မတုနဲ့ မတူအောင်လုပ်

မတူရင် .. မတုနဲ့ .. လို့ ပြောကြတယ်။ အမှန်တော့… တူအောင်လဲ မကြိုးစားနဲ့၊ တုပြီးလဲ မလုပ်နဲ့။ ကိုယ့်ဟန်နဲ့ကိုယ်၊ ကိုယ့်အကြံနဲ့ကိုယ်၊ မတူအောင်သွား၊ မတုပဲနေ။ တူတာတွေများလာတဲ့ ဒီနေ့ခေတ်မှာ… အများနဲ့မတူ၊ တစ်မူ ကွဲပြားခြင်း ဆိုတာ ယနေ့ခေတ်ရဲ့ ကွာလတီအသစ် ပါပဲ။ မတုနဲ့…

လိပ်ပြာ ပြတိုက်

လိပ်ပြာသေ လေးတစ်ကောင် လမ်းမှာတွေ့သည်။ အမှိုက်ဖြစ်သည်။ ဘယ်သူမှ ဂရုမစိုက်ကြ။ ကောက်လာပြီး သိမ်းထားလိုက်သည်။ နောက်နေ့.. နောက်တစ်ကောင်တွေ့သည်။ သိမ်းထားလိုက်သည်။ နောက်နေ့ … မတွေ့တော့ပေမယ့် လိပ်ပြာ ကိုရှာတတ်လာသည်။ နောက်နေ့ … လိပ်ပြာကို ရှာပြီး စုသည်။ တစ်ရက်ပြီး .. တစ်ရက်… အမျိုးအမည်မသိ…

ကြီးပွား ချမ်းသာ ကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီးနိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက တစ်နာရီ…

သင့်အလုပ်ကို အဲ့ဒီလောက် ရူးသွပ်ရဲ့လား ?

စစ်မှန်တဲ့ ဂီတအနုပညာရှင်ဆိုတာ.. သူ့ဂီတကို ရူးသွပ်တယ်။ စစ်မှန်တဲ့ ပန်းချီအနုပညာရှင်ဆိုတာ.. သူ့ ဖန်တီးမှုကို ရူးသွပ်တယ်။ စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ .. သူ့ လုပ်ငန်းကို ရူးသွပ်နေရမယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်လုပ်ငန်းကို အရူးအမူးမဖြစ်ပဲနဲ့ .. အရူးအမူးကြိုက်တဲ့ စျေးကွက် ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ်ကအရင် ကိုယ့်လုပ်ငန်းကို…

အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေးဆွေးနွေး၊သဘောတူခွင့်ပေး၊ စောင့်ကြည့်မလွဲခင် အထိလုပ်ရန် ၆ ခုသာ။”✨ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ…တစ်ခုချင်းစီရှင်းပြပါမယ်..💠အဆင့် (၁)ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ သေချာစဉ်းစားပြင်ဆင်ထားရမယ့်အကြောင်းအရာတွေရှိတယ်။လုပ်ရမယ့်အလုပ်ကဘာတွေလဲချရေးကြည့်ပါ။ဘယ်အပိုင်းကို တော့လွဲပြီးလုပ်ခိုင်းမယ်။ဘယ်အပိုင်းကိုတော့ ကိုယ်တိုင်လုပ်မယ်။ရည်ရွယ်ချက် က ဘာတွေ၊အဓိက အခက်အခဲက ဘယ်အပိုင်းတွေ၊ဦးစားပေး ရမယ့်အပိုင်းက ဘယ်အပိုင်း………

တစ်ခုကောင်းနဲ့စပါ

လုပ်ငန်းတစ်ခုအနေနဲ့ ပေါ်ပင် Trend ကိုလိုက်ပြီး လိုက်ရောင်းလိုက်ထုတ်တဲ့အခါ ကိုယ့်ရဲ့ရပ်တည်ချက်ကို မေ့သွားပီး စားသုံးသူဈေးကွက်ကို ထုတ်ကုန်ဗုံးကျဲ တော့တာပဲ။ တစ်ခုခု က တစ်ချိန်ချိန် မှာ ပေါက်နိုးနိုးနဲ့ပေါ့။ အဲဒီမှာ ကိုယ့် ထုတ်ကုန်က ကိုယ့်ရန်သူ ပြန်ဖြစ်တော့တာပဲ။ ကိုယ်မွေးခဲ့တဲ့မျောက်က ကိုယ့်ပြန်ခြောက်ပြီး ရန်သူဖြစ်လာသလိုပေါ့။ ပြီးတော့ ထုတ်ကုန်တွေ…

မားကက်တင်း အပိုင်း (၅) ပိုင်း

ခရီးတစ်ခု ထွက်ဖို့ပြင်တယ်။ ဘယ်ဟိုတယ်တည်းရမလဲ .. ဆိုတာ စဉ်းစားရင်းနဲ့ ဖေ့ဘုတ်မှာ ဟိုတယ်တစ်ခုရဲ့ဓာတ်ပုံတွေ့မိလိုက်တယ်။ သူများတွေတင်ထားတာ။ ဓာတ်ပုံတွေက လှမှလှ၊ ရှူခင်းကလဲ ကောင်းမှကောင်း ၊ စဉ်းစားမနေတော့ဘူး အဲဒီဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်ပြီး ဟိုတယ်ကို ဖုန်းဆက်ဘွတ်ကင်ချိတ်လိုက်တယ်။ ဘယ်သူမှ ကိုယ့်ကိုလာရောင်းတာမဟုတ်ဘူး။ ဒါပေမယ့် ဝယ်ဖို့ ၊တည်းဖို့…

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

 နောက်ကျသွားပါပြီ…

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon…