သင့်စီးပွားရေးလုပ်ငန်းအတွက်.. စဉ်းစားတွက်ချက်ရမယ့် အပိုင်း (၄) ပိုင်း

သင့်စီးပွားရေးလုပ်ငန်းအတွက်.. စဉ်းစားတွက်ချက်ရမယ့် အပိုင်း (၄) ပိုင်း

✅၁။ ယခုလက်ရှိ သင့်စီးပွားရေးလုပ်ငန်းအခြေအနေ ဘယ်လို ရှိလဲ ? ( Business health)
မတိုင်းတာနိုင်ရင်.. မတိုးတက်နိုင်ပါဘူး။
တိုးတက်မှုတိုင်းက တိုင်းတာမှု နဲ့ စပါတယ်။
ပြီးတော့ နံပါတ်တွေက သင့်ကို မလိမ်တတ်ပါဘူး။
လက်ရှိ မိမိစီးပွားရေးလုပ်ငန်းရဲ့အခြေအနေတွေကို သိအောင် တိုင်းတာတွက်ချက်ရပါတယ်။ နံပါတ်တွေက စီးပွားရေးလုပ်ငန်းရဲ့လက်ရှိအခြေအနေကို အတိအကျ ပြောပါတယ်။ ဒါကြောင့်အောက်ပါ အချက်တွေကို တိုင်းတာတွက်ချက်ပြီး လက်ရှိမိမိစီးပွားရေးအခြေအနေကို အရှိအရှိအတိုင်း ဖော်ထုတ်ပါ။

  1. Working capital ကို တွက်ချက်ပါ။
  2. Current ratio ကို တွက်ချက်ပါ။
  3. Liquidity index ကို တွက်ချက်ပါ။
  4. Defensive assets ကိုတွက်ချက်ပါ။
  5. Profit margin ကို တွက်ချက်ပါ။
  6. ROA ကို တွက်ချက်ပါ။
    ✅၂။ သင့်လုပ်ငန်းဒီအတိုင်းဆက်သွားရင် ဘယ်လိုဖြစ်မလဲ ?
    ( Direction)
    မိုင်ထောင် ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့စတာဆိုပေမယ့် .. စတဲ့ခြေလှမ်းက လားရာ မှားနေရင် ဘယ်လောက်ကြိုးစားကြိုးစား ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။
    ဒါကြောင့်စကတည်းက လားရာ မှန်နေဖို့အရေးကြီးပါတယ်။ မိမိစီးပွားရေးရဲ့လက်ရှိဦးတည်နေတဲ့လားရာက ဘယ်ကိုလဲ ဆိုတာ အောက်ပါအချက်တွေကို တွက်ချက်ပြီး ဖော်ထုတ်ပါ။
  7. Sale Growth
  8. Horizontal Analysis
  9. DCF & NPV
  10. P.V Growth Rate
  11. Z score Model
    ✅၃။ အမှန်တကယ်သင်သွားချင်တဲ့ ရည်မှန်းချက် စီးပွားရေးပန်းတိုင်က ဘာလဲ ? ( Goals)
    ဘယ်သွားချင်သလဲ ဆိုတာ မသိရင် ဘယ်ရောက်ရောက် အတူတူပါပဲ၊ အဓိပ္ပါယ်မဲ့နေတတ်ပါတယ်။
    လုပ်ငန်းတိုင်းမှာ ပန်းတိုင်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ကို နံပါတ် တွေအဖြစ်ပြောင်းလဲဖို့မေ့နေတတ်ပါတယ်။
    ရောင်းကောင်းချင်တယ် .. ဒါပေမယ့် ဘယ်လောက်ရောင်းကောင်းချင်တာလဲ ဆိုတာကို နံပါတ် သတ်မှတ်ဖို့လိုတယ်။ အမြတ်တွေအများကြီးရချင်တယ် ဒါပေမယ့် အမြတ်မာဂျင်ဘယ်လောက်နဲ့မြတ်ချင်တာလဲ ဆိုတာ သတ်မှတ်ဖို့လိုပါတယ်။ ဒါမှလဲ တိတိကျကျ ဖြစ်တဲ့ပန်းတိုင် ဆိုတာ ဖြစ်လာမှာပါ။
  12. Profit to sale ကိုတွက်ချက်ပြီး sale growth သတ်မှတ်ပါ။
  13. Profit Margin ကို သတ်မှတ်ပါ။
  14. အရောင်းမြို့တိုင်းရဲ့Index နံပါတ်တွေသတ်မှတ်ပါ။
  15. Earning growth တွက်ချက်ပါ။
  16. Common Size တွက်ချက်ပြီး Vertical Analysis လုပ်ထားပါ။
    ✅၄။ အဲဒီ ပန်းတိုင် ကို ဘယ်လိုရောက်အောင်သွားမလဲ ?
    (How)
    ပန်းတိုင် တိကျပြတ်သားလေလေ.. ဘယ်လိုရောက်အောင်သွားမလဲ ဆိုတာ နည်းလမ်းပေါ်လေလေဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက် (၃) ချက်ကို ရှင်းလင်းပြတ်သားအောင်လုပ်နိုင်ခဲ့ပြီဆိုရင်တော့ အဲဒီကို ဘယ်လိုရောက်အောင်သွားမလဲ ဆိုတဲ့ နည်းလမ်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ အားလုံးကို ချရေးထားပါ။ ပြီးရင် တစ်ခုချင်းစီကို လုပ်သွားပါ။

မာသင်

Related Articles

အဓိပ္ပါယ် ရှာပါ။

ပိုက်ဆံရှာဖို့လုပ်တဲ့စီးပွားရေး ထက်၊ အဓိပ္ပါယ်ရှာဖို့လုပ်တဲ့ စီးပွားရေး က ပိုက်ဆံပိုဝင်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်လဲ အဓိပ္ပါယ် ရှိတယ်၊ စားသုံးသူတွေအတွက်လဲ အဓိပ္ပါယ်ရှိတယ် ဆိုရင် တစ်ချိန်မှာ အောင်မြင်တာပါပဲ။ အဓိပ္ပါယ်ဆိုတာ လုပ်ငန်းအတွက်လဲ အရေးကြီးသလို၊ စားသုံးသူအတွက်လဲအရေးကြီးပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခု ဆိုတာ ထမင်းစားမေ့ဟင်းစားမေ့ လုပ်နိုင်တယ်။…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

Responses

Your email address will not be published. Required fields are marked *