သင့်မားကတ်တင်းကို အပိုင်း( ၅ )ပိုင်း အားဖြည့်ပါ ။

ခရီးတစ်ခု ထွက်ဖို့ပြင်တယ်။ ဘယ်ဟိုတယ်တည်းရမလဲ .. ဆိုတာ စဉ်းစားရင်းနဲ့ ဖေ့ဘုတ်မှာ ဟိုတယ်တစ်ခုရဲ့ဓာတ်ပုံတွေ့မိလိုက်တယ်။ သူများတွေတင်ထားတာ။ ဓာတ်ပုံတွေက လှမှလှ၊ ရှူခင်းကလဲ ကောင်းမှကောင်း ၊ စဉ်းစားမနေတော့ဘူး အဲဒီဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်ပြီး ဟိုတယ်ကို ဖုန်းဆက်ဘွတ်ကင်ချိတ်လိုက်တယ်။
ဘယ်သူမှ ကိုယ့်ကိုလာရောင်းတာမဟုတ်ဘူး။ ဒါပေမယ့် ဝယ်ဖို့ ၊တည်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဘယ်အရောင်းသမား မှ ကိုယ့်ဆီမလာဘူး၊ ဒါပေမယ့် မားကက်တင်း ပုံရိပ် တစ်ခုက ကိုယ့်ကို ဝယ်ဖို့ ဆုံးဖြတ်စေခဲ့တယ်။
ဒီနေ့ အင်တာနက်ခေတ်မှာ မာကက်တင်းက ကိုယ့်အရောင်းကို ၁၀၀% သက်ရောက်မှုရှိလာပြီ။
စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ငန်းရဲ့မားကက်တင်းကို ဂရုစိုက်ပါ။
ကိုယ့်လုပ်ငန်းမှာ အရောင်းသမား တွေတော့ အများကြီးရှိပြီး မားကက်တင်း မရှိဘူး ဆိုရင် အရောင်းတက်ဖို့မျှော်မှန်းလို့မရတော့ဘူး။
အမှန်တော့ အရောင်းသမား (၃) ယောက်ရှိရင် မာကက်တင်းသမား (၇) ယောက်တောင်ရှိသင့်တယ်။
ဒါတောင် (၇၀% – ၃၀% ) ပဲရှိသေးတာ။
ရောင်းအားတက်ချင်ရင် ဒီထက်တောင်ပိုရှိသင့်သေးတယ်။
မားကက်တင်း လို့ပြောရင် ကြော်ငြာတစ်ခုတည်းမဟုတ်ဘူး။
အပိုင်း ကဏ္ဍ (၅) ခု ခွဲပြီး ဝန်ထမ်းတွေတာဝန်ချပါ၊
ပြီးတော့ ဒီအပိုင်း (၅) ပိုင်းစလုံး လုပ်ပါ။
၁။ တိုက်ရိုက် မားကက်တင်း (Direct Marketing)
၂။ လူအများဈေးကွက် ဆက်ဆံရေး (Public Relation)
၃။ ကြော်ငြာကဏ္ဍ ( Advertising )
၄။ အရောင်းဝန်ထမ်းများရဲ့မာကက်တင်းအား (Sale Force)
၅။ အရောင်းပရိုမိုးရှင်း (Sale Promotion)
Responses