လုပ်ငန်းအရှုံးအမြတ်ကို ဖြစ်စေနိုင်တဲ့ ပါဝါ(၄)ခု

လုပ်ငန်းတစ်ခုကို စတင်ဖို့အတွက်မြေဌားပြီး ဆိုင်ဆောက်တယ် ဆိုပါစို့.. ။

အဲဒီပြင်ဆင်မှု ကုန်ကျစားရိတ်ကို Fixed Asset (ပုံသေအခြေပြပစ္စည်းပိုင်ဆိုင်မှု) ထဲ ထဲ့မလား ❓

ဒါမှမဟုတ် Cost ( ကုန်ကျစားရိတ်) အဖြစ် အရှုံးအမြတ်စားရင်းထဲထဲ့မလား❓

လုပ်ငန်းက ခုမှ အစ၊ မြေနေရာ တစ်ခု နဲ့တင် ကုန်ကျစားရိတ်က သိန်း ထောင်ချီ။ ဒါကို ဒီနှစ်အတွက် ကုန်ကျစားရိတ်ဆိုရင် သေချာတာက အရှူံးအမြတ်စာရင်း ( P&L) မှာ အရှူံးပေါ်နေမှာပါပဲ။

လုပ်ငန်းက မစရသေးဘူး၊ ရှူံးနေပြီ ။

ဒါကြောင့် ဒီလို ငွေအလုံးအရင်း သုံးရတဲ့ ပုံသေပစ္စည်းကုန်ကျစားရိတ်တွေကို ခွဲပြီး နှစ်စဉ်အသုံးစာရိတ်မှာ Depreciation ခေါင်းစဉ် နဲ့ဖော်ပြကြပါတယ်။ တစ်နှစ်ကို ကုန်ကျစားရိတ်ဘယ်လောက်ဆိုပြီးစာရင်းသွင်းတာပေါ့။ အဲဒီလို ဖော်ပြတဲ့နေရာမှာ ကုန်ကျစားရိတ်ကို ဒီနှစ်မှာ ဘယ်လောက်ဖော်ပြမလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ်။

အဆင်ပြေသလို သိန်း ၅၀၀ လား။ ဒါမှမဟုတ် သိန်း ၁၀၀ လား။ အမှန်တော့ အဆင်ပြေသလို ဖော်ပြတဲ့နံပါတ်တစ်ခု မဟုတ်ပါ။ ယုတ္တိကျကျ တွေးခေါ်တွက်ချက်ထားတဲ့ နံပါတ် တစ်ခုဖြစ်ပါတယ်။ အဲဒါကို Depreciation လို့ခေါ်ပါတယ်။

အဲဒီလို တွက်ချက်ရာမှာ နည်းလမ်း (၄) မျိုးရှိပါတယ်။

⭐နည်းလမ်း(၄) မျိုး⭐

————

(1) SL

(2) SOYD

(3) DB

(4) UOP

လေးမျိုးစလုံးမှာ သူ့ Logic ယုတ္တိဗေဒ နဲ့ သူရှိပါတယ်။ သူ့အကြောင်းပြချက်နဲ့သူရှိပါတယ်။

🔰 SL ဆိုတာ Straight line Method ပါ။

ကုန်ကျစားရိတ်ကို Salvage value လို့ခေါ်တဲ့ တစ်ပတ်ရစ် ပြန်ရောင်းရငွေ နုတ်ပြီး အသုံးပြုတဲ့ နှစ်နဲ့စားထားတာပါ။ ကုန်ကျစားရိတ်ကို အသုံးပြုမယ့်နှစ်အညီအမျှ ကျခံလိုက်တဲ့သဘောဖြစ်ပါတယ်။

🔰SOYD ဆိုတာ Sum of the Year Digit ပါ။

Rule of 78 လို့ခေါ်တဲ့ ငွေကြေးလောကမှာ တစ်ချိန်က ခေတ်စားအသုံးပြုခဲ့တဲ့ငွေကြေးတွက်ချက်နည်းတစ်ခု ရဲ့သဘောတရားကို ယူထားတာပါ။ အစပိုင်းနှစ်တွေမှာ ကုန်ကျစားရိတ် ကို အလေးပေးယူပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းပြီး ယူသွားပါတယ်။ အနာဂတ်ရဲ့မသေချာမှု ကိုထည့်သွင်းစဉ်းစားထားတဲ့သဘောပါ။

🔰DB ဆိုတာ Declining Method ပါ။

နှစ်စဉ်အညီအမျှကုန်ကျစားရိတ် ( SL ) ကို ယူပြီး အဆအရေအတွက် အတိုင်း ပိုယူပြီး တွက်သွားတာပါ။ အချို့က နှစ်ဆယူကြပါတယ်။ ဒါကြောင့် Double Declining Method လို့ခေါ်ကြပါတယ်။ အချို့ကတော့ 25% ပိုယူကြပါတယ်။

🔰UOP ဆိုတာ Unit of Production ပါ။

ထုတ်လုပ်နိုင်တဲ့ ယူနစ်ပမာဏကို ယူပြီး ထုတ်လုပ်ခဲ့တဲ့မမာဏ အချိုးအစားအတိုင်း ကုန်ကျစားရိတ်ကို တွက်တာပါ။

ဘယ်နည်းလမ်းနဲ့တွက်ကြမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်က လုပ်ငန်းရဲ့အရှူံးအမြတ်ကို ကြီးမားတဲ့သက်ရောက်မှုရှိနိုင်ပါတယ်။

မြတ်နေတဲ့လုပ်ငန်းတစ်ခုကို ရှူံးစေနိုင်သလို၊ ရှူံးနေတဲ့လုပ်ငန်းတစ်ခုကို အမြတ်ထွက်သလို ဖြစ်စေနိုင်ပါတယ်။

———–။ ———-

Related Articles

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

အနာဂတ်ပေါ် လောင်းကြေးထပ်ခြင်း

စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

Responses

Your email address will not be published. Required fields are marked *