ဒီနေ့ ငါ ဘာစလုပ်မလဲ ?

ဒီနေ့ မနက် စာဖတ်ရင်းနဲ့ အတွေးလေးတစ်ခု ဝင်လာတယ်။
ဝင်လာတဲ့အတွေးကို ချရေးထားလိုက်တယ်။
ချရေးထားတဲ့ အတွေးလေးတစ်ခုကို မျှဝေလိုက်တယ်၊ ဖတ်ကြည့်နိုင်ပါတယ်။
“to change life, to change habit”
ဘဝကို ပြင်ချင်ရင် အကျင့်ကို ပြင်ပါ .. တဲ့။
ကောင်းလိုက်တဲ့ ဘ၀ ဆိုတာ ..
ကောင်းမွန်တဲ့အကျင့်ကောင်းများရှိခြင်း ရဲ့ ရလဒ်ဖြစ်သလို၊
မကောင်းလိုက်တဲ့ဘ၀ ဆိုတာလဲ ..
မကောင်းတဲ့အကျင့်ဆိုးများရှိခြင်း ရဲ့ ရလဒ်ပါပဲ။
ဒါကြောင့် အကျင့်ကို ပြင်တာ .. ဘဝကို ပြင်တာနဲ့ အတူတူပါပဲ၊
အကျင့်ကောင်းတွေကို တည်ဆောက်တာ .. ဘဝကောင်းကိုတည်ဆောက်တာပါပဲ။
ဘ၀ ကို ပြင်ချင်ရင် အကျင့် ကို ပြင်ပါ။
တစ်ခုတော့ရှိတယ်။
တစ်ခါတစ်လေ ထပြီး ကောက်ရိုးမီးရှို့လုပ်တာက အကျင့်မဟုတ်ဘူး။
နေ့စဉ်ဆက်တိုက်..
စဉ်ဆက်မပျက်..
လုပ်ရင်း..
ကြိုးစားရင်း.. နဲ့ အကျင့်ဖြစ်လာတာ။
ဒါကြောင့် .. နေ့စဉ်လုပ်တဲ့အရာလေးတွေဂရုစိုက်ပါ။
ဒီနေ့ ငါ ဘာတွေလုပ်နေလဲ ?
ဘာတွေ လုပ်သင့်တာလဲ ?
လုပ်သင့်တာတွေလုပ်နေရဲ့လား ?
လုပ်သင့်တာတွေလုပ်ရင်း .. ဘဝကို ဖန်တီးနေတာလား ဒါမှမဟုတ်
ဖြစ်ချင်သလိုဖြစ် .. ဘ၀ ကို စွန့်ပစ်နေတာလား ?
အရာ (၃) ခု ကိုဂရုစိုက်၊
“ဒီနေ့ ” ကို ဂရုစိုက် ၊
“မနက်ဖြန်” ကို ဂရုစိုက်၊
“နေ့စဉ်ဆက်တိုက်” ကို ဂရုစိုက်၊
အကျင့်တွေဖြစ်လာလိမ့်မယ်။
အကျင့်ဆိုတာ “ဒီနေ့” နဲ့ စတယ်.. ဒီနေ့ ငါ ဘာစလုပ်မလဲ ?
မာသင်ရဲ့ ဖီလော်ဆော်ဖီဒိုင်ယာရီ
Responses