ရိုးရိုးလေးပါ ။

ရိုးရိုးလေးပါ ။

🍦 ရေခဲမုန့်ဆိုတာ ခရစ်နှစ်မပေါ်မှီ BC 2000 လောက်ကတည်းက ရှိခဲ့ပေမယ့် ရေခဲမုန့်ခွက် ဆိုတဲ့အိုင်ဒီယာကို နှစ်ပေါင်း ၄၀၀၀ လောက်ကြာမှ စဉ်းစားမိခဲ့တယ်။

🧻 ရေဆွဲအိမ်သာကို 1775 မှာ တီထွင်ခဲ့ကြပေမယ့် ရေအိမ်သုံးစက္ကူလိပ် ဆိုတဲ့အိုင်ဒီယာကို 1857 မှ စဉ်းစားမိခဲ့တယ်။

🥪 ပေါင်မုန့်ဆိုတာ ခရစ်တော်မပေါ်မှီနှစ်ပေါင်း 2600 လောက်ကတည်းက စားသုံးခဲ့ကြပေမယ့် Sandwich ဆမ်းဒွစ် ဆိုတဲ့ အသားညှပ်ပေါင်မုန့် အိုင်ဒီယာ ကို နှစ်ပေါင်း 4000 လောက်ကြာမှ စဉ်းစားမိခဲ့ကြတယ်။

မပေါ်ခင်တုန်းကတော့ မစဉ်းစားမိခဲ့ကြပေမယ့် ၊ ပေါ်လာပြီးနောက်ပိုင်းမှာ အင်မတန်မှ ရိုးရှင်းပြီး တန်ဖိုးကြီးတဲ့အိုင်ဒီယာများဖြစ်လာပါတယ်။

အမှန်တော့ စီးပွားရေးအိုင်ဒီယာဆိုတာ ကျွန်တော် တို့ပတ်ဝန်းကျင်မှာ ရိုးရိုးလေးရှိကြပါတယ်။

စီးပွားရေးအိုင်ဒီယာ လို့ဆိုရင် ကြီးကြီးမားမား၊ ဆန်းဆန်းပြားပြားဖြစ်ရမယ်လို့တွေးလေ့ရှိပါတယ်၊ ဘယ်သူမှ မသိသေးတဲ့ အိုင်ဒီယာ ဖြစ်ရမယ်လို့လဲ ထင်လေ့ရှိပါတယ်။

အမှန်တော့ ..

ကျွန်တော် တို့ နေ့တစ်ဓူဝပတ်ဝန်းကျင်မှာ ရိုးရိုးလေး ရှိပါတယ်။

ရိုးရိုးလေးကြည့်ပါ။ ရိုးရိုးလေးတွေးပြီး၊ ရိုးရိုးလေးသာလုပ် ကြည့်ပါ၊ တန်ဖိုးရှိလာပါလိမ့်မယ်။

Related Articles

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ပြဿနာဆိုတာ အမြဲရှိတယ် ။

စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။နည်းပညာ၏သဘောသဘာ၀ ( The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။ “Every technology creates a new problem in place of the one it solves” ..…

 နောက်ကျသွားပါပြီ…

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

Responses

Your email address will not be published. Required fields are marked *