အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။

marthin
businesswoman, start, at the beginning

စီးပွားရေး ဒိုင်ယာရီ ( Dec 10,2018)


အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။
လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။
အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။
ဈေးကွက်မရှိဘူး။
စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့..
စာပေဖြန့်ချိရေးတွေ မရှိဘူး။
စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…
စာအုပ်ဆိုင်မရှိဘူး။
စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့
Amazon ဆိုတာ မရှိဘူး။
ခြုံပြောရရင်….
ဈေးကွက်လဲမရှိသလို၊
ဖြန့်ချိရေးစနစ်လဲ မရှိဘူး။
စာအုပ်ဆိုင်တွေ ဆိုတာ မရှိသလို၊
စာဖတ်ပရိသတ်ဆိုတာလဲ မရှိဘူး။
ဈေးကွက်မှာ အစစအရာရာ အားလုံးပြည့်စုံကောင်းမွန်မှ စာအုပ်ကို ထုတ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ယနေ့စာဖတ်စရာရှိမှာ မဟုတ်ဘူး။
မိုက်ကရိုဆော့ ( microsoft ) ရဲ့ပထမဆုံး ဗားရှင်းကို ပြန်ကြည့်လိုက်။
Google မထွက်ခင်၊ ဈေးကွက်ရဲ့အင်အားကြီး Yahoo နဲ့နှိုင်းယှဉ်လိုက်။
၄ လက်မထူပြီး 5G ပဲ ဆန့်တဲ့ပထမဆုံး Ipod ကို ပြန်ကြည့်လိုက်။
သေတ္တာပုံးတစ်ခုလောက်ကြီးမားပြီးလေးလံတဲ့ပထမဆုံး ဒီဂျစ်တယ်ကင်မရာကို ပြန်ကြည့်လိုက်။
အားလုံးက မပြည့်စုံ၊ အဆင်သင့်မဖြစ်တဲ့ကြားထဲကနေ ထိုးဖောက်ထွက်လာကြတာ။
အရာအားလုံး အဆင်ပြေမှ ထွက်မယ် ဆိုရင် နောက်ကျသွားပြီ။
ကိုယ့်အိမ်မက်တွေကို ပြန်စဉ်းစားကြည့်။
အင်္ဂလိပ်စကားပြောသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်ချင်တာလား။
မင်းဘယ်လောက်တတ်လို့လဲ …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊
တတ်သလောက် သင်နိုင်ရမယ် ဆိုတဲ့ခံယူချက်နဲ့ စ လုပ်ပါ။
စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ချင်တာလား။
ငွေရှိမှ စီးပွားရေးလုပ်ငန်းလုပ်နိုင်မှာပေါ့ …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊
ရှိတဲ့အိုင်ဒီယာ နဲ့ လုပ်နိုင်ရမယ် ဆိုတဲ့ခံယူချက် နဲ့စ လုပ်ပါ။
ကုန်ပစ္စည်းထုတ်လုပ်ချင်တာလား။
မင်း ကုန်ပစ္စည်း ဈေးကွက်မရှိပါဘူးကွာ …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊
ရှိတဲ့ဈေးကွက် ရောင်းမကွာ ဆိုတဲ့ခံယူချက် နဲ့ စရောင်းပါ။
ဖေ့ဘုတ်မှာ ကိုယ်ပိုင် ဘရန်းတစ်ခု၊ အမည်တစ်လုံးကို တည်ဆောက်ချင်တာလား။
မင်း ဖေ့ဘုတ်မှာ ပြောနေတာတွေ ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူးကွာ …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး ၊
နားထောင်တဲ့သူကိုပြောမကွာ ဆိုတဲ့ ခံယူချက် နဲ့ စ ပြောပါ။
နောက်ဆုံး……
မင်း…မဖြစ်နိုင်ပါဘူးကွာ … ဆိုတဲ့သူများပြောတဲ့စကားကို မေ့လိုက်ပြီး၊
ငါ..ဖြစ်အောင် လုပ်ပြမယ်ကွ လို့ …
ယုံကြည်မှုအပြည့် နဲ့… မျက်လုံးစုံမှိတ်
ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို
ရဲရဲကြီး ချလိုက်စမ်းပါဗျာ။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...