ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

၁။ ပျော်ရွင်ခြင်း

၂။ ကျန်းမာခြင်း

၃။ မိသားစု

၄။ လွတ်လပ်ခြင်း

၅။ မိတ်ဆွေရှိခြင်း

ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ မှတ်နိုင်တယ်။

F ဆိုတာ Finance (ငွေကြေး )ကိုပြောတာ။ ငွေကြေးဆိုတာ အရာတော်တော်များများအတွက် လိုအပ်ချက်ရှိတယ်။ ငွေကြေးနဲ့ကျန်းမာရေးကို ဝယ်လို့မရပေမယ့် ကျန်းမာရေးမကောင်းလို့ငွေမရှိရင် သေဖို့ပဲရှိတယ်။ ပညာရေးအတွက် ငွေလိုတယ်။ စားဝတ်နေရေးအတွက် ငွေလိုတယ်။ နောက်ဆုံးမှာ လူတစ်ယောက်ရဲ့လွတ်လပ်မှုအတွက် ငွေ ဆိုတာလိုအပ်တယ်။

R ဆိုတာ Ritual (နေ့စဉ်လုပ်တဲ့အလုပ်) ကိုပြောတာ။ ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အရာအားလုံးနဲ့ ဒီနေ့ရ နေတဲ့အရာအားလုံးက နေ့စဉ်လုပ်တဲ့အကျင့် တွေကနေဖြစ်လာတာ။ အကျင့် ဆိုတာ ဘ၀ ကို ပြဌန်းတယ်။ အကျင့်ကောင်းရင် ဘဝကောင်းတယ်။ အကျင့်မကောင်းရင် ဘ၀ ဆိုးရော။ စဉ်းစားတာတောင် အကျင့် ရှိတယ်။ စိတ်ညစ်စရာတွေကိုပဲ တွေးတတ်တဲ့ အကျင့် ဆိုတာ ရှိတယ်။ အလကားနေရင်းကို စိတ်ညစ်နေတာ.. အဲဒါအကျင့် ကြောင့်ပဲ။ ဒီနေ့ စပြီး .. လုပ်ကျင့် ၊ တွေးကျင့် တွေကို ပြင်ပါ။ အကျင့်ကောင်းအတွက် နေ့စဉ် အလုပ် နဲ့ပျိုးထောင်ပါ။

E ဆိုတာ Energy (အားအင်) ကိုပြောတာ။ ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်က အားအင်တွေပြည့်နေတတ်ပြီး ၊ ကျန်းမာရေးမကောင်းရင် အားအင်မရှိ ဘာမှမလုပ်ချင်ဖြစ်နေတတ်တယ်။ အားအင်ဆိုတာ ကျန်းမာရေးတစ်ခုတည်းတော့မဟုတ်ဘူး။ မဖျားတာ ဟာ ကျန်းမာရေးကောင်းတယ်လို့လဲ ပြောလို့မရဘူး။ အားအင်ဆိုတာ ကိုယ်ခန္ခာအားအင် ၊ စိတ်ခန္ခာအားအင်၊ ခံစားမှုအားအင်၊ ယုံကြည်မှု အားအင် ဆိုပြီးတော့ (၄) မျိုးရှိတယ်။ အဲဒီတော့ ကိုယ်ခန္ခာကျန်းမာရေးအတွက်လုပ်ရသလို စိတ်ကျန်းမာရေသန်စွမ်းရေးအတွက်လဲ စာတွေဖတ်ရတယ်။ အဲဒီလိုပဲ ခံစားမှု ကျန်းမာရေးအတွက် လေ့ကျင့်ရသလို၊ ယုံကြည်မှုကျန်းမာရေးအတွက်တည်ဆောက်ရပြန်တယ်။ Energy ဆိုတာ သက်ရှိတွေအားလုံးရဲ့ဖြစ်တည်မှု အကြောင်းရင်းလို့တောင်ပြောလို့ရတယ်။

အားအင်ပြည့်ဖြိုးတက်ကြွနေရင် အလုပ်တစ်ခုက တစ်နာရီ တည်းနဲ့ ပြီးမြောက်နိုင်ပေမယ့် အားအင်မရှိလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေရင် ၂၄ နာရီလဲ မပြီးဖြစ်နေတတ်တယ်။ ဒါကြောင့် ပညာရှင်တွေက အချိန်ကို စီမံခန့်ခွဲမယ့်အစား အားအင် ကို စီမံခန့်ခွဲပါလို့ပြောတာပေါ့။

E ဆိုတာ Empathy ( ကိုယ်ချင်းစာစိတ်) ကိုပြောတာ။ ကိုယ်ချင်းစာတရားကြီးမားတဲ့သူဆိုတာ မိတ်ဆွေပေါများတော့တာပဲ။ ကိုယ်ချင်းစာစိတ်နဲ့မိတ်ဆွေတွေကို ကူညီတယ်၊ ကိုယ်ချင်းစာစိတ်နဲ့မိတ်ဆွေတွေကို ပြောတယ်။ ကိုယ်ချင်းစာစိတ်ရှိတဲ့သူက ကိုယ်ကျင့်တရား ပါကောင်းလာတယ်။ မဟုတ်တာမလုပ်ဘူး၊ မပြောဘူး။ ယုံကြည်ချက်တစ်ခု ခံယူချက်တစ်ခုနဲ့အသက်ရှင်တယ်။

ဒီ FREE ဆိုတဲ့ အချက် (4)ချက် ကို လက်ကိုင်ထားပြိး တန်ဖိုးကြီးတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့လိုတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု စလုံးကို တန်ဖိုးထားစေချင်တယ်။

တန်ဖိုးကြီးတာတွေ ကို တန်ဖိုးမထားရင်.. တန်ဖိုးမရှိတာတွေ အတွက် တန်ဖိုးကြီးစွာပေးဆပ်ရလေ့ရှိပါတယ် ။

✅၁။ ပျော်ရွင်စွာနေရခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅၂။ ကျန်းမာ နေခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၃။ မိသားစု နှင့်အတူရှိနေခြင်းကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၄။ လွတ်လပ်ခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၅။ မိတ်ဆွေရှိခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

တန်ဖိုး ဆိုတာ မသိ တဲ့ သူတွေအတွက် တန်ဖိုး မရှိပါဘူး။

တန်ဖိုးသိတဲ့သူတွေအတွက်ပဲ တန်ဖိုးဆိုတာ ရှိပါတယ်။

တန်ဖိုးရှိတာသိပြီးရင် တန်ဖိုးကြီးအောင်လုပ်ဖို့ပါပဲ။

ကျွန်တော်လဲ ကြိုးစားနေဆဲပါ။

သင်္ကြန်တွင်းမှာ ကျွန်တော် တန်ဖိုးထားသော အတွေးအခေါ်ကောင်းများကို မျှဝေလိုက်ရပါတယ်ခင်ဗျာ။

အားလုံးပဲ သင်္ကြန်မှာ ပျော်ရွင်ကြပါစေ။ ။

#မာသင်

Related Articles

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ငွေကိုတွေ့ပြီ

ကျွန်တော်တို့တတွေ ရောင်းအားတက်အောင် customer တွေထပ်ရှာရဦးမယ် .. လို့ပြောကြတယ်။ ကိုယ် က customer ကို ရှာတာလား ? Customer က ကိုယ့်ကို ရှာ တာလား ? ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် .. ဆိုပါစို့။ စားသုံးသူတစ်ယောက်က ဆိုင်ကို ရောက်လာတယ်ဆိုရင် ..…

မားကက်တင်း အပိုင်း (၅) ပိုင်း

ခရီးတစ်ခု ထွက်ဖို့ပြင်တယ်။ ဘယ်ဟိုတယ်တည်းရမလဲ .. ဆိုတာ စဉ်းစားရင်းနဲ့ ဖေ့ဘုတ်မှာ ဟိုတယ်တစ်ခုရဲ့ဓာတ်ပုံတွေ့မိလိုက်တယ်။ သူများတွေတင်ထားတာ။ ဓာတ်ပုံတွေက လှမှလှ၊ ရှူခင်းကလဲ ကောင်းမှကောင်း ၊ စဉ်းစားမနေတော့ဘူး အဲဒီဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်ပြီး ဟိုတယ်ကို ဖုန်းဆက်ဘွတ်ကင်ချိတ်လိုက်တယ်။ ဘယ်သူမှ ကိုယ့်ကိုလာရောင်းတာမဟုတ်ဘူး။ ဒါပေမယ့် ဝယ်ဖို့ ၊တည်းဖို့…

တစ်ခုကောင်းနဲ့စပါ

လုပ်ငန်းတစ်ခုအနေနဲ့ ပေါ်ပင် Trend ကိုလိုက်ပြီး လိုက်ရောင်းလိုက်ထုတ်တဲ့အခါ ကိုယ့်ရဲ့ရပ်တည်ချက်ကို မေ့သွားပီး စားသုံးသူဈေးကွက်ကို ထုတ်ကုန်ဗုံးကျဲ တော့တာပဲ။ တစ်ခုခု က တစ်ချိန်ချိန် မှာ ပေါက်နိုးနိုးနဲ့ပေါ့။ အဲဒီမှာ ကိုယ့် ထုတ်ကုန်က ကိုယ့်ရန်သူ ပြန်ဖြစ်တော့တာပဲ။ ကိုယ်မွေးခဲ့တဲ့မျောက်က ကိုယ့်ပြန်ခြောက်ပြီး ရန်သူဖြစ်လာသလိုပေါ့။ ပြီးတော့ ထုတ်ကုန်တွေ…

ဘေးထွက်ထုတ်ကုန်

ထုတ်ကုန်တစ်ခုကို ထုတ်တယ်.. တစ်ခုပဲ ထွက်လာတာမဟုတ်ပဲ အခြားသော ဘေးထွက်ထုတ်ကုန် တွေပါထွက်တယ်။ ဥပမာ ..စပါးကိုကြိတ်ပြီး ဆန်ထွက်လာအောင်လုပ်တယ်.. ဆန်ပဲထွက်လာတာမဟုတ်ပဲ စပါးခွံ့ထွက်တယ်၊ စကွဲ ထွက်တယ်၊ ဖွဲနု ဖွဲကြမ်း ထွက်တယ်။ ဒါတွေကိုဘေးထွက် ထုတ်ကုန်လို့ခေါ်တယ်။ သစ်ခွဲတယ်၊ သစ်ပဲထွက်တာမဟုတ်ဘူး၊ လွစာမှုန့် ဘေးထွက်လာတယ်။ ဖေ့ဘုတ်မှာပိုစ့်တင်ဖို့ရေးတယ်၊ ပိုစ့်တွေဆောင်းပါးတွေပဲ…

Responses

Your email address will not be published. Required fields are marked *