လိပ်ပြာ ပြတိုက်

လိပ်ပြာ ပြတိုက်

လိပ်ပြာသေ လေးတစ်ကောင် လမ်းမှာတွေ့သည်။

အမှိုက်ဖြစ်သည်။

ဘယ်သူမှ ဂရုမစိုက်ကြ။

ကောက်လာပြီး သိမ်းထားလိုက်သည်။

နောက်နေ့.. နောက်တစ်ကောင်တွေ့သည်။

သိမ်းထားလိုက်သည်။

နောက်နေ့ … မတွေ့တော့ပေမယ့် လိပ်ပြာ ကိုရှာတတ်လာသည်။

နောက်နေ့ … လိပ်ပြာကို ရှာပြီး စုသည်။

တစ်ရက်ပြီး .. တစ်ရက်… အမျိုးအမည်မသိ လိပ်ပြာများ စုသည်။

ကြာလာတော့ .. လိပ်ပြာမျိုးစုံ 🍂ရောင်စုံပြတိုက်ကြီး ဖြစ်လာသည်။

မြင်ကြသူအပေါင်းတို့ က ..

အံ့ဩကြသည်။😮

ချီးကျူးကြသည်။ 🙂

လက်ခုတ်ဩဘာတီးကြသည်။ 👏

✨

လိပ်ပြာသေ တစ်ကောင်တည်းဆိုလျင်.. အမှိုက်ဖြစ်သော်လည်း

စုဆောင်းထားသော လိပ်ပြာသေရောင်သွေးစုံသည် .. ပြတိုက်ဖြစ်လာသည်။

✨

လိပ်ပြာတစ်ကောင်တည်း၏ လှပမှု ကွာလတီ (Quality) ထက်၊

သာမာန်ဖြစ်သောလိပ်ပြာများ၏အစုအဝေး အရေအတွက် (Quantity) က အံ့ချီးဖွယ်ဖန်တီးမှု ဖြစ်လာစေခဲ့သည်။

💠ဖန်တီးမှု တိုင်းတွင် အရည်အသွေး (Quality) ထက်..

အရေအတွက် (Quantity) က ပိုအရေးကြီးသည်။ 💠

ဖေ့ဘုတ်တွင် ပိုစ့်ကောင်းတစ်ခုကို တစ်ခါတလေ တင်ခြင်းထက်..

သာမာန်ပိုစ့် များကို နေ့စဉ်ပုံမှန်တင်ပေးနေခြင်းက ပိုပြီးစျေးကွက်ရစေသည်။

⭐
⭐
⭐

ဖန်တီးမှု တိုင်းသည် အရေအတွက် မရှိပဲ အရည်အသွေး ကို မျှော်လင့်၍မရ။

အရေအတွက်များများ လုပ်ရင်း အရည်အသွေး ရလာခြင်းမျိုးဖြစ်သည်။

⭐
⭐
⭐

လိပ်ပြာသေတစ်ကောင်သည် အမှိုက် ဖြစ်သော်လည်း၊

လိပ်ပြာသေပေါင်းများစွာသည် .. လူအများအံ့ဩစရာ ပြတိုက်ဖြစ်လာသည်။

✔ပိုစ့်ကောင်းတစ်ခု ဖြစ်ဖို့ထက်၊

ပိုစ့်များများတင်ပြီး ပြတိုက် တစ်ခု ဖြစ်စေပါ။

✔ဗွိဒီယိုကောင်းတစ်ခု ရဖို့ထက်၊

ဗွီဒီယိုများများတင်ပြီး ပြတိုက်တစ်ခု ဖြစ်စေပါ။

✔ထုတ်ကုန်ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ထက်၊

စားသုံးသူများကို ပညာပေးပြတိုက်ကြီး တစ်ခုဖြစ်စေပါ။

💠တစ်ခုကောင်း၊ တစ်ခါပေါက် ကို အားမကျပဲ၊

မိမိ ဖန်တီးမှု ကို ကြိမ်ဖန်များစွာ၊ အရေအတွက်များစွာ ကြိုးစားရင်း..

လူအများ အံ့ဩ အားကျရသော ..

ပြတိုက် ကောင်းတစ်ခု ဖြစ်စေပါ .. ဟုဆန္ဒပြုရင်း

ကျွန်တော် မာသင္ ၏ ရူ့ဒေါင့်အမြင်လေးတစ်ခုကို မျှဝေလိုက်ပါသည်ခင်ဗျာ။ ။

လွတ်လပ်စွာ ကူးယူမျှဝေ နိုင်ပါတယ်ခင်ဗျာ။ ။

#မာသင်

စီးပွားရေးအကြံပေး

Related Articles

မဝယ်ခင် စမ်းသုံးရမှ ကြိုက်လာသော ဈေးကွက် နှင့် စမ်းသုံးခွင့်နည်းလမ်း (၄) မျိုး

မဝယ်ခင် စမ်းသုံးရမှ ကြိုက်လာသော ဈေးကွက် နှင့် စမ်းသုံးခွင့်နည်းလမ်း (၄) မျိုး******************************** အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။  အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။…

ဖောက်သည် (၆) မျိုး နှင့် လုပ်ငန်း အသက်ပြန်သွင်းခြင်း

ဖောက်သည် (၆) မျိုး နှင့် လုပ်ငန်း အသက်ပြန်သွင်းခြင်း************************ရောင်းရငွေ ဆိုသည့် အကြောင်းအရာ သည် လုပ်ငန်းတိုင်း မဖြစ်မနေ အစဉ်အမြဲ တိုးတက်စေရန် ကြိုးစားအားထုတ်နေရသောအရာဖြစ်သည်။ ယနေ့ရောင်းရငွေ သည် မနက်ဖြန်အတွက် အရင်း ဖြစ်နိုင်သလို၊ ရောင်းရငွေ အတက်အကျသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရှင်သန်ဖို့အတွက် အားကိုးအားထားရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။…

စမ်းသုံးခွင့် ပေးခြင်း နည်းလမ်း (၄) မျိုး

အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တစ်ဆိုင်ဖွင့်မည် ဆိုလျင် ဗွီရို တွေ လိုအပ်သည်။ ပစ္စည်းတွေထဲ့ပြထားဖို့ဖြစ်သည်။ စတိုးဆိုင်များတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။ နာရီဆိုင်ဆိုလျင် .. ဗီရိုထဲတွင် နာရီတွေ ကို စီကာရီကာ ပြသထားပြီး၊…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

Responses

Your email address will not be published. Required fields are marked *