သင့် လုပ်ငန်းကြီးထွား ဖောက်သည်များ များရစေဖို့အိုင်ဒီယာ (၁၀) ခု

marthin

သင့် လုပ်ငန်းကြီးထွား ဖောက်သည်များ များရစေဖို့အိုင်ဒီယာ (၁၀) ခု

******************

⭐၁။ membership program တစ်ခုပြုလုပ်ပါ။

*******************

လက်ရှိဈေးကွက်ဆိုတာ အရင်ကလို တစ်စုတည်းမဟုတ်တော့ပါဘူး။

ကိုယ်ယုံကြည်ရာ၊ ကိုယ်စိတ်ဝင်စားရာအလိုက် ဆိုင်ရာ ဆိုင်ရာ group ငယ်လေးတွေနဲ့ပေါင်းစပ်ထားတဲ့ အုပ်ပေါင်းစု ကြီးဖြစ်လာနေပါတယ်။

ကိုယ်လုပ်တဲ့လုပ်ငန်း၊ ဝန်ဆောင်မှု နဲ့ ပတ်ပတ်ပြီး ကိုယ်ယုံကြည်သလို ယုံကြည်တဲ့လူတွေနဲ့ပေါင်းစုပြီး ဖွဲ့ထားတဲ့ membership အဖွဲ့Group တစ်ခုထောင်ပါ။

ပြီးရင် …. ဦးဆောင်ပါ။

ဆွေးနွေးမှုတွေကို ဦးဆောင်ပါ။

လှုပ်ရှားမှုတွေကို ဦးဆောင်ပါ။

ပရဟိတတွေကို ဦးဆောင်ပါ။

ကိုယ့် customer တွေအတွက်…. ကိုယ့်လုပ်ငန်းအတွက် ဦးဆောင်ပါ။

⭐၂။ ဖေ့ဘုတ် page တစ်ခု ထောင်ပါ။

**********************

လုပ်ငန်းတိုင်းက page တစ်ခုလောက်ရှိသင့်ပါတယ်။

page မှာ အားသာချက်တွေအများကြီးရှိပါတယ်။

အဓိကအားဖြင့် လူပေါင်းများစွာကို ခဏတာအတွင်းမှာ ထိတွေ့ဆက်သွယ်နိုင်ပါတယ်။

ဒါဟာလုပ်ငန်းမှာ အရေးကြီးဆုံးအချက်ပဲမဟုတ်လား။

အပြင်မှာ ဖွင့်ထားတဲ့ကိုယ့်ဆိုင်မှာ တနေ့မှ လူတစ်ထောင်လောက်လာဖို့၊ ထိတွေ့ဆက်သွယ်နိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပေမယ့် page ဆိုတဲ့အရာက ဒီလိုအဆင့်အရောက်ဖို့အချိန်အတိုင်းအတာ တစ်ခုအတွင်းဖြစ်နိုင်ပါတယ်။

⭐၃။ Content Marketing လုပ်ပါ။

*************************

Content ဆိုတာ အကြောင်းအရာပါ။

လူတိုင်းမှာ ပြောပြစရာအကြောင်းအရာ (Content) တစ်ခုမဟုတ်၊တစ်ခု ရှိကြပါတယ်။

ကားအကြောင်းပြောမှာလား။

စားစရာအကြောင်းပြောမှာလား။

ဖက်ရှင်ဒီဇိုင်းအကြောင်းပြောမှာလား။

ကိုယ့်ကြည့်ဖူးတဲ့ ဇာတ်ကားကောင်းတွေအကြောင်းပြောမှာလား။

စိုက်ပျိုးရေးအကြောင်းပြောမှာလား။

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်လေ။

ကိုယ့်လုပ်ငန်းအကြောင်းလာမေးကြည့်၊ တနေကုန်ထိုင်ပြောနေလို့ရတယ်.. ဟုတ်တယ်မလား။

ဒါပေမယ့် .…လုပ်ငန်းတော်တော်များများက လာမေးတဲ့အထိထိုင်စောင့်နေတယ်။

လာမေးတဲ့ထိထိုင်စောင့်မနေနဲ့။

အသက်ကြီးသွားမယ်။ လုပ်ငန်းပြုတ်သွားမယ်။

ပြောစရာရှိတာပြော.. .. ထွက်ပြော၊ ရပ်ပြော၊ အုပ်စုဖွဲ့ပြော၊ ဗွီဒီယိုရိုက်ပြော၊ စာရေးပြော၊ အသံသွင်းပြော၊ သီချင်းဆိုပြော၊ သံချပ်လုပ်ပြော၊ ဟစ်ဟော့လုပ်ပြော၊ စင်ပေါ်တက်ပြော၊ဖုန်းဆက်ပြော၊ Live လွင့်ပြော၊ Zoom လုပ်ပြော… အို.. ပြောနည်းကားအစုံပါပဲ။ အရင်ခေတ်မှာမရှိတာကော၊ ရှိတာကော….

အရေးကြီးတာ ..စီးပွားရေးလုပ်ပြီဆိုရင် …. အစုံသာပြောဗျာ။

ကိုယ်မပြောတတ်ရင် … လူဌားပြော။

မပြောတတ်ရင် စီးပွားရေးလုပ်လို့မရဘူး။

⭐၄။ Affiliate Marketing လုပ်ပါ။

*************************

Affiliate ဆိုတာ ဘော်ဒါကြေးပေးတာကိုပြောဒါ။

မားကက်တင်းပညာရပ်တစ်ခုအနေနဲ့ကိုရှိနေတာ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ကြာနေပြီ။ ရော့ . … ဘော်ဒါကြေးဆိုပြီး တစ်မျိုး ။ ရော့ .. ပွဲခ ဆိုပြီတစ်ဖုံ။

ရော့ .. ကော်မရှင်ကြေးဆိုပြီး တစ်ခု။ တစ်ခါတစ်လေ.. .ကြံဖန်ပြီး .. ရော့ .. လက်ဖက်ရည်ဖိုး ဆိုပြီးပေးတာ။ ကိုယ့်လုပ်ငန်းကို ကူပြီးရောင်းပေးလို့လေ။ ကိုယ့်ကို ကူပြီး customer ရှာပေးတာဆိုတော့ …. သေချာလုပ်တတ်ရင် အရောင်းဝန်ထမ်းတစ်ထောင်လောက် ခန့်ထားသလိုပဲမဟုတ်လား။

⭐၅။ အာမခံပေးပါ။

*******************

အာမခံဆိုတာ Guarantee ကိုပြောတာ။

စိတ်ချ.. သုံးလို့ အဆင်မပြေရင် ငွေပြန်အမ်းပေးမယ်။ အာမခံပါတယ်။

စိတ်ချ .. အကျိုးမရှိရင် ငွေပြန်အမ်းပေးမယ်။ အာမခံပါတယ်။

စိတ်ချ.. အရသာမရှိဘူးဆိုရင် ငွေပြန်အမ်းပေးမယ်။ အာမခံပါတယ်။

တကယ်အာမခံသလို လုပ်ရင် တကယ် စိတ်ချ ရပါတယ်။

အမှန်တော့.. ကိုယ့် ပစ္စည်းရဲ့အရည်သွေးကို ကိုယ်ယုံရင် … လုပ်နိုင်ရမယ်မဟုတ်လား။

အင်း .. ကိုမာသင်ရယ်… . ယုံတော့ယုံတယ်ဗျာ.…မလုပ်နိုင်သေးဘူးဆိုရင် … ကိုယ်ရောင်းမယ့် ပစ္စည်းကိုယ်ပြန်ကြည့်၊

ကိုယ်တောင် သုံးချင်ရဲ့လားဗျာ… လို့။

⭐၆။ Freemium နည်းသုံးပါ။

*********************

Free နဲ့Premium ကို ပေါင်းထားတာပါ။

အင်မတန်မှ လုပ်ငန်းကို အလျင်အမြန် တိုးတက်စေတဲ့နည်းတစ်ခုပါ။

(အရှည်တော့မပြောတော့ဘူးဗျာ။ မားကက်တင်းအိုင်ဒီယာ (၃၀) သင်တန်းလာတက်လဲ့။ 😁 တကယ်ပါ။)

လုပ်ငန်းရဲ့ဝန်ဆောင်မှုကို အခမဲ့ဆိုတဲ့အပိုင်းနဲ့ ပရီမီယံဆိုတဲ့အပိုင်း နှစ်ပိုင်းခွဲထားတယ်။

ဥပမာ Dropbox ဆိုတဲ့ နည်းပညာကုမ္မဏီက သူ့ ရဲ့ဝန်ဆောင်မှုကို အစပထမမှာစမ်းသုံးခွင့်နဲ့အခွင့်အရေးအချို့ကို အခမဲ့ ပေးထားတယ်။ အချို့ဝန်ဆောင်မှုတွေကို လိုချင်ရင်တော့ အခကြေးငွေနဲ့ပရီမီယံဝယ်ပြီးသုံးပေါ့။

ဒါကလဲ တရားမျှတတယ်။ စမ်းသုံးပြီးမှ ကြိုက်မှဝယ်ပေါ့။

စားသုံးသူအတွက်လဲကောင်းတယ်။ လုပ်ငန်းအတွက်လဲကောင်းတယ်။

လုပ်ပုံလုပ်နည်းတော့ လိုတယ်။ မလုပ်တတ်ရင် .. ဂွင်ရိုက်တယ်၊ မျှားတယ်ပေါ့။ ဒီလိုထင်တတ်တယ်။

အမှန်တော့ .. စားသုံးသူအတွက်ရော၊ လုပ်ငန်းအတွက်ပါ အင်မတန်မှ မျှတတဲ့ မားကက်တင်းတစ်ခုပါ။

⭐၇။ ပစ္စည်းလက်ဆောင်ပေးပို့ပါ။

*************************

ဟင်.. ဘယ်လို ပစ္စည်းလက်ဆောင်တုန်း.. ဆိုရင် .. မသိဘူး ကိုယ်ပေးနိုင်တဲ့အရာပေါ့။

အရာဝတ္ထုပစ္စည်းဖြစ်ရင်ပြီးတာပါပဲ။

ခုခေတ်မှာ မွေးနေ့ဆိုရင် လိုင်းပေါ်ကနေ မက်ဆေ့လေးတစ်စောင်လောက် Happy birthday ဆိုပြီးရေးလိုက်ရင် ပြီးပြီ ဆိုတဲ့ခေတ်မှာ ကိုယ့် စားသုံးသူဖောက်သည်တွေကို တကယ်အလေးထားရင် ထိတွေ့ကိုင်တွယ်လို့ရတဲ့ ကဒ်ပြားလေးတစ်ခုလောက်ဖြစ်ဖြစ် ပို့ပေးကြည့် ။ ခင်ဗျားလုပ်ငန်းကို သေချာမှတ်မိသွားပြီလို့ တွက်ထားလိုက်ပေတော့။

ဘာဖြစ်လို့လဲ ဆိုတော့ .. ပို့ပေးတဲ့သူက ခင်ဗျားတစ်ယောက်တည်းပဲရှိလို့လေ။ 😂

⭐၈။ အရောင်းကောင်းဆုံးပစ္စည်းကို ချပြပါ။

*********************

ကုန်ပစ္စည်းရောင်းတာဆိုရင် အရောင်းကောင်းဆုံးပစ္စည်းပေါ့။

ဝန်ဆောင်မှုဆိုရင် အရောင်းကောင်းဆုံး အပိုင်းပေါ့။

ဆိုင်ဆိုရင် အရောင်းကောင်းဆုံး အချိန်ပေါ့။

ခန်းမဆိုရင် မင်္ဂလာဆောင်တဲ့အချိန်ပေါ့။

လက်ဖက်ရည်ဆိုင်ဆိုရင် လူအစည်ကားဆုံးအချိန်ပေါ့။

လူဆိုတာ အများရှိရာ အနည်းလာတတ်တယ်လေ။

စားသုံးသူဆိုတာလဲ လူပဲဆိုတာ မမေ့နဲ့။

⭐၉။အဆစ်ထဲ့ပေးပါ။

********************

ရောင်းကောင်းတဲ့ ဆိုင်တွေကို လေ့လာကြည့်၊ စားသုံးသူမျှော်လင့်တာထက် ပိုပေး အဆစ်ထဲ့ပေးကြတယ်။

ရောင်းကောင်းတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလေ့လာကြည့်၊ စားသုံးသူမျှော်လင့်တာထက် ပိုလုပ်ပေးတတ်ကြတယ်။

တည်းခိုသူများတဲ့ ဟိုတယ် တွေကိုကြည့်၊ တည်းခိုသူမျှော်လင့်တာထက် ပိုဝန်ဆောင်တတ်ကြတယ်။

အဆစ်ပေးတယ်ဆိုတာ ကိုယ့်ဆီမှာ ပေါနေလို့မဟုတ်ဘူး။

မားကက်တင်း စားရိတ်အကုန်ခံပြီးပေးတာ။

ကုန်ရင် ကုန်တယ်လို့မမှတ်နဲ့။ မားကက်တင်းလို့မှတ်။

⭐၁၀။ မကြော်ငြာနဲ့ပျံ့နှံ့စေပါ။

**************************

ပြောရမှာတော့ အရှည်ကြီးပဲ။ အခုတောင် စာအတော်ရှည်နေပြီ။

ဒီထိတောင် ဖတ်လာတယ်ဆိုတော့ တော်တော် စိတ်ဝင်စားလို့ပဲ။

ကျွန်တော့် မားကက်တင်း အိုင်ဒီယာ (၃၀) သင်တန်း လာတတ်ဗျာ။

လုပ်ငန်းအတွက် အကျိုးမရှိဘူးဆိုရင် ငွေပြန်အမ်းပေးလိုက်မယ်။ 😁😁😁

မကြေငြာနဲ့ ပျံ့နှံ့စေပါ ဆိုတာ ..ဒီလိုဗျ။

ကြော်ငြာတယ်ဆိုတာ ဌက်အုပ်ကြီးထဲကို လေးဂွနဲ့ပစ်လိုက်သလိုပဲ တစ်ကောင်မဟုတ်တစ်ကောင်တော့ထိမှာပါလေ ဆိုတဲ့ မျှော်လင်ချက်နဲ့ပစ်သွင်းလိုက်တာ။

ပျံ့နှံ့စေပါ ဆိုတာ က အခုဖြစ်နေတဲ့ COVID လိုပဲ၊ အကြောင်းအရာ၊အိုင်ဒီယာတစ်ခုကို တစ်ဦးကနေ တစ်ဦးကို ပျံ့နှံ့စေတာ။

ဘယ်အရာက တားဆီးရခက်ပြီး၊

ဘယ်အရာက ပိုထိရောက်သလဲဆိုရင် အခုချိန်ထိ ကျွန်တော် အိမ်ထဲမှာ နေ၊ ဘယ်မှမသွားရပဲ .. ဒီစာရေးနေတာက သက်သေပဲလေ။

ဒီစာရေးနေတာကိုက ..ပျံ့နှံ့ခြင်းရဲ့အစွမ်းကြောင့်ပဲ။

အဲဒီ အစွမ်းကြောင့်ပဲ မိတ်ဆွေလဲ ဒီစာကို ဖတ်နေတာ မဟုတ်လား။

မဟုတ်ရင် … စာဖတ်ဖို့အချိန်တောင်မရှိလောက်ဘူး..ဟုတ်တယ်ဟုတ်။ ။

မလိမ်နဲ့ ။ သိဒယ်။ ပြုံးနေလို့။ ။ 😊

# မာသင်

ဖန်တီးမျှဝေခြင်းကို စိတ်ဝင်စားသူများသို့..

✔ ကိုယ်စိတ်အားထက်သန်တဲ့ အရာတွေကို မျှဝေပါ။ကိုယ်မျှဝေတာကို စိတ်အားထက်သန်တဲ့သူတွေရောက်လာလိမ့်မယ်။ ✔ ကိုယ်ဝါသနာပါတဲ့အကြောင်းအရာတွေကို ပြောပြလိုက်ပါ။ကိုယ်ပြောပြတာတွေကိုဝါသနာပါတဲ့သူတွေရောက်လာလိမ့်မယ်။ ✔ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်တွေကို လုပ်ပြလိုက်ပါ။ကိုယ်လုပ်တာတွေကို...

ကြီးကြီး၊ သေးသေး၊ လုပ်ငန်းတိုင်းအတွက် အချက် (၃) ချက်

ဘယ်လိုစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ကြီးကြီး သေးသေး လုပ်တော့မယ်ဆိုရင် အောက်ပါ (၃) ချက်စလုံးလုပ်ပါ။ Make itSell itBrand it ☑️Make it ဆိုတာ ရောင်းမယ့် ကုန်ပစ္စည်း ကို ဖန်တီးထုတ်လုပ်တာ။ထုတ်ကုန်ပစ္စည်း ဖြစ်စေ၊ဝန်ဆောင်မှုတစ်ခုကို ဖြစ်စေ ထုတ်လုပ်ဖန်တီးမှု ပေါ့။...

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...

ချမ်းသာဖို့ဆုတောင်း

ချမ်းသာဖို့ဆုတောင်း တစ်နေ့ကြီးပွားချမ်းသာချင်တဲ့လူငယ်လေးတစ်ယောက်က တောင်ကုန်းလေးတစ်ခု ပေါ်ကိုတက်သွားပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်။လူငယ်။ ။ " သခင် …နှစ်ပေါင်း တစ်သန်း က ကိုယ်တော် အချိန်နဲ့ဆိုရင် ဘယ်လောက်နဲ့ညီမျှပါသလဲ"ကိုယ်တော် ။ ။ "တစ်မိနစ်"လူငယ်။ ။ " သခင် …...

မေးခွန်းလေး တစ်ခုလောက်ရင်ထဲမှာရှိတဲ့အတိုင်းဖြေကြည့်ပါ။

မေးခွန်းလေး တစ်ခုလောက်ရင်ထဲမှာရှိတဲ့အတိုင်းဖြေကြည့်ပါ။ နယ်ပယ် တစ်ခု ကို Professional ကျကျ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်ကြိုးစားတာကောင်းလားဒါမှမဟုတ်နယ်ပယ် အားလုံး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်အောင် ကြိုးစားတာကောင်းလား။" ဘဲ ဆိုတာ ..ပြေးတော့လဲ...

ကိုယ့် ကိုယ်ထဲမှာ သွေးစုပ်ဖုတ်ကောင်ရှိမရှိ စစ်ဆေးစမ်းသပ်နည်း

ကိုယ့် ကိုယ်ထဲမှာ သွေးစုပ်ဖုတ်ကောင်ရှိမရှိ စစ်ဆေးစမ်းသပ်နည်း အားလုံးသိပြီးသားပါ။ အင်္ဂလိပ်အခေါ် Vampire လို့ခေါ်တဲ့သွေးစုပ်ဖုတ်ကောင် ဆိုတာ သူတို့နဲ့တွေ့သမျှလူကို သွေးစုပ်ပြီး အားအင်ချိ့နဲ့စေတဲ့အကောင်ပေါ့။မြန်မာပြည်မှာ ခေါ်တာက ဖုတ်ဝင်တာပေါ့။ အညာမှာ ထန်းပင်ပေါ်က...

အတွေးလေးတစ်စ ပါ။

အတွေးလေးတစ်စ ပါ။အမှန်တော့ ကျွန်တော်တို့အားလုံးဘဝမှာ အလိုအပ်ဆုံးအရာဆိုတာ….စစ်မှန်တဲ့ပျော်ရွင်မှု မျိုးပါ။ အဲဒီအရာအတွက် တာဝန်အရှိဆုံးသူ ဟာလဲ ကိုယ်ပါပဲ။ " သင့်ဘဝရဲ့ပျော်ရွင်မှု အတွက်တာဝန်အရှိဆုံးသောဆိုတာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဘယ်သူ့ကြောင့်၊ ဘာကြောင့်...

ဈေးကွက်ဝေစု နဲ့စိတ်ကွက်ဝေစု

မာသင်@ စီးပွားရေး ဒဿနများ (၁) ဈေးကွက်ဝေစု နဲ့စိတ်ကွက်ဝေစု ✔️ ဈေးကွက်ဝေစု( Marketshare) များများရဖို့မကြိုးစားနဲ့။ စိတ်ကွက်ဝေစု (Mindshare ) များများရအောင်ကြိးစား။✔️ ဈေးကွက်ထဲကိုယ့် ကုန်ပစ္စည်းရောက်သွားတာအဓိက မဟုတ်ဘူး။ စားသုံးသူတွေရဲ့စိတ်ထဲ...

ဝန်ဆောင်မှုပြိုင်မလား (သို့) ဈေးနုန်းပြိုင်မလား

မာသင်@ စီးပွားရေး ဒဿနများ (၂ ) ဝန်ဆောင်မှုပြိုင်မလား (သို့) ဈေးနုန်းပြိုင်မလား ယနေ့နဲ့အနာဂတ်မှာ….Retail ဆိုတာ "ဝန်ဆောင်မှု" ချင်းပြိုင်တဲ့နေရာဖြစ်လိမ့်မယ်။"ဈေးနုန်း" ချင်းပြိုင်ဖို့တော့ Online...

သုံးလုံးမန္တန်

သုံးလုံးမန္တန် "First, Fast, Focus !"၁။ First : ပထမဖြစ်ပါစေ။ ဈေးကွက်ထဲမဟုတ်ပါ။ စိတ်ကွက်ထဲကိုပါ။၂။Fast: ဝန်ဆောင်မှုအမြန်ဆုံး ဖြစ်ပါစေ။ ၃။ Focus: အရာအားလုံး ကောင်းမပြပါနဲ့။ အကောင်းဆုံး ကိုပဲပြပါ။...

စားသုံးသူစိတ်တိုင်းကျပေါင်းစပ်ပေးခြင်း (Customization )

စားသုံးသူစိတ်တိုင်းကျပေါင်းစပ်ပေးခြင်း (Customization ) ဟိုးကတည်းက ကျွန်တော်တို့မြန်မာနိုင်ငံစားသုံးသူတွေက ………..☕လက်ဖက်ရည်ကို ကိုယ်စိတ်တိုင်းကျ (ကျဆိမ့်၊ ချိုပေါ့၊ ပုံမှန်စသည်ဖြင့်) Customization လုပ်တဲ့ ဆိုင်တွေမှာ သောက်လာတာ။🍘ကွမ်းယာကို ကိုယ်စိတ်တိုင်းကျ ( ထိပ်ချွန်၊...

Membership

Membership ဗွီဒီယိုခွေရောင်းတဲ့ဆိုင်တစ်ဆိုင်က ဖောက်သည်တွေကို member ကဒ်ပေးပြီးအသင်းဝင်တွေကို တစ်လမှာ ဗွီဒီယိုကား ၇ ကားအခမဲ့ပေးဌားခွင့်ပေး လိုက်တာ၊ ၃လ အတွင်း အမာခံဖောက်သည် တွေအများကြီးရရှိလာပြီး ပြိုင်ဘက်ဗွီဒီယိုခွေ ဆိုင်တွေထက် ရောင်းအားအများကြီးပိုကောင်းလာတယ်။...

အတူတကွ ရဲ့အား

အတူတကွ ရဲ့အား "မြန်မြန်သွားချင်ရင်၊ တစ်ဦးတည်းသွားပါ။ ဝေးဝေးသွားချင်ရင်တော့၊ မိတ်ဆွေများနှင့် အတူတကွ သွားပါ။ " "To go fast, go alone,To go far, go together" ( African Proverb ) သင့် စီးပွားရေး လုပ်ငန်းကို...

နှလုံးသား(ခံစားမှု) ဖြင့်ဝယ်ယူသည်။

နှလုံးသား(ခံစားမှု) ဖြင့်ဝယ်ယူသည်။ ==> စားသုံးသူ<==သင့်ဖောက်သည်တွေ က သင့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု ကို ခံစားမှုကြောင့်ဝယ်ယူသုံးစွဲပါတယ်။ ပြီးမှ ..ကောင်းလို့၊ မြန်လို့၊ အဆင်ပြေလို့..အစရှိသဖြင့် ကျိုးကြောင်းကျ အဖြေကို ဦးနှောက်ကထုတ်ပေးပါတယ်။ နှလုံးသား(ခံစားမှု)...

အကြွေး နဲ့ဒုတ် အသုံးပြုတတ်စေ။

အကြွေး နဲ့ဒုတ် အသုံးပြုတတ်စေ။ လုပ်ငန်းတိုင်း အကြွေးရှိကြသလို၊ အကြွေးတိုင်း မကောင်းဘူးလို့ပြောလို့မရပါ။လုပ်ငန်းကြီးလာသည်နှင့်အမျှ အကြွေးဆိုတာရှောင်လွဲလို့မရ ပုံစံအမျိုးမျိုးနဲ့ရှိကြပါတယ်။ ငွေချည်းသီးသန့်ချေးမှ အကြွေးမဟုတ်ပါ။ Consignment ဆိုတာအကြွေးပါပဲ။ Drop-Shipping...

စွန့်ဦးတီထွင်လုပ်ငန်းရှင်

စွန့်ဦးတီထွင်လုပ်ငန်းရှင် စွန့် = စွန့်စား တာ ၊ စွန့်လွတ်ခိုင်းတာမဟုတ်ဘူး။ဦး = ဦးဆောင်တာ၊ ဦးစီးခိုင်းတာမဟုတ်ဘူး။တီထွင် = အသစ်တီထွင်ကြံဆခိုင်းတာ၊အစအဆုံး ဖန်တီးခိုင်းတာမဟုတ်ဘူး။အင်္ဂလိပ်စကားလုံး သုံးလုံး ကို ပေါင်းထားတာ။Risk , Leadership, Innovation အဲဒီ ၃...

သို့ ညီငယ် ညီမငယ်များ……. များများ စားစား မတွေးပါနဲ့လေ။

သို့ ညီငယ် ညီမငယ်များ…….များများ စားစား မတွေးပါနဲ့လေ။တစ်ရက် ကို ၁% လေးပဲ တိုးတက်ပါစေ။တစ်နှစ်ပြည့်ရင် 365% ပဲမဟုတ်ဘူး။ထို့ထက်ပိုတဲ့ကြီးမားအံသြဖွယ်ရလဒ်။မယုံရင် English စကားပြောလေ့လာခဲ့ကြတဲ့သူတွေကိုမေးကြည့်။ခန္ခာကိုယ် ဝိတ်ချ နိုင်ခဲ့တဲ့သူတွေကိုမေးကြည့်။တစ်ရက်နည်းနည်း...

သင်သာမြေခွေးဆိုလျင် ဘယ်ပုံပြင်ကို ပိုကြိုက်သနည်း။

သင်သာမြေခွေးဆိုလျင် ဘယ်ပုံပြင်ကို ပိုကြိုက်သနည်း။ ပုံပြင် (၁)ဖျံနျှစ်ကောင် သည် ငါးကြင်းတစ်ကောင်ကို မိရာ သူ ရထိုက်သည် ငါရထိုက်သည် အငြင်းပွားကြသည်။ ထိုစဉ် မြေခွေး တစ်ကောင်ရောက်လာပြီး အငြင်းပွားမှုကို ဖြေရှင်းပေးလိုက်သည်။ဖြေရှင်းပုံမှာ ….ငါးအမြီးပိုင်း...

ဂုဏ်ယူခွင့် တွေ ပေးပါ။

ဂုဏ်ယူခွင့် တွေ ပေးပါ။ ဝန်ထမ်းတွေ ကို အခွင့်အရေးတွေအစား ဂုဏ်ယူစရာတွေ ပေးပါ။“ငါဒီကုမ္မဏီမှာ လုပ်တာကွ” လို့ဂုဏ်ယူစွာ ပြောနိုင်အောင် သင့်ဝန်ထမ်းတွေကို ဂုဏ်ယူစရာများများ ပေးအပ်ပါ။✔️ကုမ္မဏီမှ အများအကျိုးပြု လမ်းတွင် အမှိုက်စုပေါင်းကောက်ကြသည်လား။ ဝန်ထမ်းတွေကို...