လိမ္မော်သီး စမ်းသပ်မှု

စမ်းသပ်မှုတစ်ခုမှာ .. ရောင်းတဲ့ လိမ္မော်သီးတွေ ကို အခွံဝါနေအောင် ဆိုးဆေးဖြင့်ပြုလုပ်ထားသည် လို့စာကပ်ထားတယ်။ ဝါနေတာဆိုးဆေးကြောင့်ဆိုတာသိပေမယ့် ဝါဝင်းမှ မှည့်ချိုတယ်ဆိုတဲ့အသိကြောင့် လူအများစု (၇၅% သောလူများ) က ဝါဝင်းတဲ့လိမ္မော်သီး ကိုပဲ ရွေးယူလေ့ရှိကြတယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။
အခွံ နဲ့ အရသာ၊
အကြောင်းအရာနှစ်မျိုးမှာ ….
အခွံအရောင် ကိုကြည့်ပြီး အရသာ ကို ဆုံးဖြတ်လိုက်ကြတယ်။
စာအုပ်ကာဗာ နဲ့ စာသား၊
အကြောင်းအရာ နှစ်မျိုးမှာ…
စာအုပ်ကာဗာကို ကြည့်ပြီး စာသားအကြောင်းအရာ ကို ဆုံးဖြတ်လိုက်ကြတယ်။
အလှအပ နဲ့စိတ်ထား၊
အကြောင်းအရာ နှစ်မျိုးမှာ …
အလှအပ ကို ကြည့်ပြီး သူ့ရဲ့စိတ်ထားကို ဆုံးဖြတ်လိုက်ကြတယ်။
ပြင်ပသဏ္ဍန် နဲ့စာရိတ္တ၊
အကြောင်းအရာနှစ်မျိုးမှာ….
ပြင်ပသဏ္ဍန် ကို ကြည့်ပြီး စာရိတ္တ ကို ဆုံးဖြတ်လိုက်ကြတယ်။
ထုတ်ပိုးမှု နဲ့အရည်အသွေး၊
အကြောင်းအရာ နှစ်မျိုးမှာ ….
ထုတ်ပိုးမှု ကို ကြည့်ပြီး အရည်အသွေး ကို ဆုံးဖြတ်လိုက်ကြတယ်။
အရောင် နဲ့အသွေး၊
အကြောင်းအရာနှစ်မျိုးမှာ..
အရောင်လဲလှစေ၊ အသွေးလဲကောင်းစေ ဆိုပေမယ့်
ရှေ့ဆုံးက လာတဲ့အရာ ရှေ့ဆုံးပို့ပြီး ရောင်းတတ်ပါစေ။
အရောင် နဲ့ ဖောက်၊ အသွေးနဲ့ ဆောက် ပါ။
အရောင် ဆိုတာ ထုတ်ပိုးမှုပြင်ပသဏ္ဍန်၊
အသွေးဆိုတာ အရည်အသွေး၊
အရောင်နဲ့ဖောက် ဆိုတာ ….
စျေးကွက်ဖောက်ဖို့
“ကိုယ့်ထုတ်ကုန်ရဲ့ ထုတ်ပိုးမှု (Packaging) ကို ဂရုစိုက်ပါ။”
အသွေးနဲ့ ဆောက် ဆိုတာ….
အမာခံဖောက်သည်တည်ဆောက်ဖို့
“ကိုယ့်ထုတ်ကုန် ရဲ့ အရည်အသွေး (Quality) ကိုဂရုစိုက်ပါ”
Responses