မ ကြော်ငြာ နဲ့ ပြန့်နှံ့စေပါ။

marthin
blockchain, money, chain

မ ကြော်ငြာ နဲ့ ပြန့်နှံ့စေပါ။

ကြော်ငြာခြင်း

ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အကြောင်းကိုလူအများသိအောင်၊ သတိထားမိအောင်၊ သဘောကျနှစ်ခြိုက်အောင် မိတ်ဆက်ပြောပြ ဆွဲဆောင်ခြင်း

ပြန့်နှံ့စေခြင်း

ကိုယ့်လုပ်ငန်း၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ၊အိုင်ဒီယာ အကြောင်းကို လူအများစိတ်ဝင်စားပြီးအချင်းချင်းဖြန့်ေ၀ ပြန့်နှံ့စေခြင်း

အရင်တုန်းက…ဗမာပြည်

အင်တာနက်ဆိုတဲ့ အရာကြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပေါ်မလာခင်တုန်းက အကြောင်းအရာတစ်ခု ပြန့်နှံ့ဖို့ဆိုတာ အချိန်အတော်ယူရပါတယ်။ တစ်ဦးနဲ့တစ်ဦး စာနဲ့ဆက်သွယ်ပြန့်နှံ့စေဖို့ဆိုတာလဲ ကာလတစ်ခုထိအချိန်ပေးရသလို ကုန်ကျစားရိတ်လဲရှိပါတယ်။ ဖုန်းဆက်ပြီး ပြန့်နှံ့စေဖို့ဆိုတာလဲ လူုဦးရေရဲ့ခန့်မှန်းခြေ ၁၀ ရာခိုင်နုန်းလောက်ကပဲ ဖုန်းကိုင်နိုင်တော့ အကြောင်းအရာတစ်ခု ပြန့်နှံ့ဖို့ဆိုတာ အတော်ခက်ခဲခဲ့ ပါတယ်။
ပြန့်နှံ့ဖို့ခက်ခဲပေမယ့် ကြော်ငြာဖို့တော့လွယ်ကူတယ်။
ဒေဝူးရုပ်မြင်သံကြားစက်တွေ ပေါ်ပေါက်လာပြီး၊ တနိုင်ငံလုံး ရုပ်မြင်သံကြားစက်တွေနဲ့ ဖြစ်ကုန်ပြီး ၊ နယ်မြို့တွေရဲ့အကောင်းဆုံး ညနေပိုင်း မိသားစု ဖျော်ဖြေရေး မှာ ရေဒီယိုတွေ အစား ရုပ်မြင်သံကြား စက်တွေက နေရာယူလာခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုမှာ brand awareness ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးတိုင်း ပထမဆုံးမေးတဲ့ မေးခွန်းက ရုပ်မြင်သံကြားမှာ ဘယ်လောက်ကြေငြာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ခဲ့ပြီး ကြော်ငြာနဲ့ပေါက်ခဲ့တဲ့ဘရန်းတွေ ဒုနဲ့ဒေးဆိုသလို ရှိလာခဲ့ကြတယ်။

ဒီနေ့ခေတ်…. မြန်မာပြည်

မေးခွန်းပြောင်းသွားတယ်။
ကြော်ငြာခြင်း နဲ့ပြန့်နှံ့စေခြင်း ဆိုတဲ့အကြောင်းအရာနှစ်ခုမှာ ဘယ်နည်းလမ်းက ကိုယ့်လုပ်ငန်းကို လူသိပိုများစေသလဲဆိုတာ စီးပွားရေးလုပ်ငန်းရှင်များအတွက် စဉ်းစားစရာမေးခွန်းဖြစ်လာခဲ့တယ်။
သေချာတာတစ်ခုက … ကြော်ငြာကို လူတွေ မကြည့်တော့ဘူး။ မတတ်သာလို့ကြော်ငြာခံရရင်တောင် အစ အဆုံးမကြည့်ပဲ ကျော်လိုက်ကြတယ်။
ခွေထဲမှာ ကြော်ငြာပါလာရင် ရစ်ကြည့်လိုက်တယ်။
ဖေ့ဘုတ်မှာ ကြော်ငြာပါလာရင် Skip Ads ကို နိပ်လိုက်တယ်။
လမ်းပေါ်မှာကြေငြာဘုတ်တွေကို ကားရပ်ပြီး ကြည့်ဖို့မပြောနဲ့ဘုတ်ကိုတောင်မော့မကြည့်ဘူး။
ဖေ့ဘုတ်ရဲ့ညာဖက်မှာကြော်ငြာ ကဏ္ဍ ရှိတာကို လူတော်တော်များများက သိတောင်မသိဘူး။
Classified Ads ဆိုတာယနေ့ခေတ်မှာ ဘာမှန်းတောင်မသိတော့ဘူး။
Yellow book ဆိုတဲ့ စာအုပ်ကြီးတွေ ရုံးခန်းတွေမှာ မတွေ့ရတော့ဘူး။
ဈေးကွက်ကြီးက ပြောင်းလဲသွားပြီ။
ဈေးကွက်ကြီးက……
အရင်းတုန်းက ရုပ်မြင်သံကြားက ကြော်ငြာတွေကို လိုလိုလားလားကြည့်ခဲ့ကြပြီး ကြော်ငြာထဲက မင်းသမီးနဲ့အတူကြော်ငြာသီချင်းတွေကို အတူလိုက်ဆိုခဲ့ကြတဲ့ ဈေးကွက်ကြီး။
ယနေ့ခေတ်မှာ ရုပ်မြင်သံကြားကို ပစ်ပယ်၊ ဖေ့ဘုတ်မှာတောင် ကြော်ငြာကို Skip Ads လုပ်၊ shopping mall တွေမှာ အလကားကျွေးတဲ့ ထရိုဂျန်မြင်းရုပ်လေးတွေကိုလဲ ငြင်းပယ်တတ်လာတဲ့ ဈေးကွက်ကြီးဖြစ်လာပြီ။
ဈေးကွက်ကြီးက ပြောင်းလဲသွားပေမယ့် မပြောင်းလဲသေးပဲ ဆက်ပြီး ငွေကုန်ကြေးကျခံပြီး ကြေငြာနေတဲ့လုပ်ငန်းအချို့ကို ပြောချင်ပါရဲ့ဗျာ။
“မကြော်ငြာ ပဲ ပြန့်နှ ံ့စေ ပါ ” လို့။ ။

ပြန့်နှံ့စေခြင်း

အရင်တုန်းက ရုပ်ရှင်ကားတစ်ကားကြည့်လို့ကောင်းလို့အိမ်ပြန်လာရင် ကိုယ့်မိသားစု နဲ့မိတ်ဆွေသူငယ်ချင်း လူ၅ ယောက်လောက်ကိုပဲ ပြန်ပြောပြလို့ရတယ်။
ဒီနေ့ခေတ် ရုပ်ရှင်ကားတစ်ကောင်းကောင်းကြောင်းကို ဖေ့ဘုတ်ပေါ်တက်ပြီး လူပေါင်း နှစ်ထောင်လောက်ကို ပြောနိုင်တယ်။ အဲဒီလူပေါင်း နှစ်ထောင်လောက်ထဲမှာ လူ၅၀၀ လောက်က ကိုယ်နဲ့အကြိုက်ချင်းတူရင် ထပ်ပြီး တစ်ယောက်ကို လူ နှစ်ထောင်လောက် ပြန်ပြောနိုင်တယ်။ နှစ်ဆင့်ပဲ ရှိသေးတယ် ။လူတစ်သန်းလောက်သိသွားပြီ။
ကြော်ငြာမှာ လူတစ်သန်းလောက်သိဖို့ငွေတစ်သန်းလောက်သုံးရပေမယ့်
ပြန့်နှံ့ခြင်းမှာ လူတစ်သန်းလောက်သိဖို့ငွေတစ်ပြားမှ သုံးစရာမလိုပါဘူး။
အောက်ပါအချက်တွေထဲက တစ်ခုမဟုတ်တစ်ခုပြည့်စုံဖို့ပဲလိုပါတယ်။
၁။ အများနဲ့မတူ တစ်မူထူးခြားခြင်း (နွားပြာကြီးအိုင်ဒီယာ)
၂။ ပျော်ရွင်မှုတစ်ခု ကိုပေးနိုင်ခြင်း (ဟာသ)
၃။ အတွေးအခေါ်၊ထိုးဖောက်စဉ်းစားမှုအသိပညာပါခြင်း
၄။ အရေးကြီးအကြောင်းအရာဖြစ်ခြင်း
၅။ အကျိုးအမြတ်တစ်စုံတစ်ရာရနိုင်ခြင်း
၆။ ကြောက်ရွ ံ့မှုကို ပေးနိုင်ခြင်း
၇။လှပအံချီးဖွယ်ကောင်းခြင်း
အထက်ပါအချက်များကို စဉ်းစားပါ။
ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အိုင်ဒီယာ များကို ….
မကြော်ငြာ ဘဲနဲ့……. ပြန့်နှံ့စေပါ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...