နောက်ကျသွားပါပြီ…

 နောက်ကျသွားပါပြီ…

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။

📝လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။
အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။
စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။
စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။
စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon ဆိုတာ မရှိဘူး။

ခြုံပြောရရင်….
ဈေးကွက်လဲမရှိသလို၊ဖြန့်ချိရေးစနစ်လဲ မရှိဘူး။
စာအုပ်ဆိုင်တွေ ဆိုတာ မရှိသလို၊စာဖတ်ပရိသတ်ဆိုတာလဲ မရှိဘူး။
ဈေးကွက်မှာ အစစအရာရာ အားလုံးပြည့်စုံကောင်းမွန်မှ စာအုပ်ကို ထုတ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ယနေ့ဖတ်စရာစာအုပ်တောင် ရှိမှာ မဟုတ်ပါဘူး။

💾 မိုက်ကရိုဆော့ ( microsoft ) ရဲ့ပထမဆုံး ဗားရှင်းကို ပြန်ကြည့်လိုက်။ အားနည်းချက်တွေ အပြည့်ပါပဲ။

💻Google မထွက်ခင်၊ ဈေးကွက်ရဲ့အင်အားကြီး Yahoo နဲ့နှိုင်းယှဉ်လိုက်။ google ဆိုတာ Yahoo နဲ့ဘယ်လိုမှ မယှဉ်နိုင်အောင်ပါပဲ။

🎼 လေးလက်မထူပြီး 5G ပဲ ဆန့်တဲ့ပထမဆုံး Ipod ကို ပြန်ကြည့်လိုက်။ ခုချိန်ကာလ နဲ့ဆို ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ပါဘူး။

🎥 သေတ္တာပုံးတစ်ခုလောက်ကြီးမားပြီးလေးလံတဲ့ပထမဆုံး ဒီဂျစ်တယ်ကင်မရာကို ပြန်ကြည့်လိုက်။ ဓတ်ပုံလေးတစ်ပုံရိုက်ဖို့ သံသေတ္တာပုံးကြီးသယ်သွားရမယ်ဆိုရင် မလွယ်လှပါဘူး။

လုပ်ငန်းတိုင်းက အစပထမမှာ လူအများရဲ့ပြောစကားနဲ့တင် စိတ်ဓတ်ကျစရာပါပဲ။ ဒီလိုပဲ အများပြောစကားတွေကြားထဲက .. မပြည့်စုံမှုတွေကြားထဲက .. အဆင်သင့်မဖြစ်တဲ့ကြားထဲကနေ ထိုးဖောက်ထွက်လာကြတာပါ။
အရာအားလုံး အဆင်ပြေမှ ထွက်မယ် ဆိုရင် နောက်ကျသွားပြီ။

✨ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ပါ။

⭐အင်္ဂလိပ်စကားပြောသင်ပေးချင်လိုက်တာ လို့ပြောလိုက်တိုင်း ..
“မင်းဘယ်လောက်တတ်လို့လဲ” …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ တတ်သလောက် သင်နိုင်ရမယ် ဆိုတဲ့ခံယူချက်နဲ့ စ လုပ်ပါ။

⭐စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ချင်တာလား။
“စီးပွားရေးလုပ်ရအောင် မင်းမှာ ငွေဘယ်လောက်ရှိလို့လဲ” …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ရှိတဲ့အိုင်ဒီယာ နဲ့ ရှိသလောက်ငွေလေးနဲ့လုပ်နိုင်ရမယ် ဆိုတဲ့ခံယူချက် နဲ့စ လုပ်ပါ။

⭐ကုန်ပစ္စည်းထုတ်လုပ်ချင်တာလား။
“မင်း ကုန်ပစ္စည်း ဘယ်သူမှ ဝယ်မှာ မဟုတ်ပါဘူး” …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ဝယ်တဲ့သူ ရောင်းမကွာ ဆိုတဲ့ခံယူချက် နဲ့ စရောင်းပါ။

⭐ ဖေ့ဘုတ်မှာ ကိုယ်ပိုင် ဘရန်းတစ်ခု၊ အမည်တစ်လုံးကို တည်ဆောက်ချင်တာလား။
“ ဘာတွေတင်၊ ဘာတွေပြောနေတာလဲကွာ၊ ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူး” …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး ၊ နားထောင်တဲ့သူကိုပြောမကွာ ဆိုတဲ့ ခံယူချက် နဲ့ စ ပြောပါ။

နောက်ဆုံး……

မင်း…မဖြစ်နိုင်ပါဘူးကွာ ..ဆိုတဲ့သူများပြောတဲ့စကားကို မေ့လိုက်ပြီး၊

ငါ..ဖြစ်အောင် လုပ်မယ်ကွာ လို့ …

ယုံကြည်မှုအပြည့် နဲ့… မျက်လုံးစုံမှိတ်၊

ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြင်းပြတဲ့ စိတ်ဆန္ဒ နဲ့

ရဲရဲကြီး ချလိုက်စမ်းပါဗျာ။

Related Articles

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

လှိုင်းဆိုတာ အတက်ရှိသလို အကျရှိစမြဲ

ပင်လယ်ပြင်မှာ ရေလှိုင်းတွေရှိသလို၊ စီးပွားရေးဈေးကွက်မှာလဲ ဈေးကွက်လှိုင်းတွေ ရှိတယ်။ ဖြစ်ခဲ့တဲ့ စျေးကွက်လှိုင်းတွေကဘာတွေလဲ ဆိုတော့… ဆိုလာလှိုင်း အောက်စီဂျင်စက်လှိုင်း ဆက်သွယ်ရေးဆင်းကဒ် လှိုင်း ဖုန်း နှင့် အပိုပစ္စည်း လှိုင်း MP3 နှင့် အခြားပစ္စည်းလှိုင်း အိမ်ခြံမြေလှိုင်း လျပ်စစ်ပစ္စည်းလှိုင်း တရုတ်လူသုံးကုန်ပစ္စည်းလှိုင်း ဆောက်လုပ်ရေး လှိုင်း ကျောက်စိမ်းလှိုင်း…

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။ လုပ်ဆောင်စရာတွေအများကြီးက…

Responses

Your email address will not be published. Required fields are marked *