ရိုးရှင်းသောဘ၀

ရိုးရိုးလေး တွေး၊
ရှင်းရှင်းလေး နေ၊
ရိုးရှင်းစွာ ဝတ်၊
ပွင့်လင်းစွာ ပြော၊
မှန်ကန်စွာ ကြံ၊
ကြိုးကုတ်စွာ လုပ်၊
ငါ .. အားထုတ်သည်။
ဘဝခရီးလမ်း
ဘယ်လိုကြမ်းလဲ
ဇွဲမာန်ကိုတင်း… ခရီးပြင်း ကို
မိသားစုံညီ၊ ခရီးနှင်သည်
အို .. ဤခရီး နီးသလား ။ ။
Responses