မီးခြစ်ဆိုရင်

မီးခြစ်ဆိုရင်

💠ကျွန်တော်တို့ ငယ်ငယ်တုန်းက ယမ်းမီးခြစ်တွေ သုံးတယ်။
ဂတ်စ်မီးခြစ်တွေ ပေါ်လာတော့ ယမ်းမီးခြစ်တွေ မသုံးကြ တော့ဘူး။

💠အိမ်မှာ တိတ်ခွေဆိုင်လေး ဖွင့်ထားတော့ ပျဉ်းမငုတ်တိုဇာတ်လမ်း၊ ဒေါက်တာဆိတ်ဖွားဇာတ်လမ်း တွေကို တိတ်ခွေ နဲ့နားထောင်ခဲ့တယ်။
စီဒီခွေတွေ၊ ဒီဗွီဒီတွေ တွေပေါ်လာတော့ တိတ်ခွေတွေမရှိတော့ဘူး။

💠အခုဆို youtube တွေ၊ ဖေ့ဘုတ်တွေရှိတော့ T.V တောင်မကြည့်ဖြစ်တော့ဘူး။

💠လမ်းထိပ်မှာ ကြော်ငြာပန်းချီဆွဲပေးတဲ့ ပန်းချီဆိုင်လေးတစ်ဆိုင်ရှိတယ်။
ဗွီနှိုင်းတွေ၊ ကွန်ပျူတာ ဆော့ဝဲလ်တွေပေါ်လာတော့ အဲဒီဆိုင်လေး မရှိတော့ဘူး။

💠ဒီဂျစ်တယ် ကင်မရာတွေပေါ်လာတော့ .. ဖလင်ကင်မရာတွေမရှိတော့ဘူး။

💠ဂဏန်းပေါင်းစက်တွေ ပေါ်လာတော့ .. ပေတီးမခေါက်တော့ဘူး။

💠စမတ်ဖုန်းတွေ ပေါ်လာတော့.. ကီးပတ်ဖုန်းတွေ မသုံးချင်ကြတော့ဘူး။

💠အီးမေးလ်တွေ ပေါ်လာတော့.. စာတိုက်ကနေစာပို့တာနည်းသွားတယ်။

💠messenger chat မက်ဆင်ဂျာ တွေ ပေါ်လာတော့.. ဖုန်းနဲ့ SMS မပို့တော့ဘူး။

💠Google map တွေပေါ်လာတော့ .. မြေပုံစာအုပ်တွေ မရှိတော့ဘူး။

💠အင်တာနက်တွေ ပေါ်လာတော့ .. စွယ်စုံကျမ်းတွေ မထားကြတော့ဘူး။

အခု …

🔰 Sila- Nano Technology နည်းပညာသစ်တွေပေါ်လာပြီ..

🔰 E.V ကား တွေပေါ်လာပြီ..

🔰 Autonomous Vehicles ( A.V ) တွေ ပေါ်လာပြီ..

🔰 3D Printing တွေ ပေါ်လာပြီ..

🔰 Cloud Technology တွေပေါ်လာပြီ..

🔰 Perovskite solar cell ဆိုလာနည်းပညာသစ် တွေ ပေါ်လာပြီ..

🔰 Tiktok တွေ ပေါ်လာပြီ..

🔰 Crypto နဲ့ Blockchain တွေ ပေါ်လာပြီ..

🔰 Loon Project တွေပေါ်လာပြီ..

🔰Space X နဲ့ Aquila Project တွေပေါ်လာပြီ..

🔰Genome Sequencing တွေေ ပေါ်လာပြီ..

🔰Crispr 2.0 နဲ့ DNA editing နည်းပညာတွေပေါ်လာပြီ..

🔰A.I က လူသားတွေရဲ့ ဆုံးဖြတ်ချက်ထဲထိ ဝင်ရောက်လာပြီ..

🔰Robotic နည်းပညာမြင့်လာလို့ Sophia တောင် နိုင်ငံသားကဒ်ရပြီ။

🔰metaverse တွေ ပေါ်လာပြီ..

အင်း .. ဒါတောင် အများကြီးကျန်သေးတယ်။

အသိလေးတစ်ခု ပဲ .. ဝင်လာတယ်..

ပြီးခဲ့တဲ့ နှစ်ပေါင်း (၃၀) အတွင်းမှာ တော်တော်ပြောင်းလဲ သွားပါလားဗျာ..

ကျွန်တော်… တိုးတက်ဖို့ အများကြီး ကြိုးစားရဦးမယ်..

ကျွန်တော် .. ပြောင်းလဲဖို့ အများကြီး ကြိုးစားရဦးမယ် … လို့တွေးမိရင်း ..။ ။

Related Articles

လှိုင်းဆိုတာ အတက်ရှိသလို အကျရှိစမြဲ

ပင်လယ်ပြင်မှာ ရေလှိုင်းတွေရှိသလို၊ စီးပွားရေးဈေးကွက်မှာလဲ ဈေးကွက်လှိုင်းတွေ ရှိတယ်။ ဖြစ်ခဲ့တဲ့ စျေးကွက်လှိုင်းတွေကဘာတွေလဲ ဆိုတော့… ဆိုလာလှိုင်း အောက်စီဂျင်စက်လှိုင်း ဆက်သွယ်ရေးဆင်းကဒ် လှိုင်း ဖုန်း နှင့် အပိုပစ္စည်း လှိုင်း MP3 နှင့် အခြားပစ္စည်းလှိုင်း အိမ်ခြံမြေလှိုင်း လျပ်စစ်ပစ္စည်းလှိုင်း တရုတ်လူသုံးကုန်ပစ္စည်းလှိုင်း ဆောက်လုပ်ရေး လှိုင်း ကျောက်စိမ်းလှိုင်း…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

Responses

Your email address will not be published. Required fields are marked *