စီးပွားရေးလုပ်ရင်း ရှာနေသော ငွေကြေး (၃) မျိုး

marthin
conclusion of the contract, handshake, trade

စီးပွားရေးလုပ်ရင်း ရှာနေသော ငွေကြေး (၃) မျိုး
+++++++++++++++++++
စီးပွားရေးလုပ်နေတာ ငွေကြေးတစ်ခုတည်းရှာနေတာမဟုတ်ပါ။
အကြောင်းအရာ (၃) မျိုးကို ရှာဖွေနေခြင်းဖြစ်ပါတယ်။
၁။ အချိန်
၂။ အရင်းအမြစ်များ (ငွေကြေး..စသည်)
၃။ ရွေးချယ်စရာအခွင့်အလမ်း
ဒီ (၃) မျိုးဟာ ချိန်ခွင်ရဲ့ဟိုဘက်ဒီဘက်လိုပဲ ပြောင်းလဲ ရွေးလျားနေပါတယ်။
ကလေးဘဝ


ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့အများဆုံးရှိတာ အချိန်ပါ။ အရင်းအမြစ် ဆိုတဲ့ထိတွေ့ကိုင်တွယ်လို့ရတဲ့ပိုင်ဆိုင်မှု ( ရွေ၊ ငွေ၊ အိမ်..အစရှိသည်) တို့မရှိသလောက်ဖြစ်ပြီး ၊ မိဘ ကျွေးရာစား၊ ထားရာနေ ၊ ရွေးချယ်စရာမခွင့်အလမ်း မရှိသလောက်ဖြစ်သည်။
လူကြီးဘဝ


ကြီးပြင်းလာပြီး ဘ၀ အစိတ်အပိုင်း အချို့ကုန်ဆုံးမှုနှင့်အတူ .. အရင်းအမြစ် အချို့ပိုင်ဆိုင်လာခဲ့ကြသည်။ အရင်းအမြစ်နှင့် အတူ ရွေးချယ်စရာ အခွင့်အလမ်း အချို့ပိုင်ဆိုင်လာခဲ့ကြသည်။ အချို့အတွက် ရွေးချယ်စရာအခွင့်အလမ်းသိပ်များများစားစားမရှိ၊ မနက် အိပ်ယာထလျင် မဖြစ်မနေ အလုပ်သွားကြရသည်။ မနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ အလုပ်ခွင်ထဲမှာ နေပေးကြရသည်။ အချို့အတွက် တော့ .. ရွေးချယ်စရာရှိသည်။ အလုပ်သွားစရာမလို၊ မိသားစု နှင့် အတူခရီးထွက်နိုင်သည်၊ ဒါမှမဟုတ် အိမ်မှာပဲ စာဖတ်နေနိုင်သည်။ သို့ပေမယ့် .. အားလုံး သည် အချိန်ဆိုသောအရာ တဖြေးဖြေး ရှားပါးလာသည်။
နေဝင်ချိန်ဘဝ


အသက်အရွယ်ကြီးရင့်လာပြီး ဘဝနေဝင်ချိန် နီးကပ်လာချိန်မှာတော့ … အရင်းအမြစ် အနည်းငယ်၊ ရွေးချယ်စရာအခွင့်အလမ်း အနည်းငယ် နှင့် အချိန်အနည်းငယ် သာ ကျန်တော့သည်။
သင် …စီးပွားရေးလုပ်နေတာ ( ကြိုးစားနေတာ ….)
ဘယ်အရာကို ရှာ နေတာလဲ ?
ငွေကြေးတစ်ခု တည်း ရှာနေတာ ဆိုရင် မှားပါတယ်။
သေချာတာတစ်ခု က ကျွန်တော် တို့အိပ်ယာထဲလဲ နေချိန်မှာ
ဘယ်သူကမှ အလုပ်ပို မလုပ်ခဲ့လို့နောင်တ မရဘူး၊
ပိုက်ဆံငွေကြေးအများကြီး မရှာနိုင်ခဲ့လို့နောင်တမရဘူး၊
ရတဲ့နောင်တ တွေ ဆိုတာ …
မိသားစု နဲ့အချိန်
မိတ်ဆွေတွေ နဲ့အချိန်
ချစ်ခင်ရသူတွေ နဲ့အချိန်
ဒီလို အချိန်တွေကို…. ရွေးချယ်စရာ အခွင့်အလမ်း တစ်ခု အနေနဲ့အသုံးမပြု နိုင်ခဲ့ ခြင်း ဆိုတဲ့နောင်တပဲ ဖြစ်လိမ့်မယ်။
ဒါကြောင့် …..
စီးပွားရေးတွေ လုပ်ပြီး ငွေရှာနေတဲ့အကြောင်းရင်းက၊
အချိန် နဲ့ ရွေးချယ်စရာအခွင့်အလမ်း ပိုရဖို့ ဆိုရင်…..
လက်ရှိမှာ အချိန် နဲ့ရွေးချယ်စရာ အခွင့်အလမ်းတွေ ရနေလျက်နဲ့
ငွေကြေးနောက်လိုက်ပြီး ပြောင်းပြန် မလုပ်မိစေနဲ့။
အရေးကြီးတယ်။
ပြောင်းပြန် မလုပ်မိစေနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့….
ပြန်တည့်ဖို့အချိန် မရှိတော့ဘူးလေ….။ ။
တခွန်းသောစကား


” သင့် ဘ၀ အကောင်းအဆိုး ( အရည်အသွေး) ကို ငွေကြေး နဲ့တိုင်းတာနေတယ်ဆိုရင်၊
လိုတိုရှင်းပြောပါရစေ၊
သင့် ဘ၀ ကံဆိုးနေတာမဟုတ်ဘူး၊
သင် … တိုင်းတဲ့ပေတံ မှားနေတာ။”

မာသင်

စီးပွားရေး ဒိုင်ယာရီ

Dec 6,2018

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...