ဆိုင်ဖွင့်ရောင်းချခြင်း၊ ဖြန့်ချိရေး နှင့် အရောင်းချန်နယ်

marthin
delegate, finger, hand

ဆိုင်ဖွင့်ရောင်းချခြင်း၊ ဖြန့်ချိရေး နှင့် အရောင်းချန်နယ်
+++++++++++++++++++++++++++
အရောင်းမှာ ဆိုင်ဖွင့်ပြီး စောင့်ရောင်းယုံနဲ့ မလုံလောက်တော့သလို၊
ဖြန့်ချိရေးမှာလဲ သမားရိုးကျ ရှေးရိုးချန်နယ်တစ်ခုတည်းနဲ့မလုံလောက်တော့ဘူး။
ဖြန့်ချိရေးမှာ အရောင်းချန်နယ် ဆိုတာ အရေးပါပြီးတော့ ရောင်းအားနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ယေဘူယျအားဖြင့် ချန်နယ်များလေလေ ရောင်းအားတက်လေလေလို့ယူဆနိုင်ပါတယ်။
ချန်နယ် ဆိုရာမှာ သမားရိုးကျရှေးရိုးချန်နယ်များ နဲ့အင်တာနက်အခြေပြု ချန်နယ်များ ဆိုပြီးရှိပါတယ်။ သမားရိုးကျ ချန်နယ်များဖြစ်ကြတဲ့ ကုန်သည်ကြီးများမှတဆင့် ဖြန့်ဖြူးရောင်းချခြင်း၊ Distributor များမှ တဆင့် ဖြန့်ချိခြင်း၊ မြို့နယ်အလိုက် ကိုယ်စားလှယ်များမှတဆင့် ဖြန့်ဖြူးရောင်းချခြင်း များအပြင်၊ တိုက်ရိုက် ဖြန့်ချိခြင်းချန်နယ်များဖြစ်တဲ့ ကားဖြင့် လည့်လှည်ရောင်းချခြင်း ၊ ဖေ့ဘုတ်များမှတဆင့်၊ ကိုယ်ပိုင် website များမှတဆင့် ဖြန့်ဖြူးရောင်းချခြင်းများ အစ ရှိသဖြင့် အရောင်းချန်နယ်များစွာကို စစ်မျက်နှာဖွင့် ရောင်းချဖို့ပြင်ဆင်ရပါမယ်။
လက်ရှိမှာ ဖေ့ဘုတ်အသုံးပြုသူများများပြားလာမှုနှင့်အတူ အင်တာနက်မှ ဝယ်ယူမှုများတိုးတက်များပြားလာခဲ့ပါတယ်။
လက်ရှိ လမ်းခရီး ကားပိတ်၊ကားကျပ်မှုများ၊ သွားလာရေးအချိန်ယူရမှုများ၊ နယ်စည်းပျက်ပယ်ပြီး သတင်းအချက်အလက်များကို နယ်မခြားပဲ တစ်နေရာတည်းရယူနိုင်လာမှုများ၊ အချိန်ရဲ့ဖိအားများလာမှုများကြောင့် လူအများက အိမ်နေရင်းဝယ်ယူမှု (At Home Purchase ) များလာပြီး စတိုးဆိုင်သို့သွားရောက်ဝယ်ယူမှု (Store Base Purchase ) ထက် အဆပေါင်းများစွာ တိုးတက်ကြီးထွားနေပါတယ်။
ဈေးကွက်အားဖြင့်လဲ စတိုးဆိုင်သို့သွားရောက်ဝယ်ယူမှုက ၂% နုန်းနဲ့တိုးတက်နေပြီး အိမ်နေရင်းဝယ်ယူမှုနုန်းက ဂဏန်းနှစ်လုံးထိ တိုးတက်ကြီးထွားနေပါတယ်။
ဆိုင်သမားအတွက် စားသုံးသူများ သူတို့ဆီက ဝယ်ယူဖို့ဆိုတာအသာထား၊ ပထမအဆင့် လာရောက်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနေပါတယ်။
ပြိုင်ဘက်လုပ်ငန်းဆိုတာ အရင်က ကိုယ့်ရပ်ကွက်၊ကိုယ်လမ်းထဲက ကိုယ်နဲ့လုပ်ငန်းတူဆိုင် ဖြစ်ခဲ့ပေမယ့် ယနေ့ခေတ်မှာ လုပ်ငန်းတူတာရော၊ မတူတာပါ လိုင်းပေါ်မှာ ပြိုင်ဘက်ဖြစ်လို့လာနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဆိုင်တွေက ဈေးကြီးတင်ရောင်းတာ၊ ဝန်ဆောင်မှုတွေက ညံ့ပြီး၊ ကားရပ်ဖို့တောင်အဆင်မပြေတာ၊ ဆွဲဆောင်ရာမှာလဲ ဆိုင်လာဖို့အကြောင်းပြချက်ကောင်းတစ်ခုတောင်မပေးနိုင်တာ တွေက ယနေ့ခေတ်မှာ ရံှူးနိမ့်မယ့် စစ်ပွဲတစ်ပွဲကို ရင်ဆိုင်ဆင်နွဲနေရသလို ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် ….
အချက် (၃) ချက် တော့ အကြံပေးပါရစေ။
(၁) online ကို ကြေငြာဖို့အတွက် တစ်ခုတည်းအသုံးချယုံမဟုတ်ပဲ၊ လိုင်းပေါ်တင်ရောင်းချ ပြီး အရောင်းချန်နယ်သစ်တစ်ခု စဖွင့်ဖို့အတွက် ဝယ်ယူမှုဖြစ်စဉ်ကစလို့၊ စားသုံးသူလက်ထဲရောက်သည်အထိ၊ လုပ်ငန်းစဉ်များကို အစီအစဉ်ဆွဲ ပြင်ဆင်ပါ။
(၂) အရောင်းချန်နယ်အသစ်များဖွင့်ပါ။ ဖေ့ဘုတ်အရောင်းချန်နယ်၊ အင်စတာဂရမ် အရောင်းချန်နယ်၊ ကိုယ်ပိုင်ဝက်ဆိုဒ် အရောင်းချန်နယ်များကို သမားရိုးကျ ရှေးရိုးချန်နယ်များနှင့်အတူ တွဲလှုပ်ရှားပြီး ယှဉ်ပြိုင်စေပါ။
(၃) လက်ရှိဖွင့်ထားတဲ့ ကိုယ့်ဆိုင်အခြေပြု အရောင်းချန်နယ်ကို community base နေရာတစ်ခုအဖြစ် (သို့) Brand Space နေရာတစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး ဖောက်သည်များကို အသင်းဝင်များအဖြစ် ပြောင်းလဲပြီး အခွင့်ထူးများပေးပါ။ ( ဆိုင်ကိုလာဖို့အကြောင်းပြချက်ကောင်းတစ်ခု ပေးနိုင်ပါစေ။ )
အကြံကောင်းများနှင့်အတူ ပြောင်းလဲနိုင်ကြပါစေ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...