ရိုးရိုးရှင်းရှင်း မားကတ်တင်း

ရိုးရိုးရှင်းရှင်း မားကတ်တင်း

☆ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်..
What’s on your mind ❓ တဲ့ ။
ဘာတွေတွေးနေလဲ .. ပေါ့။

☆တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s happening ❓ တဲ့ ။
ဘာတွေဖြစ်နေလဲ .. ပေါ့။

☆ပင်းထရတ် (Pintrest ) ကို ဖွင့်လိုက်ရင် .. မေးခွန်းက ..
What are you into these days ❓ တဲ့။
ဒီရက်ပိုင်းဘာတွေ စိတ်နစ်ပြီး လှုပ်ရှားနေလဲ.. ပေါ့။

☆ယူကျူ့ (youtube) ဖွင့်ကြည့်ပြီး .. ဗွီဒီယိုတွေကြည့်တော့ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုမေးမိတယ်။
What are you working on ❓
ဘာတွေကြိုးစားလုပ်ဆောင်နေသလဲ.. ပေါ့။

စဉ်းစားမိတယ်..

ဖေ့ဘုတ်ပွတ်နေတဲ့ ငါ … ကိုယ့်ကိုမေးတဲ့ မေးခွန်းတွေကို ကိုယ်ဘာသာကိုယ် မဖြေပဲ၊ သူများတွေ ဖြေပြီး တင်ထားတဲ့ ပိုစ့်တွေကို အချိန်ကုန်ခံလိုက်ကြည့်ပြီး အားကျလိုက်၊ ငါလဲသူ့လို ဖြစ်ချင်လိုက်တာ လို့တွေးလိုက်၊ သူတို့ဘယ်လိုများကြိုးစားလို့ဒီလောက် Like တွေ Follower တွေများနေတာပါလိမ့်လို့တွေးလိုက်နဲ့. ငါ့ ဖေ့ဘုတ် ကို ဘယ်လို အကောင်းဆုံး မားကက်တင်း လုပ်ရမလဲ လို့တွေး နေမိတယ်.. ။

အမှန်တော့ .. ရှင်းရှင်းလေး .. မေးခွန်းကို ဖြေလိုက်ယုံပဲ။

ဒီ မေးခွန်း (၄) ခု ကို နေ့တိုင်းဖြေတတ်ရင် ကိုပဲ တော်တော် ကောင်းတဲ့ မားကက်တင်းဖြစ်နေပြီ ။

1. What’s on your mind ❓ဘာတွေ တွေးနေလဲ ၊ ဘာတွေ ပြောစရာရှိလဲ ပေါ့ ?

2. What’s happening ❓ လက်ရှိ ဘာတွေ ဖြစ်နေလဲ ?

3. What are you into these days ❓ ခုရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲ ?

4. What are you working on ❓ ဘာတွေ ကြိုးစားလုပ်ဆောင်နေသလဲ ?

မေးခွန်းတွေကတော့ ကောာင်းတယ်ဗျာ။

နေ့တိုင်း ဖြေပြီး တင်နေယုံပဲ။

✨“ရိုးရိုးရှင်းရှင်း မားကက်တင်း” ✨လို့တောင် နာမည်ပေးလိုက်ချင်ရဲ့ .. .

ဒါကြောင့် .. အကျိုးရှိမယ့်အရာလေးတစ်ခု ပြောမယ်ဗျာ၊

ကိုမာသင် ရေ… ဖေ့ဘုတ်မှာ Follower တွေ၊ Like တွေများချင်လို့.. ဘယ်လို မားကက်တင်း လုပ်ရမလဲ ? … လို့ မေးလာခဲ့ရင် … လို.တို.ရှင်း လေးဖြေပါရစေ၊

မေးခွန်း တွေဖြေလိုက်! … လို့ ။

ရိုးရိုးရှင်းရှင်း မားကက်တင်း ပါပဲ။

အမှန်တော့ ..

အရိုးရှင်းဆုံး … ဆိုတာ အကောင်းဆုံး မားကက်တင်း ပါပဲဗျာ။ ။

Related Articles

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။ ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က ..…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။ ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း3. Desire လိုချင်စိတ်ဖြစ်စေခြင်း4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။…

Responses

Your email address will not be published. Required fields are marked *