Cupcake အိုင်ဒီယာ

Cupcake အိုင်ဒီယာ

ကိတ်မုန့်ဆိုတာ အရင်တုန်းက အရွယ်အစားအကြီးတစ်မျိုးပဲ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ cupcake ဆိုတဲ့ ကိတ်မုန့် သေးသေးလေးတွေ ပေါ်လာတယ်။ ကိတ်အကြီးကြီး ကို ဝယ်စရာမလိုသေးပဲ ကြိုက်မကြိုက်သိအောင် ကိတ်ဆိုင်တွေက ကိတ်သေးသေးလေးတွေကို ထုတ်လုပ်လာခဲ့ကြပါတယ်။

✨ ဝယ်ယူမှုအကြီးကြီးကို မလုပ်ခင် … ဝယ်ယူမှုသေးသေးလေးတစ်ခု ဆိုတာ ဆိုင်နဲ့customer ကြား ယုံကြည်မှုတစ်ခု တည်ဆောက်ပေးပါတယ်။

🚩အစပထမတော့.. ဆိုင်ကနေ cup cake သေးသေးလေးတစ်ခု ဝယ်စားမယ်။

🚩နောက်.. ပြီးရင် … ကိတ်တစ်ပိုင်းလောက် ဝယ်စားမယ်။

🚩နောက်..ပြီးရင် … ကိတ်တစ်ဝက်လောက် ဝယ်စားမယ်။

🚩နောက်..ပြီးရင် … မွေးနေ့ကိတ်တစ်ခုလုံး ဝယ်စားမယ်။

ဒါကြောင့် … Cupcake ကိတ်သေးသေးလေး ဆိုတာ အရွယ်သေးပေမယ့် အစွမ်းကြီးပါတယ်။

✨cupcake ရောင်းတာ ..အမြတ်ရဖို့မဟုတ်ပါဘူး။ ယုံကြည်မှု ရဖို့ပါ။

အဓိကအားဖြင့် ရည်ရွယ်ချက် က (၃) ခု ရှိပါတယ်။

(၁) ဆိုင်နဲ့စားသုံးသူကြား ယုံကြည်မှု တစ်ခု ဖြစ်စေဖို့ ။

(၂) ကိုယ့်ထုတ်ကုန်ရဲ့အရည်အသွေးကို စမ်းကြည့်စေချင်လို့။

(၃) customer ကနှစ်ခြိုက်ရင် ကိတ်အကြီးကြီး ဝယ်ယူဖို့အလားအလာဖြစ်လာစေဖို့ ။

… ဆိုတဲ့ ရည်ရွယ်ချက်သုံးခု နဲ့cupcake ကို ရောင်းခြင်းဖြစ်ပါတယ်။

ကျွန်တော် ပြောချင်တာ Cupcake အကြောင်းမဟုတ်ပါဘူး။

Cupcake ကပေးတဲ့ မားကက်တင်း သင်ခန်းစာ တစ်ခုကို ပြောချင်တာပါ။

✨စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့…

ကိုယ့်ဆိုင်မှာ ရောင်းတဲ့ ပစ္စည်းတိုင်း မြတ်ဖို့မလိုပါဘူး။

အချို့ပစ္စည်းတွေက အရင်းအတိုင်းရောင်းတာဖြစ်ချင်ဖြစ်မယ် ..

အချို့ပစ္စည်းတွေက အရှုံးခံပြီးရောင်းတာဖြစ်ချင်ဖြစ်မယ်..

Cupcake ဆိုတဲ့ ပစ္စည်းမျိုးက .. ဗျူဟာအရ ရောင်းတာဖြစ်တယ်၊

စားသုံးသူကြားကိုယ့်ပစ္စည်းကို ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ရောင်းတာဖြစ်ပြီး ၊

အခြားကြီးမားတဲ့ဝယ်ယူမှုကို ဖြစ်စေနိုင်လို့စမ်းမြည်းကြည့်ခိုင်းတာဖြစ်ပါတယ်။

ဒါကြောင့် အချို့ပစ္စည်းတွေကို အရှူံးခံပြီး ရောင်းရမှာ မကြောက်ပါနဲ့။ 💪

အချို့ပစ္စည်းတွေကို အခမဲ့ မြည်းစမ်းခိုင်းဖို့ ဝန်မလေးပါနဲ့။

Cupcake ကိတ်သေးသေးလေးတစ်ခုလို …

ရည်ရွယ်ချက်သာ ပြီးမြောက်ပါစေလေ ။ ။

#မာသင်

Related Articles

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

လူသိများအောင်လုပ်ပါ ။

 ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ပြသထားတဲ့ Louvre ပြတိုက် ထဲမှာ ပန်းချီကားပေါင်း (၃၅ ၀၀၀) ရှိတယ်။ ခရစ်တော်မပေါ်မီ ၆ ရာစု က စပြီး ၁၉ ရာစု ထိ ရှေးဟောင်းအီဂျစ်လက်ရာ၊ ရှေးဟောင်းဥ ရောပ ပန်းချီလက်ရာမျိုးစုံ ကို ခန်းမကြီး…

Responses

Your email address will not be published. Required fields are marked *