တွေ့ပြီ

ကျွန်တော်တို့တတွေ ရောင်းအားတက်အောင် customer တွေထပ်ရှာရဦးမယ် .. လို့ပြောကြတယ်။
ကိုယ် က customer ကို ရှာတာလား ?
Customer က ကိုယ့်ကို ရှာ တာလား ?
ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် .. ဆိုပါစို့။
စားသုံးသူတစ်ယောက်က ဆိုင်ကို ရောက်လာတယ်ဆိုရင် .. ဆိုင်က စားသုံးသူကို ရှာ တွေ့တာလား၊ စားသုံးသူက ဆိုင်ကို ရှာတွေ့တာလား။
စားသုံးသူက ဆိုင်ကို တွေ့တာ ဆိုရင် .. ဒီနေ့ကစပြီး သင့်ဆိုင်ကို များများတွေ့အောင်လုပ်ပါ။
အဲဒါ ရောင်းကောင်းတဲ့ နည်းပဲ။
များများတွေ့အောင်ဆိုတာ… နေရာတကာ မှာ တွေ့အောင်လုပ်ပါလို့ ..ပြောတာ။
အပြင်မှာ ရော၊ လိုင်းပေါ်မှာရော၊
ဖေ့ဘုတ်မှာရော၊ ဆိုင်းဘုတ်မှာရော၊
YouTube မှာရော၊ TikTok မှာရော၊
Telegram မှာရော၊ Viber မှာရော၊
နေရာတကာမှာ ရှိလေလေ၊ များများတွေ့နိုင်လေလေပဲ၊
များများတွေ့နိုင်လေလေ၊ ဝယ်ယူဖို့များလေလေပဲ။
စာအုပ်မှာချရေးထားလိုက်ပါ…
“စားသုံးသူ က သင့်ကို တွေ့တာပါ။ လွယ်လွယ်တွေ့နိုင်အောင်၊ များများတွေ့နိုင်အောင် လုပ်ပါ”
Responses