ဘေးထွက်ထုတ်ကုန်

ထုတ်ကုန်တစ်ခုကို ထုတ်တယ်.. တစ်ခုပဲ ထွက်လာတာမဟုတ်ပဲ အခြားသော ဘေးထွက်ထုတ်ကုန် တွေပါထွက်တယ်။
ဥပမာ ..စပါးကိုကြိတ်ပြီး ဆန်ထွက်လာအောင်လုပ်တယ်.. ဆန်ပဲထွက်လာတာမဟုတ်ပဲ စပါးခွံ့ထွက်တယ်၊ စကွဲ ထွက်တယ်၊ ဖွဲနု ဖွဲကြမ်း ထွက်တယ်။ ဒါတွေကိုဘေးထွက် ထုတ်ကုန်လို့ခေါ်တယ်။
သစ်ခွဲတယ်၊ သစ်ပဲထွက်တာမဟုတ်ဘူး၊ လွစာမှုန့် ဘေးထွက်လာတယ်။
ဖေ့ဘုတ်မှာပိုစ့်တင်ဖို့ရေးတယ်၊ ပိုစ့်တွေဆောင်းပါးတွေပဲ ထွက်တာမဟုတ်ပဲ ၊ စာအုပ်တစ်အုပ်ထွက်လာတယ်။
စာအုပ်တစ်အုပ်ရေးတယ်၊ စာအုပ်ပဲ ရလာတာမဟုတ်ပဲ ဘေးထွက်အဖြစ် စာအုပ်အခြေခံပြီး သင်တန်းတစ်တန်းထွက်လာတယ်။
ဘာပဲလုပ်လုပ်၊ ဘာပဲထုတ်ထုတ် ..
အဓိကထုတ်ကုန်အပြင်၊ ဘေးထွက်ထုတ်ကုန် ဆိုတာ အမြဲရှိတယ်။
စဉ်းစားစရာမေးခွန်း (၃) ခု ရှိတယ်..
၁။ ကိုယ့်လုပ်ငန်းရဲ့ ဘေးထွက်ထုတ်ကုန် တွေက ဘာတွေလဲ ?
၂။ ကိုယ့်အတွက် အမှိုက်ဆိုပေမယ့် ဘယ်လိုလူတွေအတွက်ရွှေဖြစ်နိုင်မလဲ ?
၃။ အဲဒီ ဘေးထွက်ထုတ်ကုန်တွေကို ဘယ်လိုငွေဖော်နိုင်မလဲ ?
စဥ်းစားပါ ။
Responses