ဒိုင်ယာရီရေးပါ

ဒိုင်ယာရီရေးပါ

✨ ဒိုင်ယာရီရေးပါ..

✨နေ့စဉ် ဘဝအဖြစ်အပျက်တွေ၊ ခံစားချက် တွေကို မှတ်တမ်းတင်ထားပါ။

✨နေ့စဉ် တိုးတက်မှု သေးသေးမွှားမွှားလေးတွေအားလုံးကို ချရေးမှတ်တမ်းတင်ထားပါ။

✨ဘဝဆိုတာ တန်ဖိုးရှိတယ် လို့ယုံကြည်ရင် .. တန်းဖိုးရှိတဲ့ဘ၀ ကို မှတ်တမ်းတင်သိမ်းဆည်းထားရမယ်။

အစမှာတော့…ချရေးထားတဲ့ စာတိုပေစ၊ နည်းလမ်းတို၊နည်းလမ်းစ တွေက တန်ဖိုးမရှိဘူးထင်ရပေမယ့်… တစ်နေ့မှာ …အဲဒီ အကြွင်းအကျန် အပိုင်းအစတွေ၊ မပြည့်စုံတဲ့ အစိတ်အပိုင်း အပျက်အစီး ရုပ်ကြွင်းတွေအားလုံး ကို ပေါင်းစပ်ပြီး တန်ဖိုးကြီးတဲ့ ပြတိုက် ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။

အမှန်တော့ ..
တန်ဖိုးကြီးလွန်းလှတဲ့ အမွေအနှစ်ပြတိုက်တစ်ခု ဆိုတာ….
ဟိုးအရင်တုန်းက…တန်ဖိုးမရှိလှဘူးထင်ရတဲ့ အတိုအစ၊ အကွဲအခြမ်းပဲ့၊အပျက်အစီး အချို့၊ ရုပ်ကြွင်းကျန်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပဲ မဟုတ်ပါလား။

တန်ဖိုးကြီးတဲ့ လှတဲ့ ကိုယ့်ဘ၀ ကိုယ့်ပြတိုက် ကို သားစဉ်မြေးဆက် ထားခဲ့ဖို့အခုကတည်းက … မလှပတဲ့ ဘဝအပိုင်းအစတွေကို လွင့်မပစ်ပဲ ထိန်းသိမ်းမှတ်တမ်းတင် ထားဖို့ဆိုတာ .. ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ပဲဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ဒီနေ့ပဲ အစပြု လုပ်ဆောင်ပါ။ ။

နေ့စဉ် ဒိုင်ယာရီရေးဖို့.. ဒီနေ့ပဲ စာအုပ်တစ်အုပ်ဝယ်ပါ။

ကိုယ့်ဘဝ၊ ကိုယ့်ပြတိုက် တည်ဆောက်ပြီး .. သားသမီး၊ မိသားစုထဲမှာ အမြဲတည်ရှိ ရှင်သန်ပါ။

Related Articles

စီးပွားရေးလုပ်ငန်းများအတွက် အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေး ဆွေးနွေး၊သဘောတူ ခွင့်ပေး၊ စောင့်ကြည့် မလွဲခင် အထိ လုပ်ရန် ၆ ခုသာ။” ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ… တစ်ခုချင်းစီရှင်းပြပါမယ်.. အဆင့် (၁) ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။ ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ…

အလုပ်ပြီးမြောက်စေသော မန္တာန်

“ပြင်ဆင်၊ လူရွေးဆွေးနွေး၊သဘောတူခွင့်ပေး၊ စောင့်ကြည့်မလွဲခင် အထိလုပ်ရန် ၆ ခုသာ။”✨ဝန်ထမ်းတွေကို တာဝန်ပေးတော့မယ်လို့ဆိုတိုင်း ဒီ စာကြောင်းကို အရင်ရွတ်ကြည့်ဗျာ…တစ်ခုချင်းစီရှင်းပြပါမယ်..💠အဆင့် (၁)ပြင်ဆင် ဆိုတာ.. Preparation ကိုပြောတာ။ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ သေချာစဉ်းစားပြင်ဆင်ထားရမယ့်အကြောင်းအရာတွေရှိတယ်။လုပ်ရမယ့်အလုပ်ကဘာတွေလဲချရေးကြည့်ပါ။ဘယ်အပိုင်းကို တော့လွဲပြီးလုပ်ခိုင်းမယ်။ဘယ်အပိုင်းကိုတော့ ကိုယ်တိုင်လုပ်မယ်။ရည်ရွယ်ချက် က ဘာတွေ၊အဓိက အခက်အခဲက ဘယ်အပိုင်းတွေ၊ဦးစားပေး ရမယ့်အပိုင်းက ဘယ်အပိုင်း………

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။ လုပ်ဆောင်စရာတွေအများကြီးက…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

Responses

Your email address will not be published. Required fields are marked *