လူတိုင်းမှာ ပြောပြဖို့ထိုက်တန်တဲ့ ကြိုးစားမှု သမိုင်းမှတ်တမ်း ဇတ်လမ်းကိုယ်စီရှိကြပါတယ်။

marthin
chalkboard, story, blogging

လူတိုင်းမှာ ပြောပြဖို့ထိုက်တန်တဲ့ ကြိုးစားမှု သမိုင်းမှတ်တမ်း ဇတ်လမ်းကိုယ်စီရှိကြပါတယ်။

ပြောမပြပဲ မြေကြီးထဲထိ ယူသွားခဲ့ရင် သင့်ကို သိပ်မကြာခင် လူတွေ မေ့သွားကြပါလိမ့်မယ်။

ထိုအတူပဲ..လုပ်ငန်းတိုင်းမှာလဲအခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ ကြိုးစားမှုသမိုင်းမှတ်တမ်းကိုယ်စီရှိကြပါတယ်။

စားသုံးသူတွေကို ပြောပြဖို့မားကက်တင်းအဖွဲ့မှာ တာဝန်ရှိပါတယ်။

ဈေးကွက်မှာရှိတဲ့ စားသုံးသူတွေရဲ့စိတ်ထဲမှာ ကိုယ့်လုပ်ငန်း အကြောင်း သတိတရ ရှိနေဖို့ဆိုတာ လုပ်ငန်းတိုင်း လိုချင်တဲ့အရာပါ။

ဒါကြောင့်လဲ မေ့မသွားအောင် အထပ်ထပ်အခါခါ ကြော်ငြာနေကြရတယ်။

အမှန်တော့လူတွေရဲ့စိတ်ထဲမှာ ကိုယ့်လုပ်ငန်း ရှိနေဖို့ဆိုတာ လုပ်ငန်းဘက်က Story ပြောပြနိုင်ဖို့လိုပါတယ်။

လူတွေမှာလဲ Story ဆိုတာရှိသလို …

လုပ်ငန်းမှာလဲ Story ဆိုတာ ရှိပါတယ်။

လုပ်ငန်းတစ်ခု ရဲ့Story နဲ့ လူတစ်ယောက်ရဲ့Story နဲ့ပေါင်းစပ်လိုက်ချိန်မှာ၊ ခံစားချက်ဆိုတာ ပါဝင်လာတဲ့အတွက် စားသုံးသူတွေရဲ့စိတ်ထဲကို စွဲမြဲစွာဝင်ရောက်သွားပါတယ်။

ဈေးကွက်မှာ ..ကိုယ့်လုပ်ငန်း ဘရန်းတစ်ခုကို တည်ဆောက်ရာမှာ Story ထဲ့ပေးရပါတယ်။

ဈေးကွက်မှာ .. Personal Brand လူပုဂ္ဂိုလ်ဘရန်း တည်ဆောက်ရာမှာလဲ Story ထဲ့ပေးရပါတယ်။

လုပ်ငန်းဆိုတာ အသက်မဲ့ပါတယ်။ ခံစားချက် မဲ့ပါတယ်။

ဒါပေမယ့် ..

လုပ်ငန်းတစ်ခု က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့story နဲ့ပေါင်းလိုက်ချိန်မှာ အသက်ဝင်လာပါတော့တယ်။ ခံစားချက် ရှိလာပါတော့တယ်။ ဒါကို Emotional Marketing (ခံစားချက်အခြေပြု မားကက်တင်းလို့ခေါ်ပါတယ်။)

ဥပမာ..

အောင်သမာဓိ နဲ့ဦးအောင် Story

မိုက်ခရိုဆော့ ကုမ္မဏီ နဲ့ဘီကိတ် story

Apple ကုမ္မဏီ နဲ့ စတီစ်ဂျော့ story

အာလီဘာဘာ နဲ့ဂျက်မာ story

ဒါကြောင့် သင်လဲ သင့်လုပ်ငန်း အကြောင်း Story ပြောမယ်ဆိုရင် အောက်ပါ (၁၀) ချက် ကို သတိရပါ။

၁။ လုပ်ငန်းထောင်ဖြစ်တဲ့ အကြောင်း (Founding Story)

ဘာကြောင့် ဒီလုပ်ငန်းကို ထောင်ဖြစ်သွားတာလဲ ?

၂။ ပြောင်းလဲအောင်ကြိုးစားတဲ့အကြောင်း (Change Story )

ဘာတွေကို ဘယ်လိုမတူအောင် ကြိုးစားခဲ့ရသလဲ ?

၃။ လုပ်ငန်းရည်မှန်းချက်အကြောင်း (Vision Story)

လုပ်ငန်းအနေနဲ့ ဘယ်လိုမျှော်မှန်းထားသလဲ ?

၄။ လုပ်ငန်းဗျူဟာအကြောင်း (Strategy Story)

ရည်မှန်းချက်အောင်မြင်ဖို့အတွက် လုပ်ငန်းအနေနဲ့ဘာတွေဘယ်လိုလုပ်ဆောင်ဖို့ပြင်ဆင်သလဲ ?

၅။ စားသုံးသူဖောက်သည်များအကြောင်း (Customer Story)

စားသုံးသူတွေရဲ့ယုံကြည်မှု နဲ့အားပေးမှု ကို ဘယ်လိုရလာခဲ့သလဲ ?

၆။ အရောင်းအကြောင်း (Sale Story)

လုပ်ငန်းအနေနဲ့ဈေးကွက်တင်ရောင်းချရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရလဲ ?

ရ။ ဈေးကွက်ရှာဖွေခြင်း အကြောင်း (Marketing Story)

ဈေးကွက်မှာ ကိုယ်လိုလုပ်ငန်းတွေအများကြီးရှိရာမှာ ကိုယ့်လုပ်ငန်းက ဘာတွေ ကွာခြားသလဲ ?

၈။ ခေါင်းဆောင်မှု အကြောင်း (Leading Story )

ကိုယ့်လုပ်ငန်းက လုပ်သားတွေအပေါ်မှာ ဘယ်လိုအုပ်ချုပ်စီမံခန့်ခွဲသလဲ ?

၉။ လုပ်ငန်းယုံကြည်မှု နဲ့တန်ဖိုးထားသောအရာများအကြောင်း (Believe story)

လုပ်ငန်းရဲ့တန်ဖိုးထားရတဲ့ အချက်တွေကဘာတွေလဲ၊ ဘယ်လိုကြိုးစားတည်ဆောက်၊ထိန်းသိမ်းနေသလဲ?

၁၀။ ဝန်ထမ်းခန့်ထားရေးအကြောင်း (Recruiting Story)

လုပ်ငန်းအနေနဲ့ဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်ပြီး၊ ဘယ်လိုခန့်ထား၊ လုပ်ငန်းခွင်ဝင်စေသလဲ ?

သင့် လုပ်ငန်းအနေနဲ့ ဈေးကွက်မှာ စားသုံးသူတွေ ကိုယ့်အမှတ်တံဆိပ်ကို သတိရမှတ်မိနေစေချင်တယ်ဆိုရင် အထက်ပါ Story တစ်ခုမဟုတ်တစ်ခုကို ပြောပြတတ်ရပါမယ်။

သင့်ကုန်ပစ္စည်း (Product) ဘယ်လောက်ကောင်းကောင်းအတုခိုးလို့ရပါတယ်။

သင့် အရည်အသွေး (Quality)ဘယ်လောက်ကောင်းကောင်းအတုခိုးလို့ရပါတယ်။

သင့် ဈေးနုန်း (Price)ဘယ်လောက်ချချ သင့်ထက်ကျ တဲ့ သူရှိပါတယ်။

သင့် ဝန်ဆောင်မှု(Service)ဘယ်လောက်ကောင်းကောင်း ပိုကောင်းအောင် အတုခိုးလို့ရပါတယ်။

ဒါပေမယ့်…

သင့် ရဲ့ကြိုးစားမှု သမိုင်းဇတ်လမ်း Story၊

သင့် လုပ်ငန်းရဲ့သမိုင်း Story ကတော့ သင် တစ်ဦးတည်းပဲ ရှိပါတယ်။

သမိုင်းဆိုတာ တူအောင် တုလို့မရဘူးလေ။

သင့် လုပ်ငန်းကို အများနှင့်မတူကွဲထွက်စေ(Unique) စေသောအရာသည် သင့်လုပ်ငန်းရဲ့Story ပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်း ကြိုးစားမှု သမိုင်းဇတ်ကြောင်း ဆိုတာ တန်ဖိုးကြီးပါတယ်။

သင်ကိုယ်တိုင် မေ့ထားတယ်ဆိုရင် စားသုံးသူဖောက်သည်များကလဲ မေ့ထားပါလိမ့်မယ်။

ဒါကြောင့် ..

အထက်ပါ မေးခွန်း (၁၀) ခု ဖတ်ပါ ။

ချရေးပါ။

ပြီးရင် … ပြောပြပါ။

ပြီးရင်… ထပ်ပြောပါ။

နောက်ပြီးရင်.. အမြဲတမ်းပြောပြပါ။

စားသုံးသူတွေ စိတ်ထဲဝင်သွားတဲ့အထိပေါ့။ ဒါကို စိတ်ကွက်ဝေစု (Mind share) လို့ခေါ်ပါတယ်။

#မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...