ဘယ်လိုဈေးကွက်ဖောက်ရမလဲ ?

ဘယ်လိုဈေးကွက်ဖောက်ရမလဲ ?

ဘယ်လိုဈေးကွက်ဖောက်ရမလဲ ?

ကိုယ့်လုပ်ငန်းကို ဈေးကွက်ဘယ်လို ဖောက်ရမှန်းမသိ ဖြစ်နေရင် .. ဒါလေးစဉ်းစားကြည့်ပါ။

⭐၁။ ပေါက်ပြီးသားဆိုတဲ့ လုပ်ငန်းတွေကို ကြည့်။

⭐၂။ စားသုံးသူ မကျေနပ်ဖြစ်နေတဲ့အရာကို ရှာ။

⭐၃။ အကောင်းဆုံးဖြစ်အောင်လုပ်။

ဈေးကွက်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ နံပါတ် (၁) ဆိုတဲ့လုပ်ငန်းတိုင်း.. ထုတ်ကုန်တိုင်းမှာ.. သူတို့ ဘယ်လောက်ကောင်းကောင်း .. စားသုံးသူတွေ မကျေမနပ်ဖြစ်နေတဲ့ အရာ၊ ဖောက်သည်တွေ စိတ်ကွက် စိတ်ပျက် နေတဲ့ အရာတွေရှိတယ်။

အဲဒီ အရာတွေကို အကောင်းဆုံး ဖြစ်အောင် ကိုယ်က လုပ်​ ပေး နိုင်သလား❓

အဲဒီ နံပါတ်(၁) ရဲ့အားနည်းချက် ကို ကိုယ့်ရဲ့အားသာချက် အဖြစ်တင်ပြပြီး ဈေးကွက်ထိုးဖောက်နိုင်သလား ❓

🔴သူ့ဆိုင်က အိမ်တိုင်ရာရောက်မပို့ နိုင်လို့ စားသုံးသူ တွေ မကျေမနပ်ဖြစ်နေရင် .. ကိုယ့်ကို ဘာကြောင့်ရွေးချယ်သင့်သလဲ ပြောပါ။

🔴သူ့လုပ်ငန်းက မချေမငံဆက်ဆံလို့စားသုံးသူတွေ ပြောနေကြရင်.. ကိုယ့်ကို ဘာကြောင့် ရွေးချယ်သင့်သလဲ ပြောပါ။

🔴သူ့ အားနည်းချက် အတွက် .. ကိုယ်သည် “ရွေးချယ်စရာ” ဖြစ်စေပါ။

ဈေးကွက်နံပါတ် (၁) လုပ်ငန်း ရဲ့အစိတ်အပိုင်းတစ်ခု ကို (သို့) ဝန်ဆောင်မှု တစ်ခု ကို မကျေနပ်သူများအတွက် ကိုယ်သည် “အခြားအကောင်းဆုံး ရွေးချယ်စရာ” ဖြစ်စေပါ။

ကိုကာကိုလာရဲ့ “မူလလက်ဟောင်း၊ အိုဟောင်း ကြာမြင့်ပြီဖြစ်သော Product” ဆိုတဲ့ အရာ ကို…
ပက်စီ က “အသစ်အဆန်းဖြစ်သော၊ လူငယ်ကြိုက်ဖြစ်သော” .. ဆိုတဲ့အရာနဲ့ဆန့်ကျင်ပြီး ဈေးကွက်ရလာတယ်။

ဒါကို ဈေးကွက် ရဲ့ 💛 Best Alternative လို့ခေါ်ပါတယ်။

သူ့ကို မကြိုက်ရင် .. ကိုယ့် ကို ရွေးပါ။ အကောင်းဆုံး လုပ်ပေးပါမယ်.. ဆိုတာမျိုးပေါ့။

💠💠💠
“ဈေးကွက်မှာ နံပါတ် (၁) လုပ်ငန်း လုပ်သမျှကို အတုလိုက်ခိုးပြီး လုပ်နေရင် .. ကိုယ်က နံပါတ် (၂) ပဲ အမြဲဖြစ်နေမယ်။
.. ဒါကြောင့် ဈေးကွက်မှာ တစ် (၁) ဆိုတာ တစ်နေရာပဲရှိပြီး ၊ နှစ် (၂) တွေကတော့ အများကြီးရှိနေတာပေါ့။”
💠💠💠

အခြား အကောင်းဆုံး ရွေးချယ်စရာ ( Best Alternative ) ဆိုတာ သူ့ကို အတုယူပြီး ဈေးကွက်ဖောက်တာမဟုတ်ဘူး၊

သူမှာမရှိတဲ့အရာ၊ သူမလုပ်နိုင်တဲ့အရာ၊ သူအားနည်းချက်ဖြစ်နေတဲ့အရာ ကို ကိုယ်က ပိုကောင်းအောင် ကြိုးစားပြီး ရွေးချယ်စရာတစ်ခု အနေနဲ့ဈေးကွက်ထိုးဖောက်တာဖြစ်ပါတယ်။

Related Articles

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

အခကြေးငွေ ကောက်ခံပုံစံ (၇) မျိုး

Blockbuster ဆိုတာ တစ်ချိန်တုန်းက အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဗွီဒီယို DVD ခွေဌားလုပ်ငန်းကြီးပေါ့။ 2004 ခုနှစ်မှာ ခွေဌားဆိုင်ပေါင်း ၉၀၉၄ ဆိုင်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ၈၄၃၀၀ ကျော်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ရှစ်သောင်းကျော်ဆိုတာ မနည်းဘူး။ ဝင်ငွေအနေနဲ့ 2010 တစ်နှစ်ထဲကိုပဲ ဒေါ်လာသန်းပေါင်း ၃၂၄၀ (…

စီးပွားရေးလုပ်ငန်းများအတွက် အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေး ဆွေးနွေး၊သဘောတူ ခွင့်ပေး၊ စောင့်ကြည့် မလွဲခင် အထိ လုပ်ရန် ၆ ခုသာ။” ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ… တစ်ခုချင်းစီရှင်းပြပါမယ်.. အဆင့် (၁) ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။ ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ…

Responses

Your email address will not be published. Required fields are marked *