အဏုဇီဝပိုးမွားများကို ရှာဖွေတွေ့ရှိခြင်း

marthin
open book, library, education

အဏုဇီဝပိုးမွားများကို ရှာဖွေတွေ့ရှိခြင်း

=====================

လူသားများသည် အဏုဇီဝပိုးမွားများ၏ ကမ္ဘာကို ရှာဖွေတွေ့ရှိသည်မှာ မကြာသေးပေ။

1674 ခုနှစ်တွင် (ဆရာဝန်တစ်ဦးမဟုတ်ပဲ )ကုန်သည်တစ်ဦးဖြစ်သူ Antoni Leewenuhoek က အိမ်တွင်းဖြစ်မှန်ဘီလူးဖြင့် ရေတစ်စက်ကို ကြည့်ရာမှာ အဏုဇီဝပိုးတို့၏ ကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်သည် အတိအကျအားဖြင့် နှစ်ပေါင်း 346 နှစ်သာရှိသေးသည်။

ပြီးခဲ့သည့် နှစ်၅၀၀ အတွင်းတိုးတက်မှုများသည် အံ့မခန်းဖြစ်သည်။

===============================

ကမ္ဘာ့လူဦးရေသည် ၁၅၀၈ တွင် ၅၀၀ မီလီယံသာ ရှိသော်လည်း ယနေ့တွင် ၈,၀၀၀ မီလီယံနီးပါး ရှိလာသည်။

နှစ် ၅၀၀ အတွင်း ၁၆ ဆလောက်တိုးပွားလာခြင်းဖြစ်သည်။

တိုးပွားလာသည့် ပုံစံမှာလဲ တဖြည်းဖြည်းတိုးပွားလာခြင်းမဟုတ်၊

၁၉၀၀ ခုနှစ် နှင့် ၂၀၀၀ ခုနှစ်အတွင်း အများဆုံးမြင့်တက်လာခြင်းဖြစ်သည်။

လူဦးရေတိုးတက်လာပုံကို နှစ်၁၀၀ ခြင်းစီ တဆင့်ခြင်း ပြရသော်….

========================

၁၅၀၀ ခုနှစ်တွင် လူဦးရေသည် ၅၀၀ မီလီယံသာရှိသော်လည်း

၁၇၀၀ ခုနှစ်တွင် ၇၀၀ မီလီယံ ဖြစ်သွားသည်။

၁၈၀၀ ခုနှစ်တွင် ၉၅၀ မီလီယံ ဖြစ်လာသည်။

၁၉၀၀ ခုနှစ်တွင် ၁.၆ ဘီလီယံဖြစ်လာပြီး ၂ ဆဖြစ်သွားသည်။

၂၀၀၀ ခုနှစ်တွင် ၆ ဘီလီယံရှိပြီး ၄ ဆမျှခုန်တက်သွားပြီး အဆမတန်များပြားလာသည်။

၂၀၂၀ ယနေ့ခေတ်တွင် ၈ ဘီလီယံနီးပါးမျှရှိလေသည်။

ကုန်စည်၊ထုတ်လုပ်မှုပမာဏ နှင့် စားသုံးမှု

=================

လူဦးရေသည်သာမဟုတ်ကုန်စည်၊ဝန်ဆောင်မှုများ၏ ထုတ်လုပ်မှု တန်ဖိုးသည်လဲ အဆမတန် မြင့်တက်လာခဲ့သည်။

၁၅၀၀ ခုနှစ်တွင် ကုန်စည်ဝန်ဆောင်မှုစုစုပေါင်းတန်ဖိုးမှာ ၁၅၀ ဘီလီယံရှိခဲ့ပြီး ယနေ့တွင် ၆၀ ထရီလီယံကျော်ဖြစ်လာသည်။

၁၅၀၀ ခုနှစ်တွင် လူသားများ၏ စားသုံးမှုသည် ကယ်လိုရီအားဖြင့် ၁၅ ထရီလီယံ ကယ်လိုရီ ရှိခဲ့ပြီး ယနေ့ခေတ်တွင် ၁၅၀၀ ထရီလီယံ ကယ်လိုရီ ထိဖြစ်လာလေသည်။

ချုပ်ရသော် နှစ်ပေါင်း ၅၀၀ အတွင်း …..

=================

လူဦးရေသည် ၁၆ ဆ မြင့်တက်ခဲ့ပြီး

ကုန်ထုတ်လုပ်မှု ပမာဏသည် ၂၄၀ ဆ ရှိသည်။

စုစုပေါင်းစားသုံးမှုပမာဏသည် ၁၁၅ ဆ ကျော်မြင့်တက်လာခဲ့သည်။

နှစ် ၅၀၀ အတွင်း ပြောင်းလဲမှု

=======

ကိုလံဘတ်ခေတ်က နီနာ၊ပင်တာ၊ ဆန်တာမာရီယာ ဆိုသည့် သဘောၤကြီး ၃ စီးကို ယနေ့ခေတ် စစ်သဘောၤတစ်စီးက စက္ကန့်ပိုင်းအတွင်း ဖောက်ခွဲနှစ်မြုပ်နိုင်သည်။

၁၅၀၀ ခုနှစ်က တိုင်းပြည်များ၏ မည်သည့် ရေတပ်ထပ်မဆို ဒီနေ့ခေတ်စစ်သဘောၤတစ်စီး၏ အဖျက်စွမ်းအားပိုကြီးမားသည်။

ယနေ့ခေတ် ကုန်တင်သဘောၤ ၅ စင်း က ၁၅၀၀ ခေတ်က လှေများအားလုံး ၏ ကုန်စည်ပမာဏ အားလုံးကို သယ်ဆောင်နိုင်စွမ်းရှိသည်။

ထိုခေတ်က စာပေ၊ စာအုပ်များ၊ စာကြည့်တိုက်များအားလုံးကို ယနေ့ခေတ်ကွန်ပျူတာ တစ်လုံးက သိမ်းဆည်းနိုင်စွမ်း ရှိလေသည်။

ထိုခေတ်က နိုင်ငံအားလုံး၏ စုပေါင်းဘဏ္ဍများအားလုံးထက် ယနေ့ခေတ် ဘဏ်ကြီးတစ်ဘဏ်တွင်ရှိသော ငွေကြေးက ပိုများလေသည်။

၁၆ ရာစု အထိ ကမ္ဘာတစ်ပတ် ပတ်နိုင်သောသူဟူ၍ မရှိခဲ့ပေ။

၁၅၂၂ ခုနှစ်ရောက်မှ ကပ္ပတိန် Ferdinand Magellan နှင့် အဖွဲ့သားများသည် မိုင်ပေါင်း ၇၂,၀၀၀ ကျော်ကို ရွက်လွင့်ခဲ့ကြပြီး နောက်ဆုံးတွင် စပိန်သို့ပြန်လည်ရောက်ရှိပြီး ကမ္ဘာတစ်ပတ်ပြည့်ခဲ့သည်။

ကာလအားဖြင့် ၃ နှစ်ကြာရွက်လွင့်ခဲ့ရပြီး ထူးဆန်းစွာပင် ကပ္ပတိန်နှင့်သဘောၤသားအားလုံးလိုလို သေဆုံးသွားကြသည်။

၁၈၇၃ တွင် ဗြိတိသျှလူမျိုး Fhileas Fogg ၏ စွန့်စားခန်းဖြစ်သည့် around the world in 80 days ကမ္ဘာတစ်ပတ် ရက် ၈၀ ဆိုသည့်စာအုပ်မှာ လူသိများခဲ့သော်လည်း၊ ယနေ့ခေတ်တွင် ကြီးမားသော စွန့်စားခန်းမဟုတ်တော့သည့်အပြင်၊ လေယဉ်လက်မှတ်ဝယ်နိုင်သော ငွေကြေးအသင့်အတင့်ရှိပြီး၊ ကျန်းမာရေးအသင့်အတင့် ကောင်းသော မည်သူမဆို ၄၈ နာရီအတွင်း ကမ္ဘာတစ်ပတ် ပတ်နိုင်ပြီဖြစ်လေသည်။

ကျွနု်ပ်တို့နှင့် ကောင်းကင်ဘုံအယူဝါဒ

=============

၁၅၀၀ ခုနှစ် အစောပိုင်း ကာလအထိ ကောင်းကင်ဆိုသည်မှာ နတ်ဒေဝါများ၊ ဌက်များ နေထိုင်ရာဖြစ်သည်။ လူသားတို့နှင့်မအပ်စပ် ဟု ယုံကြည်ထားကြသည်။

၁၉၆၉ ဇူလိုင် ၂၀ တွင် လူသားသို့ သည် ကောင်းကင်သာမက လကမ္ဘာသို့ခြေချနိုင်ခဲ့ကြသည်။

နှစ်ပေါင်း သန်း ၄၀၀၀ ဆိုသည်မှာ နည်းသည့်ကာလမဟုတ်ပေ။ နှစ်ပေါင်း သန်း ၄၀၀၀ အတွင်း လူသားများသည် ကမ္ဘာမြေအပြင်သို့သွားရောက်နိုင်ခဲ့ခြင်းမရှိပေ။ ကမ္ဘာမြေအပြင်ဘက်သာမက၊ အာကာသ တွင်းသို့၊ပြီးနောက် လကမ္ဘာထိခြေချနိုင်ခဲ့ခြင်းက လူသားများ၏ အတွေးအခေါ်နှင့် ယုံကြည်မှုများကို တဆင့်တိုးတက်ပြောင်းလဲစေခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သော ၁၅၀၀ ခုနှစ်နောက်ပိုင်း ပြောင်းလဲမှုများနှင့်အတူ လူဘောင်အဖွဲ့အစည်း၏ အတွေးအခေါ်များလဲ ပြောင်းလဲလာကြသည်။

ကိုယ်စွမ်းကိုယ်စ အပေါ်ယုံကြည်မှုရှိလာကြသည်။

ထိုခေတ်မတိုင်မှီက လူအဖွဲ့အစည်းသည် ကိုယ်စွမ်းကိုယ်စ ကို မယုံကြည်ကြပေ။

စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ တစ်စ ထက် တစ်စ လူတို့သည် မိမိတို့အစွမ်းအစကို ယုံကြည်လာကြပြီး ထိုယုံကြည်မှုနှင့် အတူ ဈေးကွက်စီးပွားရေးစနစ်၏ အားဖြည့်မှုဖြင့် ၂၁ ရာစု အတွေးအခေါ်ဒဿနများဖြစ်သည့် တကိုယ်ရည်လွတ်လပ်ခွင့်၊ မိမိကိုယ်ကိုယ် အားကိုးခြင်း၊ ကိုယ်စွမ်းကိုယ်စ စသည့် အတွေးအခေါ်များသည် မိသားစုဘဝ၊ အသိုင်းအဝိုင်းဝန်းကျင် နှင့် နေ့စဉ်ဘဝနေထိုင်မှုပုံစံများကို ပြောင်းလဲစေခဲ့လေသည်။

ဆက်ရန် ….

#မာသင်

April 8,2020

စာဖတ်ရင်း တွေးမိတွေးရာ ရေးသည်။

ကျမ်းကိုး

Sapiens ( A Brief History of Humankind) by Yuval Noah Harari

(လွတ်လပ်စွာ ရှယ်နိုင်ပါတယ်)

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...