ပြဿနာဆိုတာ အမြဲရှိတယ် ။

ပြဿနာဆိုတာ အမြဲရှိတယ် ။

စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။
နည်းပညာ၏သဘောသဘာ၀ ( The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။

“Every technology creates a new problem in place of the one it solves” .. တဲ့။

” အခက်အခဲပြဿနာတစ်ခုကို ဖြေရှင်းဖို့ဖန်တီးထွက်ပေါ်လာတဲ့ အရာ (နည်းပညာ) တစ်ခုက နောက်ထပ်ပြဿနာတွေကို ဖြစ်ပေါ်စေတယ်” .. ဆိုပဲ။

⚙ ဓတ်ဆီ ဒီဆယ်အင်ဂျင်တွေက ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးရဲ့အခက်အခဲ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတယ်။ .. အဲဒီ အင်ဂျင်ကပဲ .. အဆိပ်အသောက်ဖြစ်နိုင်တဲ့ မီးခိုးငွေ့ထုတ်လွတ်တဲ့ ပြဿနာ ကို ထပ်ဖြစ်စေခဲ့တယ်။

⛔ Chemical Pesticides ပိုးသတ်ဆေး နဲ့ဓတ်မြေသြဇာ တွေက စိုက်ပျိုးရေးရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးစေခဲ့တယ်၊ .. အဲဒီ ပိုးသတ်ဆေးနဲ့ကမ်မီကယ်ဆေးတွေကြောင့် Organic သြဂဲနစ် အသီးအနှံ တွေကို ရှားပါးစေခဲ့တယ်။

🥚 ဆေးဝါးတွေကြောင့် ကြက် ဝက်တွေရဲ့အသားဖွံ့ဖြိုးတိုးတက်မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ဈေးကွက်လိုအပ်ချက် အတိုင်း တိုးမြင့်ထုတ်လုပ်နိုင်ခဲ့ကြတယ်။ .. အဲဒီ ဆေးဝါးတွေကြောင့်ပဲ သဘာဝအတိုင်းမွေးမြူထားတဲ့ ဗမာကြက် ဝက် နဲ့ ကြက်ဥ တွေကို ရှားပါး တန်ဖိုးတက်စေခဲ့တယ်။

📱 စမတ်ဖုန်းတွေကြောင့် ဆက်သွယ်ရေးကဏ္ဍ ရဲ့အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး လူသားအချင်းချင်း ဆက်သွယ်မှု မြင့်တက်လာခဲ့တယ်။ .. အဲဒီ ဖုန်းနည်းပညာကြောင့် ပဲ ကိုယ်ပိုင်အချိန်တွေကို နှောင့်ယှက်ခံရပြီး အာရုံစိုက်နိုင်မှုတွေရှားပါလာခဲ့တယ်။

🚯 ပလတ်စတစ် တွေကြောင့် ထုတ်ပိုးသယ်ယူပို့ဆောင်ရေး အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး အရည်တွေကို မဖိတ်မစင် သယ်ယူထုတ်ပိုးလာနိုင်ခဲ့ကြတယ်။ .. အဲဒီ ပလတ်စတစ်တွေကပဲ မြေထုညစ်ညမ်းမှု နဲ့ ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှု ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့တယ်။

ဒါကြောင့် ကောက်ချက်ဆွဲ လို့ရတဲ့ အတွေးအခေါ်တစ်ခု က ..

👉” အခက်အခဲတစ်ခု ကို ဖြေရှင်းဖို့လုပ်ထားတဲ့အရာတစ်ခု က နောက်ထပ်ပြဿနာကို အမြဲဖြစ်စေတယ်” … ဆိုတဲ့ အတွေးအခေါ်ယူဆချက်ပါပဲ။

ဒါကြောင့် .. ပြဿနာ ဆိုတာ အမြဲရှိနေမှာပါပဲ။ ✅

ဖန်တီးထုတ်လုပ်မှု တွေရှိနေသ၍ .. ပြဿနာ ဆိုတာ အမြဲ ရှိနေမှာပါပဲ။

ပြဿနာ ရှိရင် .. အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အခွင့်အလမ်း ဆိုတာ အမြဲ ရှိနေမှာပါပဲ။

အခွင့်အလမ်းတွေ ရှိနေသ၍ .. စီးပွားရေးအိုင်ဒီယာ နဲ့လမ်းကြောင်း အခွင့်အရေး တွေ ရှိနေဦးမှာပါပဲ။

အဓိကယုံကြည်ထားရမှာကတော့ ..

စီးပွားရေး အခွင့်အရေးသစ်တွေ ဆိုတာ အမြဲ ရှိပါတယ်။

လုပ်ငန်းတစ်ခု အနေနဲ့ဘယ်အခွင့်အလမ်း ကို ဖမ်းဆုပ်မလဲ၊ ဘယ်လို ပြသနာမျိုးကို ဖြေရှင်းပေး ပြီး လူမှုအသိုင်းအဝိုင်းကို ကောင်းမွန် သက်ရောက်မှုရှိအောင်လုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ပဲ မူတည်ပါတယ်။

Related Articles

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

“Don’t sell them, tell them”

ရောင်းမယ့်အစား.. (များများ)ပြောပြလိုက်ပါ.. တဲ့။  ရောင်းခြင်းမှာ ကိုယ့်အကြောင်း၊ ကိုယ့်ထုတ်ကုန်အကြောင်း ကို အာရုံစိုက်ပြီး၊ဝယ်ယူစေခြင်းမှာ စားသုံးသူအကြောင်း ကို အာရုံစိုက်ပါတယ်။  ရောင်းခြင်းမှာ ကိုယ့်ရောင်းကုန်ရဲ့ အသုံးဝင်ပုံကို အာရုံစိုက်ပြီး၊ဝယ်ယူစေခြင်းမှာ ဝယ်သူဘက်မှ အကျိုးဖြစ်စေမယ့် အရာတွေကို အာရုံစိုက်ပါတယ်။  ရောင်းခြင်း မှာ တွန်းအားပေးခြင်း ကို အာရုံစိုက်ပြီး ၊ဝယ်ယူစေခြင်းမှာ…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

အခကြေးငွေ ကောက်ခံပုံစံ (၇) မျိုး

Blockbuster ဆိုတာ တစ်ချိန်တုန်းက အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဗွီဒီယို DVD ခွေဌားလုပ်ငန်းကြီးပေါ့။ 2004 ခုနှစ်မှာ ခွေဌားဆိုင်ပေါင်း ၉၀၉၄ ဆိုင်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ၈၄၃၀၀ ကျော်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ရှစ်သောင်းကျော်ဆိုတာ မနည်းဘူး။ ဝင်ငွေအနေနဲ့ 2010 တစ်နှစ်ထဲကိုပဲ ဒေါ်လာသန်းပေါင်း ၃၂၄၀ (…

Responses

Your email address will not be published. Required fields are marked *