မတူညီ ကွဲပြားခြားနားမှုဖြင့် မိမိလုပ်ငန်းကို ခွဲထွက်ပါ။

marthin
difference, mobile phone, smartphone

မတူညီ ကွဲပြားခြားနားမှုဖြင့် မိမိလုပ်ငန်းကို ခွဲထွက်ပါ။

Designer Water

ဒီဇိုင်နာ ရေသန့် ထွက်လာကတည်းက သာမာန်ရေသန့်ဗူးမဟုတ်ဘူးဆိုတာ ရေသန့်ဗူးဝယ်သူတိုင်းသိပါတယ်။ သူ့ရဲ့ဗူး ဒီဇိုင်းဆိုတာထက် မတူညီ ကွဲပြားခြားနားမှုရဲ့တန်ဖိုး ပေါင်းထဲ့မှုကြောင့် ရေသန့်ဗူး ထက်ပိုတဲ့ ရေသန့်ဗူး ဆိုတဲ့ခံစားမှုနဲ့ သောက်သုံးဝယ်ယူခဲ့ကြပါတယ်။

Starbucks ကော်ဖီဆိုင်

Howard Schultz ဆိုတဲ့ လူငယ်တစ်ယောက် အီတလီ ကိုရောက်တုန်းအတွေးတစ်ခုရခဲ့တယ်။ ကော်ဖီဆိုင် ဆိုတာ ကော်ဖီပူပူကောင်းကောင်းတစ်ခွက်ရောင်းတာ ထက်ပိုတယ်။ ကော်ဖီရဲ့နောက်ကွယ်က လူနဲ့ကော်ဖီရဲ့ဆက်စပ်မှု၊ တတိယအိမ်ဆိုတဲ့အိုင်ဒီယာ ရဲ့မွေးဖွားခြင်းအစပြုပြီး ကော်ဖီဆိုင် ချိန်း ကြီး တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။
မှတ်ချက်။ ။ တတိယအိမ် အိုင်ဒီယာ ကို အောက်ပါလင့်တွင်ကြည့်ပါ။
တတိယအိမ်


https://web.facebook.com/325886811165817/videos/448601938894303/

IKEA ပရိဘောဂ အရောင်းဆိုင်

“a better everyday life for the many people” ဆိုတဲ့ဆောင်ပုဒ်နဲ့ အတူ အရေသွေးကောင်းမွန်တဲ့ပရိဘောဂ ပစ္စည်းတွေကို သက်သာတဲ့ဈေးနုန်းတဲ့ ဈေးကွက်ထဲတင်သွင်းလာခဲ့တဲ့ IKEA.
အရောင်းဆိုင်တွေမှာ မိသားစုကစားကွင်းတွေ၊ စားသောက်ဆိုင်တွေ ထားပေးထားပြီး better everyday life ဆိုတာ ပရိဘောဂ ရောင်းတာထက်ပိုပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့အကြီးဆုံး ပရိဘောဂ အရောင်းဆိုင်ချိန်း တစ်ခုဖြစ်လာခဲ့ပါတယ်။
မတူညီကွဲပြားမှု ကို ဈေးကွက်က တန်ဖိုးတစ်ခု အဖြစ် သတ်မှတ်ပါတယ်။ အခြားသက်သေများကတော့ …..
Body Shop
Easy Jet
Quaker Oat
Coca-cola
Tom Shoes
————————————/———-

အကျဉ်းချုပ်

မတူညီကွဲပြားခြားနားခြင်းဆိုတာ….
ကုမ္မဏီရဲ့logo အမှတ်တံဆိပ်မတူတာကို ပြောတာမဟုတ်သလို၊ Packaging ထုပ်ပိုးပုံမတူတာကိုလဲ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုရဲ့ပင်မ အိုင်ဒီယာ မတူညီတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု ရဲ့ပင်မ အိုင်ဒီယာ ဆိုတာ …အချက် (၃) ချက်ကနေ စတင် စဉ်းစားရပါတယ်။
(၁) ဈေးကွက်ရဲ့အခက်အခဲကို ဖြေရှင်းခြင်း


ရက်ကွက်မှာ သောက်ရေသန့်ရဖို့အခက်အခဲရှိနေသလား၊ ဘာကြောင့်အခက်အခဲဖြစ်နေသလဲ။ ကူညီဖြေရှင်းပေးရာကနေ လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။
(၂) လက်ရှိ ကုန်ပစ္စည်း/ဝန်ဆောင်မှု ကို ပြုပြင်ဆန်းသစ်ခြင်း


အိမ်တိုင်ယာရောက် one-stop service အနေနဲ့အဲယားကွန်း လိုက်လံပြင်ဆင်ပေးသလား။ ဒါမှမဟုတ်. ငွေလွဲတာကို ဘဏ်သွားစရာမလိုပဲ အိမ်မှာပဲ ဖုန်းကနေ တစ်ထိုင်တည်း လွဲလို့ရတာလား။
(၃) အသစ်တီထွင်ခြင်း


ipad, iphone ဆိုတာ ဈေးကွက် ကသိလို့ဒီလို ကုန်ပစ္စည်းမျိုးတောင်းဆိုတာမျိုးမဟုတ်ပဲ၊ Apple ကုမ္မဏီ က ဈေးကွက်မသိတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှု တစ်မျိုးကို အသစ်တီထွင်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။
——————————-/—————-

📮အပိုလက်ဆောင် ဒဿန

လူတိုင်း အဖွဲ့အစည်းတစ်ခုခု မှာ ပါဝင်ခြင်း ဆိုတဲ့( Sense of belonging) စိတ်ဓတ်ရှိကြပါတယ်။
ဘယ်သူမှ အထီးကျန်ခြင်း ဆိုတာ မခံစားချင်ကြပါ။
အဖွဲ့ တစ်ခုခု ရဲ့ အဖွဲ့ဝင်ဖြစ်နေလေ့ရှိပါတယ် ။
ဒါပေမယ့် …ဘယ်အဖွဲ့ဝင်လဲ ဆိုတာ ကတော့ ..စားသုံးသူ ရဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
သမားရိုးကျ အဖွဲ့ဝင်လား ။
မတူညီ ထူးခြားတဲ့၊ ဆန်းသစ်မှု တွေကို နှစ်သက်လိုလားတဲ့ အဖွဲ့ ဝင်လား။
✔️Coke သောက်သူလား၊ Pepsi သောက်သူလား။
✔️Mac ကွန်ပျူတာသုံးသူလား၊ PC သုံးသူလား။
✔️Rolex နာရီသုံးသူလား၊ digital နာရီသုံးသူလား။
✔️Mercedes ကားစီးသူလား၊ Toyota ကားစီးသူလား။
✔️Apple iphone (ios) သုံးသူလား၊ Android သုံးသူလား။
သေချာတာကတော့ ….မတူညီကွဲပြားခြားနားမှု က တန်ဖိုး ပိုလေ့ရှိပါကြောင်း …ပါခင်ဗျာ။
🙏စာဖတ်သူသို့တောင်းဆိုမှု။ ။🙏


မတူညီ ကွဲပြားတဲ့အိုင်ဒီယာ ရှိတဲ့သင်သိတဲ့လုပ်ငန်း အမည် နဲ့ဘယ်လို လုပ်ကြတယ် ဆိုတာ အများလေ့လာ သိရအောင် မန့်ခဲ့ပါ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...