ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

✨စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

⭐ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။ ပြီးရင်နောက်တစ်ယောက်.. နောက်တစ်ယောက် .. ။

⭐ပြိုင်ပွဲဆိုရင် .. တစ်ယောက်ယောက်နိုင်ရင် ပွဲရပ်သွားတယ်။ စီးပွားရေးဈေးကွက်မှာ သူက ငါ့ကို အခု နိုင်ပေမယ့်.. ပွဲမပြီးသေးဘူး၊ ငါ သူ့ကို ပြန်နိုင်အောင်ကြိုးစားနိုင်သေးတယ်.. ပွဲမပြီးသေးဘူး ကိုယ့်လူ။

⭐ပြိုင်ပွဲဆိုရင်.. ပုံသေသတ်မှတ်ထားတဲ့ ပန်းတိုင်ရှိတယ်။ စီးပွားရေးဈေးကွက်မှာ ပန်းတိုင်က ရွှေ့လျားတိုးတက်နေတယ်။ ဒီနေ့ မှာ ပေါက်ရောက်အောင်မြင်ပေမယ့် နောက်နေ့မှာ ကိုယ်ရောက်တဲ့နေရာက ပန်းတိုင် မဟုတ်တော့ဘူး။

⭐ပြိုင်ပွဲဆိုရင်.. လားရာတစ်ခုတည်းကိုပဲ အကုန်သွားကြတယ်။ စီးပွားရေးဈေးကွက်မှာ သွားတဲ့သူကသွား၊ နောက်ပြန်ဆုတ်တဲ့သူကဆုတ်နေကြတယ်။

⭐ပြိုင်ပွဲဆိုရင် .. တိကျတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ စီးပွားရေးဈေးကွက်မှာ စည်းကမ်းတွေက ပြောင်းလဲနေတယ်။ အရင်တုန်းက လုပ်လို့ရတဲ့အရာ၊နည်းလမ်းတွေက ဒီနေ့ မှာ လုပ်လို့မရတော့ဘူး။ အရင်တုန်းက အဲ့လို လုပ်ခဲ့လို့ဒီနေ့ဒီနေရာရောက်လာရင်တောင် .. ဒီအတိုင်းဆက်လုပ်သွားလို့နောက်တစ်နေရာ ရောက်မယ်လို့ပြောလို့မရတော့ဘူး။

ဒါကြောင့် .. ပြိုင်ပွဲ မဟုတ်ပဲ .. ပြိုင်ပွဲ လို့ထင်နေရင် .. သူများကိုယ့်ကို ကျော်တက်သွားတဲ့အခါ ကြေကွဲတာပေါ့။😰

✔အဓိက ပြိုင်ရမှာ က .. သူ့ကို ကျော်ဖို့မဟုတ်သလို၊ နိုင်ဖို့လဲမဟုတ်ဘူး… ပြေးလမ်းပေါ်မှာ ကြာကြာပြေးနိုင်ဖို့ပဲ၊

တနည်းအားဖြင့် ကိုယ့်လုပ်ငန်းသက်ရှည်ဖို့၊ ဈေးကွက်မှာ ရေရှည် ကြာကြာရပ်တည်နိုင်ဖို့ ဆိုတာက ပိုအဓိက ကျတယ်။

ဒါကြောင့် .. ကိုယ့်ကိုယ် ကို မေးခွန်းတစ်ခု ပြန်မေးပါ..

ငါ ပြိုင်ပွဲ ဝင်နေတာလား၊ စီးပွားရေးလုပ်နေတာလား ❓… လို့။ ။

Related Articles

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။ လုပ်ဆောင်စရာတွေအများကြီးက…

လူသိများအောင်လုပ်ပါ ။

 ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ပြသထားတဲ့ Louvre ပြတိုက် ထဲမှာ ပန်းချီကားပေါင်း (၃၅ ၀၀၀) ရှိတယ်။ ခရစ်တော်မပေါ်မီ ၆ ရာစု က စပြီး ၁၉ ရာစု ထိ ရှေးဟောင်းအီဂျစ်လက်ရာ၊ ရှေးဟောင်းဥ ရောပ ပန်းချီလက်ရာမျိုးစုံ ကို ခန်းမကြီး…

မဝယ်ခင် စမ်းသုံးရမှ ကြိုက်လာသော ဈေးကွက် နှင့် စမ်းသုံးခွင့်နည်းလမ်း (၄) မျိုး

မဝယ်ခင် စမ်းသုံးရမှ ကြိုက်လာသော ဈေးကွက် နှင့် စမ်းသုံးခွင့်နည်းလမ်း (၄) မျိုး******************************** အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။  အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။…

ရိုးရိုးရှင်းရှင်း မားကတ်တင်း

☆ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်..What’s on your mind  တဲ့ ။ဘာတွေတွေးနေလဲ .. ပေါ့။ ☆တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s happening  တဲ့ ။ဘာတွေဖြစ်နေလဲ ..…

Responses

Your email address will not be published. Required fields are marked *