မားကတ်တင်း လမ်းပြကြယ်

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။

✨ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊

ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် ..

ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။

S.T.A.R ( မားကက်တင်း လမ်းပြကြယ် )

***********************

🔶1. See

ဈေးကွက်မှာ ကိုယ့်ကုန်ပစ္စည်းကို များများမြင်အောင်လုပ်ပါ။

မြင်ပါများတော့ ယဉ်၊

ယဉ်ပါများတော့ ခင် တာပါပဲ။

ခင်တဲ့မင်တဲ့သူ ကို ကိုယ်လိုအပ်လာချိန်မှာ သတိရသလိုပဲ ..

ဈေးကွက်မှာ ထုတ်ကုန်ပစ္စည်းတွေအများကြီးထဲက .. စားသုံးသူတွေလိုအပ်လာချိန်မှာ ကိုယ့်ကုန်ပစ္စည်းကို သတိရနေဖို့လိုပါတယ်။

ကိုယ့် ထုတ်ကုန်ပစ္စည်းကို များများမြင်အောင်လုပ်ပါ။

ကိုယ့်ကြော်ငြာကို များများမြင်အောင်လုပ်ပါ။

များများမရောင်းရသေးတာ .. များများ မမြင်ကြသေးလို့ပါ။

များများမြင်အောင်လုပ်ရင်… များများရောင်းရပါလိမ့်မယ်။

🔶 2. Try

များများ စမ်းသုံးကြည့်စေပါ။

အရသာကောင်းမကောင်း မြည်းကြည့်မှ သိပါတယ်။

လူကောင်းမကောင်း ပေါင်းကြည့်မှ သိပါတယ်။

ပစ္စည်းကောင်းမကောင်း သုံးကြည့်မှ သိပါတယ်။

ကွာလတီ ဆိုတာ သုံးကြည့်တဲ့ အတွေ့အကြုံကနေ လာပါတယ်။

ကိုယ့်ထုတ်ကုန်ပစ္စည်းကို လူများများ သုံးကြည့်စေပါ။

ဝယ်ယူသူတွေရော၊ မဝယ်ရသေးသူတွေပါ လူများများ သုံးကြည့်နိုင်မယ့် နည်းလမ်းတွေ စဉ်းစားပါ။

ဝယ်မှမဟုတ်ပဲ .. စမ်းသုံးသူတွေများလာအောင်လုပ်ပါ။

ကိုယ့်ကုန်ပစ္စည်းပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိတယ်ဆိုရင် ဝယ်ဝယ်မဝယ်ဝယ် စမ်းသုံးခိုင်းကြည့်လိုက်ပါ။

ဝယ်သူတွေ များလာပါလိမ့်မယ်။

🔶3. Available

နေရာများများ မှာ ရနိုင်အောင်လုပ်ပါ။

ဝယ်ယူမှုတော်တော်များများက အလွယ်တကူ ရနိုင်မရနိုင် နဲ့ဆိုင်ပါတယ်။

စတိုးဆိုင်မှာ ခင်းကျင်းထားတဲ့ ပစ္စည်းစင် ပေါ်မှာ လွယ်လွယ်ကူကူ လှမ်းယူနိုင်တဲ့ ပစ္စည်းက မြင့်လွန်း နိမ့်လွန်းမှာ ခင်းကျင်းထားတဲ့ ပစ္စည်းတွေထက် ပိုရောင်းရပါတယ်။

တစ်နေရာတည်းမှာတောင် လှမ်းယူရခက်လို့မဝယ်ကြဘူး ဆိုရင် ကိုယ့်ပစ္စည်းကို တစ်နာရီလောက်ကားမောင်းပြီး တစ်ဆိုင်ပြီး တစ်ဆိုင်ရှာဝယ်ဖို့ဆိုတာ ကိုယ့်ပစ္စည်းက တန်ဖိုးကြီးလွန်းမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

အိမ်ဆိုင်မှာလဲ ရနိုင်သလို၊ အွန်လိုင်းမှာ လဲ ရနိုင်အောင်လုပ်ပါ။

ကိုယ့်ဆိုင်မှာလဲ ရနိုင်သလို ၊ သူများဆိုင်တိုင်းမှာလဲ ရနိုင်အောင်လုပ်ပါ။

ကိုယ့်မြို့မှာလဲ ရနိုင်သလို ၊ မြို့တိုင်းမှာလဲ ရနိုင်အောင်လုပ်ပါ။

နေရာများများ ရနိုင်လေလေ၊ အရောင်းများများ ရလေလေပါ။

🔶 4. Reputation

ဂုဏ်သတင်း ပျံ့နှံ့စေပါ။

နာမည်ကောင်းဆိုတာ ဂုဏ်သတင်းပါပဲ။ ဒါကိုပဲ ဘရန်းလို့လဲ ခေါ်ကြပါတယ်။ ကိုယ့်မှာ ဂုဏ်သတင်းကောင်းရှိတယ်ဆိုရင် များများ မြန်မြန် ပျံ့နှံ့စေပါ။ ပန်းသတင်းလေညှင်းဆောင်သလို ၊ ဂုဏ်သတင်း လူချင်း ဆောင်ပြီး တစ်ယောက်စကား၊ တစ်ယောက်နားမှာ ကြားသိရအောင် မားကက်တင်း လုပ်ဆောင်ပါ။

✅မရောင်းရသေးဘူးဆိုတာ ကိုယ့်ဂုဏ်သတင်း ၊ ကောင်းသတင်းကို လူမသိသေးတာပါ။

ကိုယ့်ဂုဏ်သတင်းကို များများသိလေလေ၊ လူများများ စိတ်ဝင်စားလေလေပါပဲ။

စိတ်ဝင်စားသူများလေလေ၊ ဝယ်ယူသူများလေလေပါပဲ။

လူတိုင်းမှာ ကောင်းတဲ့ အချက်လေးတွေ ရှိပါတယ်။

လုပ်ငန်းတိုင်းမှာလဲ ကောင်းတဲ့အချက်လေးတွေရှိပါတယ်။ လူသိများတာနဲ့မများတာပဲကွာတာပါ။

လုပ်ငန်းတစ်ခုအနေနဲ့ အဲဒီ ကောင်းဂုဏ် ကို ပျံ့နှံ့စေပြီး လူသိများအောင်လုပ်ဖို့ပဲ လိုပါတယ်။

မလုပ်တတ်ရင်တော့ ကျွန်တော် မာသင် ရေးတဲ့ “ဘရန်းမားကက်တင်း – ကိုယ်ပိုင်ဘရန်း နှင့် စီးပွားရေးဘရန်းတည်ဆောက်ခြင်း အိုင်ဒီယာ (၃၀)” ဆိုတဲ့ စာအုပ်ကို ဝယ်ဖတ်ဗျာ။ ပြီးတော့ တစ်ခုချင်းစီလုပ်ဗျ။ 😁 ကြော်ငြာတာ။

ကဲ .. ဈေးကွက်မှာ လမ်းပျောက်ပြီး ကိုယ့်စီးပွားရေးလုပ်ငန်းအတွက် ဘာလုပ်ရမှန်းမသိဘူးဗျာ ဆိုရင် အခု ရှင်းပြထားတဲ့ S.T.A.R ဆိုတဲ့ မားကက်တင်း စတား လေးခု ကို တစ်ခုချင်းစီ စဉ်းစားပြီးလုပ်ကြည့်ပါ။

လွယ်လွယ်ကူကူ စာတိုလေးနဲ့မှတ်ချင်ရင်တော့ …

“ မားကက်တင်းစတား၊ ကြိမ်ဖန်ပွား၊ စီးပွားတက်မည်တည့်” ပေါ့ဗျာ။ …. ။

စာဖတ်သူများ လုပ်ငန်းကောင်းရောင်းအားတက်ကြပါစေ။

မာသင်

လိုတိုရှင်းမျှဝေသည်။

Related Articles

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

Responses

Your email address will not be published. Required fields are marked *