အရောင်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းများမေးလေ့ရှိတဲ့ မေးခွန်း အချိုု့ရှိပါတယ်။

marthin
question, who, how

အရောင်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းများမေးလေ့ရှိတဲ့ မေးခွန်း အချိုု့ရှိပါတယ်။

  • အရောင်းတွေ တိုးတက်လာအောင် အရောင်းသမား ထပ်တိုးခန့်ထားရမလား ?
  • လက်ရှိမှာ ခန့်ထားတဲ့ အရောင်းသမားအရေအတွက် များနေပြီလား၊ နည်းနေသေးလား ?
  • အရောင်းဝန်ထမ်းတွေရဲ့လုပ်အားကို ဘယ်လိုတိုင်းတာတွေနဲ့နှိုင်းယှဉ်မလဲ ?
    စတဲ့မေးခွန်းတွေပဲ ဖြစ်ပါတယ်။

RPS ဆိုတဲ့ဂဏန်းတစ်လုံး

အထက်ပါ မေးခွန်းတွေရဲ့အဖြေက RPS လို့ခေါ်တဲ့ လုပ်ငန်းတွင်းတိုင်းတာရတဲ့ နံပါတ်လေး တစ်လုံးမှာ မူတည်နေပါတယ်။
RPS ဆိုတာ Revenue Per Sale-man ရဲ့အတိုကောက်ပါ။
အရောင်းသမားတစ်ဦးချင်းစီရဲ့ဝင်ငွေရှာနိုင်တဲ့ ပမာဏကို တွက်ချက်ခြင်းပဲဖြစ်ပါတယ်။ ဒီနံပါတ်ကို သိတာနဲ့ အထက်ပါ မေးခွန်းတွေရဲ့အဖြေကို သိပါမယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဒီနံပါတ်ကို တွက်ကြည့်ပြီး သိပြီဆိုရင် အထက်ပါမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ဖြေနိုင်ပါလိမ့်မယ်။
RPS ကို ဘယ်လိုတွက်သလဲ ဆိုရင် ……
RPS = Revenue from Sale / number of Sale force
Revenue from sale ( အရောင်းသီးသန့်ဝင်ငွေ ) ကို ပိုင်းဝေမှာ တည်ပြီး Number of Sale force ( အရောင်းဝန်ထမ်းဦးရေ) နဲ့စားခြင်းပဲဖြစ်ပါတယ်။
ရလာတဲ့ အဖြေသည်…… အရောင်းဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ပျမ်းမျှရှာပေးတဲ့ဝင်ငွေဖြစ်ပါတယ်။
ထူးခြားချက်က… ပျှမ်းမျှဖြစ်ပါတယ်။ ( တစ်ဦးချင်းအတိအကျမဟုတ်ပါ)
ရည်ရွယ်ချက်က နှိုင်းယှဉ်အကျိုးကို လိုချင်လို ပျှမ်းမျှကို ရှာရခြင်းဖြစ်ပါတယ်။

နည်းလမ်း (၂) သွယ်

ရလာတဲ့ RPS နံပါတ်ကို နည်းလမ်း (၂) ခု အသုံးချနိုင်ပါတယ်။
(၁) ကိုယ်နဲ့လုပ်ငန်းတူ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့RPS နဲ့နှိုင်းယှဉ်နိုင်ပါတယ်။
(ဥပမာ…လုပ်ငန်းတူ စီးပွားရေး တစ်ခုက RPS က များနေတယ် ဆိုပါတော့ ..လုပ်ငန်းလဲတူတယ်၊ လုပ်ရတာချင်းလဲတူရဲ့သားနဲ့ ကိုယ့် RPS က ဘာလို့နည်းနေရတာလဲ ဆိုတဲ့မေးခွန်းကို မေးရမှာဖြစ်ပါတယ်။)
(၂) ကိုယ့်လုပ်ငန်းရဲ့အတိတ်က RPS နဲ့နှိုင်းယှဉ်နိုင်ပါတယ်။
(ဥပမာ..အရင်က ဝန်ထမ်းတစ်ဦးကို သိန်း၁၀၀ လောက်ရှာပေးတယ်၊ အခု ဘာဖြစ်လို့၅၀ ပဲ ရှာနိုင်ရတော့တာလဲ ဆိုတဲ့စီစစ်တဲ့ မေးခွန်းကို မေးရမှာဖြစ်ပါတယ်။)

အားသာချက်

ဒီနံပါတ်ရဲ့အားသာချက်က ….
တွက်ရတာ လွယ်ကူပြီး၊ လုပ်ငန်းတစ်ခုရဲ့အရောင်းဝန်ထမ်းတွေရဲ့Productive ဖြစ်မှုကို အလွယ်တကူ တိုင်းတာနိုင်တဲ့ Productive KPI တစ်ခုဖြစ်တဲ့အတွက် လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ နံပါတ် တစ်ခု ဖြစ်ပါကြောင်း ….မျှဝေတင်ပြလိုက်ရပါတယ်။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...