သင့် လုပ်ငန်းရဲ့ ဆောင်ပုဒ် က ဘာလဲ ?

လုပ်ငန်းတိုင်းမှာ ကိုယ်ယုံကြည်ရာ ကို လက်ကိုင်ပြုဖို့ဆောင်ပုဒ် ရှိလေ့ရှိပါတယ်။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လက်ခံကျင့်သုံးနေတဲ့ ဒဿန တစ်ခုလို့လဲ ဆိုနိုင်ပါတယ်။
ထူးခြားစွာအောင်မြင်နေတဲ့လုပ်ငန်းများရဲ့နောက်ကွယ်မှာ ယုံကြည်ရာ ဒဿန ကို ဖော်ညွန်းတဲ့ ဆောင်ပုဒ် ကိုယ်စီ ရှိကြပါတယ်။ အဲဒီ ဒဿန ဆိုတာကလဲ လုပ်ငန်းရှင် နဲ့ လုပ်ငန်းကို တွန်းအားပေးတဲ့ အရာဖြစ်ပြီး ၊ ဝန်ထမ်းတွေအားလုံးကို သဘောထားတစ်ခုတည်းဖြစ်စေပြီး စည်းလုံးစေတဲ့အရာလဲဖြစ်ပါတယ်။
ဥပမာ..
Nike ဖိနပ်ကုမ္မဏီ ရဲ့ “Just do it”
Apple အိုင်ဖုန်းကုမ္မဏီ ရဲ့ “Think different”
L’Oréal Paris အလှကုန် ရဲ့ “Because You’re Worth It.”
California Milk ကုမ္မဏီရဲ့ “Got Milk?”
BMW ကားကုမ္မဏီရဲ့ “Designed for Driving Pleasure.”
Tesco ကုမ္မဏီရဲ့ “Every Little Helps”
Audi ကားကုမ္မဏီရဲ့ “Advancement Through Technology”
McDonald’s ကုမ္မဏီရဲ့ “I’m Lovin’ It”
Maybelline အလှကုန်ရဲ့”Maybe she’s born with it. Maybe it’s Maybelline.”
စာတစ်ကြောင်းတည်းဆိုပေမယ့် .. ဒဿန တစ်ခု ကို ကိုယ်စားပြုပါတယ်။
လုပ်ငန်း နဲ့ ဝန်ထမ်းတွေကြား၊
ဝန်ထမ်းနဲ့ စားသုံးသူ ဈေးကွက်ကြား၊
နားလည်မှုကို ပေါင်းကူးပေးတဲ့ အစွမ်းထက်တဲ့ ဆောင်ပုဒ် စာတစ်ကြောင်း ဖြစ်ပါတယ်။
သင့် လုပ်ငန်းရဲ့ ဆောင်ပုဒ် က ဘာလဲ ?
Responses