စီးပွားရေး ဒိုင်ယာရီ (Dec 7,2018)

marthin
payment, terminal, card

စီးပွားရေး ဒိုင်ယာရီ (Dec 7,2018)


ငါ အကုန်လုပ်တတ်တယ်…လို့ပြောတာဟာ….
ဘာမှ မယ်မယ်ရရ၊ ထွန်းထွန်းပေါက်ပေါက်၊
လေးလေးနက်နက်၊ ထဲထဲဝင်ဝင်၊ မလုပ်တတ်ဘူးလို့ပြောတာနဲ့အတူတူပဲ။
အရပ်လေးမျက်နှာ နေရာတိုင်းကို ပစ်မယ် လို့ပြောတာဟာ…
ပစ်မှတ် မရှိဘူးလို့ပြောတာနဲ့အတူတူပဲ။
ကိုယ့်ကုန်ပစ္စည်း/ဝန်ဆောင်မှုကို လူတိုင်းကို ရောင်းမယ် ဆိုတာဟာ
ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးရောင်းတာမဟုတ်ဘူး လို့ပြောတာ နဲ့အတူတူပဲ။
လူတိုင်းကို ရောင်းဖို့မကြိုးစားပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့…
လူတိုင်းကို ရောင်းလို့ရတဲ့ကုန်ပစ္စည်းဆိုတာ မရှိလို့ပဲ။
ကုန်ပစ္စည်းတိုင်း က ဈေးကွက်အသိုင်းအဝန်းကဏ္ဍတစ်ခု ကိုပဲ ရောင်းလို့ ရတယ်။
မားစီးဒီးကား က လူတိုင်းကို ရောင်းတာမဟုတ်ဘူး။
Bvlgari ရေမွေးက လူတိုင်းကို ရောင်းတာမဟုတ်ဘူး။
ငှက်ပျောသီးဆိုပေမယ့် .. အချို့က သီးမွှေးစားတယ်။ အချို့က ဖီးကြမ်းပိုကြိုက်တယ်။ အချို့က ငှက်ပျောသီးခြောက်ကြိုက်တယ်။ အချို့က ငှက်ပျောဆနွင်းမကင်း ကို ပိုကြိုက်တယ်။
ဈေးကွက် ကို က ကွဲပြားခြားနား နေတာ။
ကွဲနေတာကို ကွဲတဲ့အတိုင်းမြင်တာ အကောင်းဆုံးပဲ။
အကွဲအကြေတွေကို ပေါင်းစပ်ပြီးမြင် ကြည့်ချင်ရင်တောင် အက်ကြားကွက် ကို လက်ခံနိုင်ရမယ်။
ဒါကြောင့် …
သင့် လုပ်ငန်းအတွက် အင်မတန်မှ အရေးကြီးတဲ့မေးခွန်းတစ်ခု မေးပါရစေ။
သင့် ကုန်ပစ္စည်း / ဝန်ဆောင်မှု ကို……
ဘယ်သူ့ကို ရောင်းမှာလဲ ?
ဘယ်သူ့ကို ရောင်းမလဲ ဆိုတာ သိမှ … ဈေးကွက်ရှိလားဆိုတာ သိလိမ့်မယ်။
ဘယ်သူ့ကို ရောင်းမလဲ ဆိုတာ သိမှ…. အဲဒီဈေးကွက် ကြီးလား၊သေးလား သိလိမ့်မယ်။
ဘယ်သူ့ကို ရောင်းမလဲ ဆိုတာ သိမှ….အဲဒီ လူတွေကို ဘယ်လိုရောင်းမလဲ ဆိုတာ သိလိမ့်မယ်။
…..အဲဒီ လူတွေ ကိုယ့်ကုန်ပစ္စည်းကို လိုအပ်ချက်ရှိရဲ့လားလို့သိလိမ့်မယ်။
…..အဲဒီ လူတွေ ကိုယ်လို အခြားရွေးချယ်စရာ ကုန်ပစ္စည်း ရှိလား ဆိုတာ သိလိမ့်မယ်။
…..အဲဒီလူတွေ ကိုယ့် ကုန်ပစ္စည်းကို သုံးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိလိမ့်မယ်။
…..အဲဒီလူတွေ အတွက် သင့်တော်တဲ့ဈေးနုန်း လား ဆိုတာ သိလိမ့်မယ်။
….အဲဒီ လူတွေ ကိုယ်ပစ္စည်းရောင်းတဲ့ဒေသမှာနေရဲ့လားလို့သိလိမ့်မယ်။
…. အဲဒီ လူတွေ ကိုယ်ရောင်းနေတာရောသိကြရဲ ့လားလို့တွေးလိမ့်မယ်။
နောက်ဆုံးတော့…….
သူတို့တွေ ကိုယ့် ကုန်ပစ္စည်းကို သိကြရဲ့လား ဆိုတဲ့မေးခွန်း ကို ၊
ကိုယ့်ကရော သူတို့တွေ ဘယ်သူလဲ ဆိုတာ သိရဲ့လား လို့ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရလိမ့်မယ်။
ကိုယ့်ကိုယ်ကို မေးကြည့်ပါ။


ဘယ်သူ့ကို ရောင်းမှာလဲ ? ? ?

မာသင်

စီးပွားရေး ဒိုင်ယာရီ

Dec 7,2018
လွတ်လပ်စွာမျှဝေနိုင်ပါတယ်။ စာရေးသူအမည်လေးသာ ဖော်ပြပေးပါခင်ဗျာ ( မာသင်)

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...