နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။
နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။
နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။
အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။

လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊ ဖိအားဖြစ်စေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ထင်တာက ပလမ်ကောင်းရင်၊ လုပ်ဆောင်စရာတွေထွက်လာရင် အလုပ်ပိုလုပ်လာလိမ့်မယ်လို့ထင်နေကြပါတယ်။
ပလမ်ကို ကြည့်လိုက်ရင် ပက်လက်လန်စရာကောင်းလောက်အောင်ရှည်ပါတယ်။

…နှစ်သစ်မှာ ဝိတ်ချ မယ်။
…စာအုပ်တစ်အုပ်ပြီးတစ်အုပ်ပြီးအောင်ဖတ်မယ်။
…အလုပ်တွေလုပ်မယ်။
…ငွေတွေရှာမယ်။
…အိမ်တစ်အိမ်​ ဝယ်နိုင်အောင်ကြိုးစားမယ်။
…ကားတစ်စီးလဲစီးနိုင်အောင်ကြိုးစားမယ်။
……
…..
စသည် .. စသည် .. ဖြင့် မပြီးသေးပါဘူး။

ဒီလို လုပ်ဆောင်စရာတွေ အများကြီးက ကိုယ့်ကို တွန်းအားမဖြစ်စေဘူးလား လို့မေးစရာရှိပါတယ်။
တွန်းအားလို့ဆိုရာမှာ တွန်းအား (၃) မျိုးရှိပါတယ်။

⭐၁။ ရလဒ် အခြေခံတဲ့ တွန်းအား
(Outcome based motivation)

⭐၂။ ဖြစ်စဉ်အခြေခံတဲ့ တွန်းအား
(Process based motivation)

⭐၃။ ခံယူချက် အခြေခံတဲ့ တွန်းအား
( Identity based motivation)

“ဘာဖြစ်ရမယ်၊ ဘာရမှ ဖြစ်မယ်” ဆိုတဲ့ ရလဒ် အခြေခံတဲ့ တွန်းအား၊

“ဘာလုပ်မှ ဖြစ်မယ်” ဆိုတဲ့ ဖြစ်စဉ်အခြေခံတဲ့တွန်းအား၊

“ငါဘယ်လိုလူ ဖြစ်တယ်” .. ဆိုတာ ခံယူချက် အခြေခံတဲ့ တွန်းအားဖြစ်ပါတယ်။

“ဘာရမှ ဖြစ်မယ်” ဆိုတာထက် .. “ငါဘယ်လိုလူ” ဖြစ်တယ် ဆိုတာ ပိုပြီး ရေရှည်ခံတဲ့ တွန်းအားဖြစ်ပါတယ်။

ဥပမာ.. .
📖 ငါ စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ် ဆိုတာထက် .. ငါစာဖတ်သူ တစ်ယောက်ဖြစ်တယ် ဆိုတဲ့ ခံယူချက်က ပိုစွမ်းပါတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်တဲ့ရလဒ် ဆိုတာ ပြေးမလွတ်ပါဘူး။

အဲဒီလိုပဲ ..
🏃‍♀️ ငါ ပေါင် ၃၀ ဝိတ်ကျအောင်လုပ်မယ် ဆိုတာထက်.. ငါက ကျန်းမာရေးလိုက်စားသူတစ်ယောက်ဖြစ်တယ် ဆိုတာ ပိုစွမ်းပါတယ်။ ကျန်းမာရေးလိုက်စားသူတစ်ယောက်အတွက် တစ်နေ့မှာ ပေါင် ၃၀ ဆိုတဲ့ ရလဒ် ဆိုတာ ပြေးမလွန်ပါဘူး။

အဲ့ဒီလိုပဲ..
🧿ငါ စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်အောင်လုပ်မယ် ဆိုတာထက်.. ငါသည် စီးပွားရေးသမားတစ်ယောက်ဖြစ်တယ် ဆိုတာက ပိုစွမ်းပါတယ်။ စီးပွားရေးသမားလို့ခံယူထားသူတစ်ယောက်အနေနဲ့လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု လုပ်ပြီး၊ တစ်ခုမအောင်မြင်ရင်တောင်၊ နောက်တစ်ခုခု က အောင်မြင်လာမှာပဲ မဟုတ်လား။

✔အရောင်းသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ခုမဟုတ်တစ်ခုကို အမြဲ ရောင်းနေမှာ ပါပဲ။

✔စာရေးဆရာ လို့ခံယူထားတဲ့လူတစ်ယောက်အတွက် စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် ရေးနေဦးမှာပါပဲ။

✔အလုပ်ကြိုးစားသူသူ လို့ခံယူထားသူတစ်ယောက်အတွက် အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေဦးမှာပါပဲ။

🎈ခံယူချက် >> လုပ်ငန်းစဉ် >> ရလဒ် 🎈
Identity >> Process >> Outcome

ခံယူချက် (Identity ) ဆိုတဲ့အတွင်း စက်ဝိုင်း ကို ခိုင်ခိုင်မာမာ ချဲ့နိုင်ခဲ့ရင် .. ဘာတွေလုပ်ရမလဲ ဆိုတဲ့ (Process) စက်ဝိုင်းလဲ လိုက်ကျယ်လာပြီး ၊ဘာတွေဖြစ်၊ဘာတွေရမလဲ ဆိုတဲ့ (Result ) စက်ဝိုင်းလဲ အလိုအလျောက်လိုက်ကျယ်လာမှာပဲဖြစ်ပါတယ်။

🔶 အဓိက လမ်းစဉ်က .. အတွင်းကျယ် ရင် အပြင်ကြီးလာလိမ့်မယ် ဆိုတဲ့ လမ်းစဉ်ဖြစ်ပါတယ်။
အပြင်ပဲ ချဲ့နေရင်တော့ ပွ လာတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဒါကြောင့် .. ဒီနှစ်မှာ

ကိုယ့်ရဲ့ခံယူချက် (identity) ကောင်းတွေကို တည်ဆောက်ပြီး တွန်းအား ဖြစ်စေပါ။

ကိုယ့်ဝန်ထမ်းတွေရဲ့ခံယူချက် (identity) ကောင်းတွေကို တည်ဆောက်ပြီး တွန်းအားဖြစ်စေပါ လို့ မျှဝေအကြံပြုလိုက်ရပါတယ်ခင်ဗျာ။ ။

Related Articles

ပန်းတိုင်ကို မေ့ထားပြီး ရည်မှန်းချက်ကို ကြိုးစားပါ ။

ဒီဇင်ဘာ .. သိပ်မကြာခင် နှစ်သစ်ရောက်တော့မယ်။နှစ်သစ်မှာ ..ပန်းတိုင် ကိုမေ့ထားပြီး .. ရည်မှန်းချက် ကို ကြိုးစားပါ။ ပန်းတိုင် ဆိုတာ ဒီနှစ် “စာအုပ် ၅၀ အုပ်” ဖတ်ပြီးဖို့။ ရည်မှန်းချက်က “စာဖတ်သူ” တစ်ယောက် ဖြစ်လာစေဖို့။ ပန်းတိုင်ထားရင် .. အုပ် ၅၀…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း

ဘာလုပ်ငန်းလုပ်လုပ်.. စွန်းကောင်းအောင်လုပ်ရမယ့် အပိုင်း (၈) ပိုင်း ရှိပါတယ်။ ☆စွန်းကောင်းတယ် ဆိုတာ ..သမန်ကာ လျှံကာ ပိုကောင်းတာလောက်မဟုတ်ပဲ၊ အစွန်းထွက်ပြီးချွင်းချက်အနေနဲ့ကောင်းခြင်းကို “စွန်းကောင်း” တယ်လို့ခေါ်ပါတယ်။ အရပ်စကားဖြင့်တော့ ” ေx ာက်ရမ်းကောင်းတယ်” လို့ပြောကြပါတယ်။  ၁။ ပြသနာ နဲ့ ဖြေရှင်းနိုင်မှု (Problem &…

Responses

Your email address will not be published. Required fields are marked *