်ပါဘူး၊ဒါပေမယ့် ကျွန်တော့်မှာ တင်သမျှဖတ်ကြတဲ့ ပရိတ်သတ်တွေရှိနေတယ်။
လူတိုင်းမဟုတ်လို့.. ကျွန်တော် လူတိုင်း ကိုလဲ မမျှော်မှန်း ပါဘူး။
ဒါပေမယ့် ကျွန်တော် True Fan ဆိုတဲ့ အမာခံ ပရိတ်သတ်တွေတော့မျှော်မှန်းပါတယ်။
အမာခံ ပရိတ်သတ် ဆိုတာ ကျွန်တော် ကျေးဇူးအတင်ဆုံးအရာ၊
အမာခံ ပရိတ်သတ် ဆိုတာ ကျွန်တော် ဂုဏ်အယူဆုံးအရာ၊
အမာခံ ပရိတ်သတ် ဆိုတာ ကျွန်တော် အလေးထားဆုံးအရာ၊
အမာခံ ပရိတ်သတ် ဆိုတာ ကျွန်တော် အမျှော်မှန်းဆုံးအရာ။
“ဖော်လိုဝါ 1,000,000 (Follower) ၁ သန်းပြည့်အောင် ကြိုးစားခဲ့သလိုပဲ..
အမာခံ 1,000 (True Fans) ၁ ထောင် ရှိလာဖို့ကြိုးစားနေပါတယ်။”
အမာခံ ဖြစ်သော ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ပါတယ်။
Responses