စီးပွားရေး ဒိုင်ယာရီ (Dec 17,2018)

marthin
factory, lost places, abandoned places

စီးပွားရေး ဒိုင်ယာရီ (Dec 17,2018)


၁၈ ရာစု စက်မှုတော်လှန်ရေး ကစတင်ခဲ့ပြီး ပေါ်ပေါက်လာခဲ့ကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့အတူ၊ စက်ရုံအုပ်ချုပ်မှု ပုံစံ ဆိုတာ စတင် ကျင့်သုံးလာကြပါတယ်။
စက်ရုံ ပုံစံ
+++
စက်ရုံတစ်ရုံမှာ…. ဝန်ထမ်းတွေရဲ့စည်းကမ်းလိုက်နာမှုဆိုတာ အရေးကြီးပါတယ်။ ခိုင်းတဲ့အတိုင်း လုပ်ဖို့ နဲ့အလုပ်လုပ်ရာမှာ မြန်မြန်ဆန်ဆန် နဲ့တိကျဖို့လိုပါတယ်။ ဒါမှလဲ စက်ရုံက အမှားနည်းပြီး ထွက်နုန်းကောင်းမယ်။ အမြတ်ရပါမယ်။
စက်ရုံထဲမှာ ….
ရှည်ပြီးမကွန့်နဲ့၊
ခိုင်းတဲ့အတိုင်းလုပ်၊
စူပါ ရဲ့စကားနားထောင်၊
မြန်မြန်လုပ်၊
မမှားစေနဲ့ ၊စတဲ့…
စကားလုံးတွေ အများဆုံးအသုံးပြုရာနေရာဖြစ်ပါတယ်။

စတူဒီယို ပုံစံ
+++++
၂၁ရာစုမှာ သတင်းအချက်အလက်နည်းပညာများနှင့်အတူ၊ တီထွင်ဖန်တီးမှုများ ကို အားပေးတဲ့ စတူဒီယို အုပ်ချုပ်ရေး ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
စတူဒီယို တစ်ခုမှာ …ဖန်တီးမှု စိတ်ကူး၊ တာဝန်သိ တာဝန်ယူမှု စိတ်ဓတ်နဲ့လုပ်ကိုင်မှုဆိုတာ အရေးကြီးပါတယ်။ အထက်အောက်စီမံခန့်ခွဲမှု ဆိုတာ မရှိသလောက်ပါးလွာလာပြီး Team စိတ်ဓတ်နဲ့ခေါင်းဆောင်မှု စိတ်ဓတ်ပဲ ကျန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်တီးမှု ဆိုတာ အထက်ကခိုင်းလို့မဟုတ်ပဲ ကိုယ့်ရဲ့အမြင်၊ ပြောင်းလဲမှု တစ်ခုကို ခေါင်းဆောင်လိုစိတ် နဲ့အမှားခံနိုင်ပြီး အမှားလုပ်ခြင်းကို အားပေးတဲ့လုပ်ငန်းတွင်းယဉ်ကျေးမှု ကို အုတ်မြစ်ချထားမှသာလုပ်နိုင်လို့ပဲဖြစ်ပါတယ်။
မေးခွန်း
++++
စက်ရုံမှာ “Productivity” ဆိုတဲ့ “အလုပ်တွင်မှု” ကို အသားပေးပါတယ်။
စတူဒီယို မှာ “Humanity” ဆိုတဲ့ “လူသားဆန်မှု” ကို အသားပေးပါတယ်။
ဒီလုပ်ငန်းခွင် နှစ်မျိုး ရှိတဲ့အနက် .. ….
သင် …. ဘယ်ဘာ လုပ်နေတာလဲ။
စက်ရုံ ထဲမှာလား ?
စတူဒီယို ထဲမှာလား?
ရင်ထဲရှိတဲ့အတိုင်း မန့်ခဲ့ပါ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...