ပန်းတိုင်ကို မေ့ထားပြီး ရည်မှန်းချက်ကို ကြိုးစားပါ ။

ပန်းတိုင်ကို မေ့ထားပြီး ရည်မှန်းချက်ကို ကြိုးစားပါ ။

ဒီဇင်ဘာ .. သိပ်မကြာခင် နှစ်သစ်ရောက်တော့မယ်။
နှစ်သစ်မှာ ..
ပန်းတိုင် ကိုမေ့ထားပြီး .. ရည်မှန်းချက် ကို ကြိုးစားပါ။

🚩ပန်းတိုင် ဆိုတာ ဒီနှစ် “စာအုပ် ၅၀ အုပ်” ဖတ်ပြီးဖို့။

⭐ရည်မှန်းချက်က “စာဖတ်သူ” တစ်ယောက် ဖြစ်လာစေဖို့။

ပန်းတိုင်ထားရင် .. အုပ် ၅၀ ပြည့်ဖို့ပဲ စိတ်လောနေမယ်။ နှစ်ကုန်လို့၄၉ အုပ်ဖတ်ပြီးရင်အောင် ကိုယ့်ကိုယ်ကို ကျေနပ်မိမှာမဟုတ်ဘူး။

ရည်မှန်းချက်ထားရင်.. မလောဘူး၊ စာဖတ်သူ တစ်ယောက်ဖြစ်ဖို့က နေ့တိုင်းဖတ်နေဖို့ပဲ လိုတယ်။ ၃၆၅ ရွက်ပဲ ဖတ်ပြီးလို့ အိုင်ဒီယာပေါင်း ၃၆၅ ခုပဲ ရဦးတော့ ကျေနပ်တယ်။

လက်တွေ့ဘဝမှာ ..

စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ် ဆိုတာထက် .. စာဖတ်သူတစ်ယောက်ဖြစ်လာစေရမယ် ဆိုတာ ပိုအလုပ်ဖြစ်တယ်။ တောင်းဆိုချက်မမြင့်ဘူး၊ နေ့တိုင်းလုပ်ဖို့ပဲ။ နေ့တိုင်းဖတ်နေဖို့ပဲ။

နေ့တိုင်း စာဖတ်သူတစ်ယောက်အတွက် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်ပြီးတာပါပဲ။

ဆယ်တန်းအောင်ဖို့ စာကျက်တာ ထက်.. နေ့စဉ်စာကျက်သူ၊ စာဖတ်သူ တစ်ယောက်ဖြစ်ဖို့လိုတယ်။

ဒါကြောင့် process ကို ဂရုစိုက်။ လုပ်ဖြစ်အောင်လုပ်။ Result ရလဒ်တွေရလာလိမ့်မယ်။

ရလဒ်တွေပဲ ဂရုစိုက်နေရင် … Process ပျက်သွားလိမ့်မယ်။

Process ပျက်သွားရင် .. Target ပြည့်လို့ Result ရလဒ်ထွက်ရင်တောင် ပုံမကျ ပန်းမကျ ရလဒ်ပဲဖြစ်လိမ့်မယ်။

💠စာတစ်အုပ်ပြီးဖို့ထက် .. ငါ စာဖတ်သူ တစ်ယောက်ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။

💠ပေါင် ၃၀ လောက်ဝိတ်ကျရမယ် ဆိုတာထက်.. ငါ ကျန်းမာရေးလိုက်စားသူ တစ်ယောက်ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။

💠Target ပြည့်အောင် ရောင်းရမယ် ဆိုတာထက်.. ငါ အရောင်းသမားတစ်ယောက် ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။

💠ငါလုပ်တဲ့အလုပ် အောင်မြင်ရမယ် ဆိုတာထက်.. ငါ ဆိုတာအလျော့မပေးအလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်ရမယ်လို့ရည်မှန်းချက်ထားပါ။

ရည်မှန်းချက် မှန်ရင် ခံယူချက် (Identity) ကို ဖြစ်စေတယ်။

✔ အလုပ်ကြိုးစားသူသူ လို့ခံယူထားသူတစ်ယောက်အတွက် အလုပ်တွေ တစ်ခုပြီးတစ်ခု ကြိုးစားနေဦးမှာပါပဲ။

✔ အရောင်းသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ခုမဟုတ်တစ်ခုကို အမြဲ ရောင်းနေမှာ ပါပဲ။

✔ စာရေးဆရာ လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ပုဒ်ပြီး တစ်ပုဒ် အမြဲ ရေးနေဦးမှာပါပဲ။

✔ စီးပွားရေးသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု လုပ်နေဦးမှာပါပဲ။

တစ်ခု ပြီး တစ်ခု ကြိုးစားနေသူတစ်ယောက် ဆိုမှ တော့ .. တစ်နေ့မဟုတ်တစ်နေ့ အောင်မြင်တာ မြေကြီးလက်ခတ်မလွဲ ပါပဲဗျာ။ ။

Related Articles

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။ လုပ်ဆောင်စရာတွေအများကြီးက…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

လူသိများအောင်လုပ်ပါ ။

 ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ပြသထားတဲ့ Louvre ပြတိုက် ထဲမှာ ပန်းချီကားပေါင်း (၃၅ ၀၀၀) ရှိတယ်။ ခရစ်တော်မပေါ်မီ ၆ ရာစု က စပြီး ၁၉ ရာစု ထိ ရှေးဟောင်းအီဂျစ်လက်ရာ၊ ရှေးဟောင်းဥ ရောပ ပန်းချီလက်ရာမျိုးစုံ ကို ခန်းမကြီး…

Responses

Your email address will not be published. Required fields are marked *