ဆံပင်ညှပ်ဆိုင်က ကောင်လေးတစ်ယောက်

ဆံပင်ညှပ်ဆိုင်က ကောင်လေးတစ်ယောက်

ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်တစ်ဆိုင်မှာ ကျွန်တော် ဆံပင်သွားညှပ်တော့ ဆိုင်က ကောင်းလေးတစ်ယောက် လက်မှာ ထိုးထားတဲ့ ထူးခြားတဲ့ တက်တူး ပုံလေးတပုံတွေ့ မိပါတယ်။
ကက်ကြီးတစ်ချောင်း နဲ့ ဘီးတစ်ချောင်း ပုံကို တက်တူးထိုးထားတာပါ။
မေးကြည့်တော့ .. ကိုယ်လုပ်တဲ့အလုပ်ကို ရူးသွပ်လွန်းလို့ ကိုယ့်အလုပ်ကို ကိုယ်စားပြုတဲ့ ဒီ ကက်ကြီး နဲ့ဘီးပုံကို တက်တူးထိုးထားတာပါ တဲ့။
ကျွန်တော် စိတ်ထဲ ကြက်သီးထလောက်အောင်ကို သူ့ရဲ့အလုပ်အပေါ်မှာ ရူးသွပ်မှုကို ခံစားလိုက်ရပါတယ်။

ဆံပင်ညှပ်ပြီး ပြန်လာတဲ့နောက်ပိုင်း .. ကျွန်တော် လဲ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု မေးမိပါတယ်။
“ငါ ရဲ့တက်တူးထိုးရလောက်အောင် ရူးသွပ်တဲ့ အရာက ဘာလဲ ?” ဆိုတဲ့ မေးခွန်းပါ။
ကိုယ်ရူးသွပ်တဲ့အလုပ်ကို ကိုယ်စားပြုတဲ့ ပုံလေးတစ်ပုံကို တက်တူးထိုးရမယ်ဆိုရင် ဘယ်ပုံဖြစ်လိမ့်မလဲ ? လို့ကိုယ့်ကိုယ်ကို မကြာခဏမေးခဲ့မိပါတယ်။

စာဖတ်မိတ်ဆွေတို့ကို လဲ ဒီမေးခွန်းလေးမေးချင်ပါတယ်။

ကိုယ်ရူးသွပ်တဲ့အလုပ်တစ်ခုကို ကိုယ်စားပြုတဲ့ ပုံလေးတစ်ပုံကို တက်တူးထိုးရမယ် ဆိုရင် .. ဘယ်ပုံဖြစ်လိမ့်မလဲ ဆိုတာကို မန့်ခဲ့ကြပါခင်ဗျား ။ ။

Related Articles

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

နှစ်သစ်မှာ လိုအပ်တဲ့ တွန်းအား (၃) မျိုး

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။ လုပ်ဆောင်စရာတွေအများကြီးက…

ပန်းတိုင်ကို မေ့ထားပြီး ရည်မှန်းချက်ကို ကြိုးစားပါ ။

ဒီဇင်ဘာ .. သိပ်မကြာခင် နှစ်သစ်ရောက်တော့မယ်။နှစ်သစ်မှာ ..ပန်းတိုင် ကိုမေ့ထားပြီး .. ရည်မှန်းချက် ကို ကြိုးစားပါ။ ပန်းတိုင် ဆိုတာ ဒီနှစ် “စာအုပ် ၅၀ အုပ်” ဖတ်ပြီးဖို့။ ရည်မှန်းချက်က “စာဖတ်သူ” တစ်ယောက် ဖြစ်လာစေဖို့။ ပန်းတိုင်ထားရင် .. အုပ် ၅၀…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

Responses

Your email address will not be published. Required fields are marked *