တစ်ခုကောင်း ကို ပေးပါ။

marthin
hands, open, candle

တစ်ခုကောင်း ကို ပေးပါ။
စီးပွားရေးလုပ်ငန်းတစ်ခုက …
ဝန်ဆောင်မှုကိုလဲ ထူးခြားပြောင်မြောက်စွာ ပေးချင်တယ်။
ဈေးနုန်းတွေချပြီး ဈေးသက်သာဆုံးဆိုပြီးတော့လဲဈေးကွက်မှာ ပြိုင်ဆိုင်ချင်တယ်။
ရောင်းချတဲ့ကုန်ပစ္စည်း အရည်အသွေး ကောင်းတယ်လို့လဲ မြင်စေချင်တယ်။
ဆိုင်ခန်းနေရာထိုင်ခင်းပြင်ဆင်မှုမှာ အလှဆုံးလို့လဲ ထင်မြင်စေချင်သလို
မြန်မြန်ဆန်ဆန်တုံ့ပြန်မှုပေးတဲ့ Customer service မျိုးပေးတဲ့ လုပ်ငန်းဆိုပြီးတော့လဲ ကြေငြာပြန်တယ်။
လုပ်ငန်းက တစ်ခုတည်း ။ ဖြစ်ချင်တာတွေက များများ။
အကုန်ကောင်းအောင် လုပ်ချင်လုပ်လို့ရနိုင်ပေမယ့်..
ဈေးကွက်ကို အကုန်ကောင်းလို့ထင်မြင်ယူဆလာအောင် လုပ်လို့မရဘူး။
လက်တွေ့မှာ .…စားသုံးသူတွေရဲ့ အတွေးထဲမှာ အကုန်ကောင်းတဲ့ လုပ်ငန်းဆိုတာ မရှိဘူး။
တစ်ခုကောင်းပဲ ရှိတယ်။
iphone လို့ပြောလိုက်ရင် ဘယ်လို ထင်မြင်ယူဆချက်မျိုးပေါ်လာပါသလဲ ?
Amazon.com လို့ပြောလိုက်ရင် ဘယ်လို ထင်မြင်ယူဆချက်မျိုးပေါ်လာပါသလဲ ?
Adidas ဖိနပ်လို့ပြောလိုက်ရင် ဘယ်လိုထင်မြင်ယူဆချက်မျိုး ပေါ်လာပါသလဲ ?
မက်ဒေါ်နယ် ဟမ်ဘာဂါ လို့ပြောလိုက်ရင် ဘယ်လိုထင်မြင်ယူဆချက်မျိုး ပေါ်လာပါသလဲ?
KBZ ဘဏ်လို့ပြောလိုက်ရင်ကော ဘယ်လိုထင်မြင်ယူဆချက်မျိုး ပေါ်လာပါသလဲ ?
နေရာတကာမှာလဲရှိတယ်။
ဝန်ဆောင်မှုလဲကောင်းတယ်။
ဈေးနုန်းလဲသက်သာတယ်။
အရည်အသွေးလဲကောင်းတယ်။
အစုံလဲ ရနိုင်တယ်။
ဆန်းသစ်ဖန်တီးမှုမှာလဲ အံ့သြလောက်တယ်။
အထက်ပါ အားလုံးကောင်းတဲ့ လုပ်ငန်းမျိုးဆိုတာ စားသုံးသူတွေရဲ့စိတ်ဈေးကွက်မှာ မရှိသေးဘူး။
တစ်ခုကောင်းပဲရှိတယ်။
ကိုယ့်ဆိုင်က … အရသာမှာ အကောင်းဆုံးလား။ ဝန်ဆောင်မှုမှာ အမြန်ဆုံးလား။ ဈေးနုန်းမှာအသက်သာဆုံးလား။
အကုန်ကောင်းချင်လို့မရဘူး။
တစ်ခုကောင်း ကို ပဲ ပေးပါ။ ပြောပါ။ ကြော်ငြာပါ။ ထပ်ခါတလဲလဲ ပြုလုပ်ပါ။
ပြန့်ကျဲနေတဲ့နေရောင်ကို မှန်ဘီလူး နဲ့စုစည်းလိုက်တဲ့အခါ မီးတောက်ဆိုတာ ဖြစ်ပေါ်စေနိုင်သလို၊
ပြန့်ကျဲနေတဲ့ လုပ်ငန်းဆိုင်ရာအားသာချက်တွေကို စုစည်းပြီး တစ်ခုကောင်း၊ အကြောင်းအရာတစ်ခုကို ထူးချွန်ပြောင်မြောက်စွာလုပ်လိုက်တဲ့အခါ Brand ဘရန်း ဆိုတာ ဖြစ်လာတယ်။
အမှန်တော့ .. ဘရန်းဆိုတာ .. တစ်ခုကောင်းပေးတတ်ခြင်းရဲ့အကျိုးကျေးဇူးပါပဲ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...