စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

marthin
စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

(Strategic Forecasting)

စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။
ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို လူဘယ်နှစ်ယောက်စာအတွက်ချက်မယ် ဆိုတာ ပြုမှုလုပ်ဆောင်ရသလို၊ ကုန်ထုတ်လုပ်သူ တစ်ယောက်က လဲ ဝယ်လိုအားဘယ်လောက်ရှိနိုင်မလဲဆိုတာကို ခန့်မှန်းပြီး လူဘယ်နှစ်ယောက်ခန့်၊ ကုန်ကြမ်းပစ္စည်း ဘယ်လောက်ဝယ် စသည်ဖြင့် တွက်ချက်ထုတ်လုပ်ရပါတယ်။မနက်ဖြန်ရဲ့ဝယ်လိုအားကို ခန့်မှန်းခြင်းမပြုပဲ ထမင်းအိုးကို အတိုင်းအဆမရှိတည်ရင်၊ ဒါမှမဟုတ် ဝယ်လိုအားကို ခန့်မှန်းခြင်း မရှိပဲ ဝန်ထမ်းတွေကိုအတိုင်းအဆမရှိ ခန့် နေရင်၊ နောက်ဆုံးမှာ အဲဒီလုပ်ငန်းရဲ့လားရာ အဆုံးသတ် ကိုတွေးကြည့်တာနဲ့အခြေအနေမကောင်းဘူးဆိုတာသိနိုင်ပါတယ်။
သေချာစဉ်းစားကြည့်ပါ ။ လုပ်ငန်းတိုင်း က ဝယ်လိုအား ကို ကြိုတင်ခန့်မှန်းပြီး အလုပ်လုပ်ကြရပါတယ်။
⚠စီးပွားရေး လုပ်ငန်း မှာ အရာအားလုံးက ဝယ်လိုအားကိုကြိုတင်ခန့်မှန်းပြီးမှ Operation ကိုစတင်လည်ပတ်ရတာပါ။
စီးပွားရေးမှ မဟုတ်ပါဘူး။ အလှုပွဲ၊ မင်္ဂလာဆောင်ပွဲမှာတောင် လူဘယ်နှစ်ယောက်ဖိတ်ထားတယ်။ ဘယ်နှစ်ယောက်လောက်တော့ လာမယ် စသည်ဖြင့် ခန့်မှန်းပြီး ထိုင်ခုံ ဘယ်နှစ်လုံးထား၊ စားပွဲဘယ်နှစ်လုံးရှိပါစေ ဆိုပြီးအစပြုရပါတယ်။ စီးပွားရေးလုပ်ငန်းခန့်မှန်းချက်ကတော့ အလှူပွဲ၊ မင်္ဂလာပွဲလောက်တော့ ခန့်မှန်းတာ မလွယ်ကူလှပါဘူး။
ဘတ်ဂျတ်တွက်ချက်ရာမှာလဲ ဝယ်လိုအားခန့်မှန်းခြင်းနဲ့စရပါတယ်။ ဝယ်လိုအားဘယ်လောက်ရှိနိုင်လဲဆိုတာကို အရင်တွက်ချက်ပြီးမှ သာလျင် ဘယ်လောက်ဝင်ငွေ( Revenue) ရနိုင်မလဲဆိုတဲ့ပထမ မေးခွန်းရဲ့အဖြေကိုရပါတယ်။ ပြီးမှ ဘယ်လောက်သုံးမယ်( Expenses ) ၊ ကုန်စားရိတ်က( COGS) ဘယ်လောက်ကုန်ကျမယ် စသည်ဖြင့် ဒုတိယ၊တတိယမေးခွန်းတွေရဲ့အဖြေရပါတယ်။ နောက်ဆုံး မှ လုပ်ငန်းရှင်တွေ အသိချင်ဆုံးဖြစ်တဲ့ဘယ်လောက်မြတ်နိုင်မလဲ ဆိုတဲ့( Profit )လား ဒါမှမဟုတ် အရံှုး (Loss)လားဆိုတာ ကိုရပါတယ်။
ဒါကြောင့် လုပ်ငန်းတိုင်းရဲ့ Operation လုပ်ငန်းလည်ပတ်မှုအပိုင်း၊ ဘတ်ဂျတ်တွက်ချက်မှုအပိုင်း၊ ဝန်ထမ်းခန့်ထားမှုအပိုင်း၊
မားကတ်တင်းအပိုင်း၊
အသုံးစားရိတ်အပိုင်း၊
အဆောက်အဦးဆိုင်ခန်းအပိုင်း၊
ထိုင်ခုံအရေအတွက်၊
ယဉ်အစီးရေ အပိုင်း စသည်စသည့် အကုန်လုံးကို ဝယ်လိုအားခန့်မှန်းခြင်းဆိုတဲ့ပညာရပ်နဲ့စပါတယ်။
မှန်ပါတယ်။ ကြိုတင်ဝယ်လိုအားခန့်မှန်းခြင်း ဆိုတာ စိတ်ကူးထဲက ရှိတဲ့အစီအစဉ်မကျတဲ့ ခန့်မှန်းနံပါတ်တစ်ခုမဟုတ်ပါဘူး။သိပ္ပံနည်းကျ တွက်ချက်ပြီး အဖြေရှာတဲ့ ပညာရပ်ဖြစ်ပါတယ်။ လူတိုင်းလေ့လာလို့ရတဲ့ဘာသာရပ် တစ်ခုဖြစ်ပါတယ်။
ဘာသာရပ် ကို အကြမ်းအားဖြင့် ကဏ္ဍခွဲလိုက်ရင် Model နဲ့Mothod အပိုင်း (၉) ပိုင်း ခွဲလို့ရနိုင်ပါတယ်။
✔၁။Moving Average and Smoothing Method
အတိတ်ကဝယ်လိုအားကို ပျမ်းမျှသဘောမျိုးရယူပြီး တွက်ချက်ရတဲ့နည်းလမ်းပါ။
✔၂။Regression Method
Statistical process ဖြစ်ပြီး၊ သတင်းအချက်အလက်များစွာကို မူတည်ပြီး အကြောင်းအရာနှစ်ခု ကိုဆက်စပ်တွေးခေါ်တဲ့နည်းလမ်းဖြစ်ပါတယ်။
✔၃။Multiple Regression
သတင်းအချက်အလက်များစွာထဲက အကြောင်းအရာနှစ်ခုထက်ပိုသောအရာများရဲ့ဆက်စပ်မှု ကိုတွေးခေါ်တဲ့နည်းလမ်းပါ။
✔၄။Time Series Analysis
အချိန်အလိုက် သတင်းအချက်များရဲ့လားရာ ဦးတည်ချက် လီနီရာကျမှု မကျမှု စတာတွေပေါ်မှုတည်ခန့်မှန်းတွက်ချက်မှု နည်းလမ်းဖြစ်ပါတယ်။
✔၅။The A-T-A-R Model
ဈေးကွက်ဖော်ဆောင်ရာမှာ သုံးတဲ့Diffusion of Innovation ဆိုတာ Marketing သမားတော်တော်များများ ကြားဖူးကြမှာပါ။ ဖောက်သည်တစ်ဦးတစ်ယောက်ရဖို့အတွက် အဆင့် သတ်မှတ်ချက် အချို့ရှိပါတယ်။ A- ပထမဆုံး ကိုယ်ရောင်းတဲ့ထုတ်ကုန်/ဝန်ဆောင်မှု ကို သိအောင်(သို့) အသိအမှတ်ပြုအောင်လုပ်နိုင်ဖို့အချက်( Awareness)
T- ဒုတိယ အနေနဲ့သိအောင်လုပ်ယုံနဲ့မပြီးပဲ စပြီး အသုံးပြုနိုင်အောင်လုပ်နိုင်ဖို့( Try )
A – တတိယ ကတော့ ဖောက်သည်များ လွယ်လွယ်ကူကူအသုံးပြု သုံးစွဲနိုင်အောင် နဲ့အလွယ်တကူရရှိနိုင်မှု ( Availability)
R- နောက်တစ်ခု ကတော့ Repeat usage ပါ။ တစ်ခါနှစ်ခါလောက် ကိုယ့် ထုတ်ကုန်/ ဝန်ဆောင်မှု ကိုအသုံးပြုဖူးသူက ကြိုက်နှစ်သက်ပြီး နောက်အမြဲသုံးအောင်ဘယ်လိုမလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။
✔၆။Growth Models
လုပ်ငန်းကြီးထွားမှု နုန်းထားကို မူတည်ပြီးခန့်မှန်းတဲ့နည်းလမ်း
✔ရ။The Constant Change Growth
လုပ်ငန်းရဲ့ပြောင်းလဲမှုဖြစ်စဉ်ကို မှုတည်ပြီးတွက်ချက်တဲ့နည်းလမ်း
✔၈။The Exponential Model
ကြီးထွားနုန်း ပြောင်းလဲမှုကို ရာခိုင်နုန်းတစ်ခုနဲ့တွက်ချက်ခန့်မှန်းတဲ့နည်းလမ်း
✔၉။Markov Model
စားသုံးသူများ ရဲ့အမှတ်တံဆိပ်အပေါ်မှာ စွဲမြဲသုံးစွဲမှု၊ သို့မဟုတ် ပြောင်းလဲသုံးစွဲမှု ဖြစ်စဉ်များကို တွက်ချက်ခန့်မှန်းခြင်းဖြစ်ပါတယ်။
🏁🏁🚩ခန့်မှန်းခြင်းသည် ပန်းတိုင်ကိုဖော်ဆောင်ခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းတစ်ခု ကို မနက်ဖြန် ဖောက်သည် စားသုံးသူ ဘယ်နှစ်ယောက်အတွက် ဝန်ဆောင်မှု ပေးမလဲဆိုသည့်ပေါ်မှုတည်ပြီး ကျွန်တော်တို့ဒီနေ့ဘာလုပ်မလဲဆိုတာဖြစ်လာကြသည်။
♜မီးရထားဘူတာရုံတစ်ခု ကိုသွားပြီး ရထားလက်မှတ်တစ်စောင်လောက်ရောင်းပါ ဟုပြောလိုက်ယုံနှင့် သင်လိုရာခရီးမရောက်နိုင်ပါ။ သင်ဘယ်မြို့သွားမလဲ ဆိုကိုအတိအကျ ပြောရပါမည်။ မြစ်ကြီးနားလား။ တောင်ကြီးလား။ မန္တလေးလား ထိလား။ ဒါမှမဟုတ် နေပြည်တော်လား။ သင်ရဲ့ပန်းတိုင် ကိုတိတိကျကျ ဖော်ဆောင်နိုင်မှ လက်မှတ်ကို ဘယ်ဂိတ်၊ဘယ်နေရာမှာ ဘယ်လောက်ကုန်ကျစားရိတ် ဖြင့်ဝယ်နိုင်မည်ဆို တာပြောလို့ရမည်။ သင့်အလုပ်သည် ဘယ်သွားချင်သလဲဆိုသည့်တိကျသည့်ခန့်မှန်း ပန်းတိုင်သတ်မှတ်မှုဖြစ်သည်။ ကျန်တာတွေကသင့်ပန်းတိုင်သတ်မှတ်ချက်ပေါ်အကောင်ထည်ဖော်ပြုလုပ်ဆောင်ရခြင်း ဖြစ်သည်။
🔱ဝယ်လိုအားခန့်မှန်းခြင်း နည်းပညာသည် တွက်ချက်မှုတစ်ခု ဖြစ်သလို အနုပညာတစ်ခုလဲ ဖြစ်နေပြန်သည်။
ဦးနှောက်နှင့် စဉ်းစားတွက်ချက် ရသလို နှလုံးသာဖြင့် လဲ ကိုယ့်စီးပွားရေးလုပ်ငန်းကို ခံစားခိုင်းသည်။ အမှန်တော့ ဘူတာရုံကိုပင်မသွားရသေး၊ တောင်ကြီးလို့ဆိုယုံ တွေးကြည့်သတ်မှတ်ယုံရှိသေး၊ ကျွန်တော်တို့သည် အတွေးထဲတွင်တောင်ကြီးကိုရောက်လို့ပင်နေပေပြီ။ တစ်ချိန်တည်းမှာပဲ ရောက်အောင်လဲ ပြုလုပ်နေရပေသည်။
ခန့်မှန်းတွေးတောခြင်းသည်အရင်လား။ လုပ်ဆောင်ခြင်းသည်အရင်လား ။မည်သို့ပင်ဆိုစေ….ခန့်မှန်းခြင်းပညာရပ်သည်စိတ်ဝင်စားစရာပင် ဖြစ်တော့သည်။
Learn with Passion
မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...

ချမ်းသာဖို့ဆုတောင်း

ချမ်းသာဖို့ဆုတောင်း

ချမ်းသာဖို့ဆုတောင်း တစ်နေ့ကြီးပွားချမ်းသာချင်တဲ့လူငယ်လေးတစ်ယောက်က တောင်ကုန်းလေးတစ်ခု ပေါ်ကိုတက်သွားပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်။လူငယ်။ ။ " သခင် …နှစ်ပေါင်း တစ်သန်း က ကိုယ်တော် အချိန်နဲ့ဆိုရင် ဘယ်လောက်နဲ့ညီမျှပါသလဲ"ကိုယ်တော် ။ ။ "တစ်မိနစ်"လူငယ်။ ။ " သခင် …...