အလုပ်ပြီးမြောက်စေသော မန္တာန်

အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေး
ဆွေးနွေး၊သဘောတူ
ခွင့်ပေး၊ စောင့်ကြည့်
မလွဲခင် အထိ
လုပ်ရန် ၆ ခုသာ။”✨
ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ…
တစ်ခုချင်းစီရှင်းပြပါမယ်..
💠အဆင့် (၁)
ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။
ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ သေချာစဉ်းစားပြင်ဆင်ထားရမယ့်အကြောင်းအရာတွေရှိတယ်။
လုပ်ရမယ့်အလုပ်ကဘာတွေလဲ
ချရေးကြည့်ပါ။
ဘယ်အပိုင်းကို တော့လွဲပြီးလုပ်ခိုင်းမယ်။
ဘယ်အပိုင်းကိုတော့ ကိုယ်တိုင်လုပ်မယ်။
ရည်ရွယ်ချက် က ဘာတွေ၊
အဓိက အခက်အခဲက ဘယ်အပိုင်းတွေ၊
ဦးစားပေး ရမယ့်အပိုင်းက ဘယ်အပိုင်း…
… စသည်ဖြင့် စဉ်းစားပြင်ဆင်သတ်မှတ်ပါ။
💠အဆင့် (၂)
လူရွေး ဆိုတာ matching Person ကိုပြောတာ။
ပြင်ဆင်ချမှတ်ထားတဲ့ တာဝန်နဲ့ ကိုက်ညီမယ့် လူကိုရွေးရပါမယ်။
လူမှန်၊တာဝန်မှန် ဟုတ်ရဲ့လား
သူ့ကျွမ်းကျင်မှု နဲ့ပေးထားတဲ့တာဝန်နဲ့ကိုက်ညီရဲ့လားလို့မေးတာ။
လူမှန် နေရာမှန်၊ ကျွမ်းကျင်မှုမှန်၊ တာဝန်မှန် နေဖို့အရေးကြီးတယ်။
မဟုတ်ရင်.. stress ဖြစ်ရော။
💠အဆင့် (၃)
ဆွေးနွေး ဆိုတာ Discussion ကိုပြောတာ။
ခိုင်းလိုက်ပြီ.. သူတို့ အကောင်းဆုံးလုပ်ကြလိမ့်မယ်လို့ မမျှော်လင့်နဲ့။
လုပ်ငန်းရှင်နဲ့ဝန်ထမ်း ကြား သေချာဆွေးနွေးပြီး သဘောပေါက်အောင်ရှင်းပြဖို့လိုတယ်၊ … မဟုတ်ရင် လုပ်ငန်းရှင်က ဘာကို ခိုင်းမှန်းမသိ၊ ဝန်ထမ်းကလဲ ဘာတွေလုပ်မှန်းမသိ နဲ့နားလည်မှုတွေလွဲကုန်ရော။
✨”ခိုင်းတဲ့သူကလဲ သေချာရှင်းလင်း တာဝန်ပေးဖို့လိုသလို၊
တာဝန်ပေးခံရတဲ့သူကလဲ နားလည်သဘောပေါက်ပြီး သဘောတူဖို့လိုတယ်။” ✨
အကောင်းဆုံးကတော့ တစ်ချက်ခြင်းစီကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပြီး ရှင်းပြတာအကောင်းဆုံးပဲ။
💠အဆင့် (၄)
သဘောတူ ဆိုတာ Agreement ကိုပြောတာ။
ကိုယ်တာဝန်ပေးတဲ့ အရာကို ဝန်ထမ်းဘက်က သဘောပေါက်ယုံမက၊ လုပ်မယ်လို့ သဘောတူဖို့လိုတယ်။
ဘယ်အရာကတော့ သူလုပ်နိုင်တဲ့အရာ၊ ဘယ်အရာကတော့ သူမကျွမ်းကျင်တဲ့အရာဖြစ်လို့မလုပ်နိုင်.. စတဲ့ လုပ်နိုင်၊မလုပ်နိုင် ကို နှစ်ဦးသဘောတူ နားလည်မှု လိုပါတယ်။
ဒါမှ ရှင်းလင်းပြတ်သားတဲ့ တာဝန်ပေးမှုတစ်ခုဖြစ်မယ်။
တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိပါမယ်။
💠အဆင့် (၅)
ခွင့်ပေး ဆိုတာ Resource & Power ကိုပြောတာ။
တာဝန်ပေးပြီး၊ လုပ်ပိုင်ခွင့် ကျတော့ မပေးလို့မရဘူး။
✨”တာဝန်တွေတော့ ပေးပါရဲ့၊ လုပ်ပိုင်ခွင့်လဲ ချမပေး၊ ဆုံးဖြတ်ပိုင်ခွင့်ကမရှိ၊ ရပိုင်ခွင့်တွေကလဲ မသိရ ဆိုရင်တော့ ..ဝန်ထမ်းမမြဲဘူး.. ဆိုတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်။”✨
💠အဆင့် (၆)
စောင့်ကြည့် ဆိုတာ Monitoring ကိုပြောတာ။
တာဝန်ပေးလိုက်ရင် ပြီး ပြီးရောလို့ပစ်မထားပဲ လမ်းညွန်ပဲ့ပြင် ပေးဖို့အတွက် စောင့်ကြည့်တာ။ ဒီအရာကို ဝန်ထမ်းက နားလည်ဖို့လိုတယ်။ စောင့်ကြည့်တယ်ဆိုတာ ကလေး လမ်းလျောက်တတ်ကာစ ကို စောင့်ကြည့်သလိုပဲ ဖြစ်ရမယ်။ အမြဲတမ်းလိုက်ထိမ်းပေးစရာမလိုဘူး။ ထိမ်းကိုင်ပေးနေရင်လဲ ကလေး လမ်းလျောက်တတ်လာမှာမဟုတ်ဘူး။ စောင့်ကြည့်ပေးယုံပဲ ။ လဲကျရင် ကူထပေးလိုက်၊ မဟုတ်ရင်တော့ သူ့ဟာသူ လျောက်ပါစေ။
💠ဒီ (၆) ဆင့် ပဲရှိတယ်။ ✔
မှတ်လို့လွယ်အောင် ကဗျာလေးလုပ်ထားပေးတယ်။
အလွတ်ကျက်ထားပြီး ….
ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ် ဆိုတိုင်း ….
ဒီ ကဗျာ ကို မန္တာန် လို့သဘောထားပြီး ရွတ်ဆိုကြည့်လိုက်..
✨(အလုပ်ပြီးမြောက်စေသော မန္တာန် ပေါ့ဗျာ)✨
ရွတ်ရင်း…စဉ်းစားရင်း အလုပ်တစ်ခု ပြီးမြောက်ဖို့.. ဘယ်လိုအကောင်းဆုံး တာဝန်ပေးရမလဲ ဆိုတာ တစ်ဆင့်ခြင်းစီပေါ်လာလိမ့်မယ်။
ဒီ မန္တာန်လေးကို စာရွက်ထုတ်ပြီး ရုံးနံရံမှာ ကပ်ထားလိုက်၊
အစည်းအဝေးလုပ်တိုင်း ဖတ်.. လက်တွေ့အကျိုးများလိမ့်မယ်။ 😁

မာသင်

စီးပွားရေးအကြံပေး

Related Articles

စီးပွားရေးလုပ်ငန်းများအတွက် အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေး ဆွေးနွေး၊သဘောတူ ခွင့်ပေး၊ စောင့်ကြည့် မလွဲခင် အထိ လုပ်ရန် ၆ ခုသာ။” ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ… တစ်ခုချင်းစီရှင်းပြပါမယ်.. အဆင့် (၁) ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။ ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

Responses

Your email address will not be published. Required fields are marked *