စိုက်ခင်းလား ? သစ်တောလား ?

🪴စိုက်ခင်း
အိမ်မှာ စိုက်ထားတဲ့ စိုက်ခင်း ဆိုတာ ပြုစုမယ့်သူရှိတုန်း ရှင်သန်စိမ်းလန်းနေ ပေမယ့် ပြုစု၊ ပေါင်းသင်မယ့်သူမရှိတော့လို့ ကြာလာရင် ငြိုးနွမ်းပျက်စီး သွားတော့တာပါပဲ။
🌳သစ်တော
သ့စ်တောတစ်တောကတော့ ပြုစုမယ့်သူမရှိပေမယ့် Ecosystem ဆိုတဲ့ဂေဟစနစ်ကြောင့် ကြာလေ ပေါက်လေ၊ ထူထပ် စိမ်းလန်းလေပါပဲ။
ကိုယ့်လုပ်ငန်း ကို ကိုယ်မရှိတာနဲ့ ငြိုးနွမ်းသွားတဲ့ စိုက်ခင်း တစ်ခုလိုဖြစ်မလား .. ဒါမှမဟုတ်
ကိုယ်မရှိပေမယ့် ပုံမှန်လည်ပတ်ပြီး ကြာလေထူထပ်လေ၊ စိမ်းလန်းလေ ဆိုတဲ့ သစ်တော တစ်ခုလိုဖြစ်မလားဆိုတာ …
လုပ်ငန်းကို ⚙️System ဘယ်လောက်ချထားသလဲ ဆိုတဲ့ပေါ်မှာမူတည်တယ်။
ဒီ System (5) ခုတော့ လုပ်ငန်းတိုင်းမှာတည်ဆောက်သင့်တယ်။
1.Marketing System⚙️
2.Trade System⚙️
3.Delivery & Fulfillment System⚙️
4.Financial System⚙️
5.Ecosystem⚙️
မိမိလုပ်ငန်းမှာ တစ်ခုပြီးတစ်ခု တည်ဆောက်ပါ။
Responses