စီးပွားရေးပြန်လည်ဦးမော့လာစေမယ့် R ခြောက်လုံး

marthin
growth, suit, work

စီးပွားရေးပြန်လည်ဦးမော့လာစေမယ့် R ခြောက်လုံး


ဖီးနစ်ငှက်ရဲ့တောင်ပံနှစ်ချပ်

ဒဏ္ဍာရီငှက်တစ်ကောင်ဖြစ်တဲ့ ဖီးနစ်ဌက် ဟာ မီးလျှံကြားကနေ သူ့ရဲ့တောင်ပံနှစ်ချပ်ကို ဖြန့်ကျက်ပြီး ရိုက်ခက်မှုနဲ့အတူ ပြန်လည်ရုန်းကန်လှုပ်ရှားရှင်သန်ခဲ့ပါတယ်။ မီးလျှံထဲထိုးစိုက်ဦးငိုက်နေတဲ့ စီးပွားရေး၊ ပြန်လည်ဦးမော့ လာစေဖို့အတွက်၊ ကြိုးစားရမယ့် အချက်ပေါင်းများစွာရှိပါတယ်။ အဲဒီထဲမှ အရေးကြီးတဲ့ အချက် ၆ ချက် ( R ) ခြောက်လုံးကို မီးလျှံကြားမှ ဖီးနစ်ငှက်တစ်ကောင်ရဲ့တောင်ပံနှစ်ချပ်နဲ့ခိုင်းနှိုင်းတင်ပြလိုက်ရပါတယ်။
(၁) ရည်ရွယ်ချက် ( Reason)
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် ဆိုပေမယ့် ၊ တွန်းကြသူတွေ က ရည်ရွယ်ချက် နဲ့လားရာမတူလျင် တစ်ယောက်တစ်ပေါက် ဦးတည်ရာမတူပဲ တွန်းနေကြတဲ့အတွက် မရွေ့နိုင်ပါဘူး။ ရွေ့ခဲ့လျင်တောင် ” ကစဉ့်ကလျား” “တောင်တောင်အီအီ” ပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခေါင်းတည့်ပေးဖို့လိုပါတယ်။ တွန်းနေတဲ့လူအားလုံးရဲ့အကြည့် သည် တနေရာတည်းကိုပဲ ဖြစ်ရပါမယ်….ဒါမှ ရွေ့ပါမယ်။
လုပ်ငန်းတစ်ခုရဲ့လားရာ သည် ရွယ်ရွယ်ချက် ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ပဲသိလို့မရပါဘူး။ အားလုံးသိမှ ရပါမယ်။ အားလုံးလက်ခံမှရပါမယ်။ ရည်ရွယ်ချက် ကို မျှဝေပြီး အကြောင်းပြချက်များတူညီကြစေပါ။
(၂) ဝင်ငွေ ( Revenue)
ရှိပြီးသားဝင်ငွေ ရလမ်းကြောင်းကို ချဲ့မလား။ လမ်းကြောင်းအသစ် ဖောက်မလား။ အခြားလမ်းကြောင်းနဲ့ချိတ်မလား။ ဘာပဲလုပ်လုပ် ကိုယ့်လုပ်ငန်းရဲ့ဝင်ငွေ ကို တိုးတက်လာအောင် နည်းလမ်းများကို စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း ကောင်းနေချိန်မှာ ဝင်ငွေ အနည်းအများက သိပ်မသိသာ ပေမယ့် လို့ စီးပွားရေးလုပ်ငန်း အခြေအနေတွေ ဆိုးဝါးနေချိန်မှာ ဝင်ငွေပြောင်းလဲမှု ကလုပ်ငန်း ကို ထိရောက်မှု ပြင်းထန်စေပါတယ်။ ဝင်ငွေတိုးအောင် ဘယ်လိုလုပ်မလဲအပြင်းအထန် ခေါင်းရိုက် စဉ်းစားပါ။
(၃) တွန်းအားပေးသောအရာများ ( Rousers)
အလုပ်လုပ်နေကြတာခြင်း တူညီကြပေမယ့် ကိုယ့်ကို အလုပ်လုပ်စေတဲ့တွန်းအားပေးတဲ့အရာခြင်းမတူညီကြပါ။ ငွေကြေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိကြတယ်ဆိုပေမယ့် ကိုယ့်ကို တွန်းအားဖြစ်စေတဲ့အရာသည် ငွေကြေးတစ်ခုတည်းမဟုတ်ပါဘူး။ အချို့ဝန်ထမ်းတွေအတွက် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်မှုသည် တွန်းအားပေးတဲ့အရာဖြစ်ပြီး၊ အချို့ဝန်ထမ်းတွေအတွက် ကြိုးစားလုပ်ကိုင်ပေမယ့် အသိအမှတ်မပြုခံရတာဟာ စိတ်ဓတ်ကျစရာကောင်းလှပါတယ်။ ဒါကြောင့် ကိုယ့်ဝန်ထမ်းတွေအပေါ်တွန်းအားပေးတဲ့အရာတွေကို လေ့လာပါ။ ပြုလုပ်ပါ။
(၄) နာမည် ( Reputation )
နာမည်တစ်လုံးရမလာခင်တုန်းက .… အင်မတန်ကုံးရုန်းကြိုးစားခဲ့ရပေမယ့် ..ရလာတဲ့နာမည်တစ်လုံး၊ တုံး ကနဲ့ပျက်ဖို့ဆိုတာ ကျောက်သင်ပုန်း ရေစွတ်ပြီး ပွတ်လိုက်သလို လွယ်တာပါပဲ။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့နာမည်တစ်လုံးဆိုတာ … ကိုယ့် ကုန်ပစ္စည်းထက်၊ ဝန်ဆောင်မှုထက်၊ အပြင်ပန်းပြင်ဆင်မှု တွေထက်အရေးကြီးပါတယ်။ အစွမ်းကုန်ကာကွယ်ပါ။
(၅) ခိုင်မာမှုရှိသော ဆက်ဆံရေး ( Relationship)
အရာအားလုံးက လူအချင်းချင်း ဆက်ဆံရေး ဆိုတာနဲ့လည်ပတ်နေကြတာပါ။ အဲဒီ လူအချင်းချင်း ဆက်ဆံရေး ဆိုတာ ဖြုတ်လိုက်ရင် စီးပွားရေးဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် အဲဒီဆက်ဆံရေးကို ခိုင်မာနေဖို့လိုပါတယ်။
ဝန်ထမ်းနဲ့အလုပ်ရှင်ကြားဆက်ဆံရေး။
ဝန်ထမ်းနဲ့ဖောက်သည်တွေကြားဆက်ဆံရေး။
အားလုံးဟာ အရေးကြီးပါတယ်။
(၆) စည်းလုံးခိုင်မာမှု ( Resilience)
ငလျင်လှုပ်ပေမယ့် ပြိုတဲ့တိုက်ပြိုပြီး၊ ကြံကြံခံပြီး ရပ်တည်နေတဲ့တိုက်( အဆောက်အအုံ) ရှိနေတာဘာကြောင့်လို့ထင်ပါသလဲ။ လုပ်ငန်းတစ်ခုရဲ့စည်းလုံးခိုင်မာမှု ဆိုတာ အဆင်သင့်အရန်သင့် သူ့အလိုလို ဖြစ်လာတာမဟုတ်ပါဘူး။ လုပ်ယူရတာပါ။ ကြိုးစားရတာပါ။ နည်းလမ်းကြီး ကို တစ်ချက်တည်း လုပ်တာမျိုးမဟုတ်ပဲ နည်းလမ်းငယ်လေးတွေကို ခဏခဏ ကျင့်သုံးရတာပါ။ တစ်နှစ်မှ တစ်ခါ ကိုယ့်ဝန်ထမ်းတွေကို ကုန်ကျစားရိတ်ကြီးကြီးနဲ့ကမ်းခြေ ပို့ပေးတာမျိုးမဟုတ်ပဲ၊ လစဉ် ကုန်ကျစားရိတ်နည်းနည်း နဲ့ပျော်ပွဲရွင်ပွဲ နဲ့၊ ဘုရားတံမြတ်လည်းခြင်း၊ ဘိုးဘွားရိပ်သာ ခေါင်းလျော်ပေးခြင်း၊ ဆေးရုံအလှူ သန့်ရှင်းရေးလုပ်ပေးခြင်း အစရှိသည့် ( CSR ) နည်းလမ်းငယ်လေးများကို “မကြာခဏ” ” ပုံမှန်” လုပ်ပေးခြင်းက ဝန်ထမ်းအချင်းချင်း၊ ဝန်ထမ်းနဲ့လုပ်ငန်းရှင်ကြား connection ရင်ခြင်းထိစပ်မှုကို ဖြစ်ပေါ်စေပြီး အရေးကြုံလာပေမယ့် ဝန်ထမ်းတွေက လုပ်ငန်းကို လွယ်လွယ်ကူကူ စွန့်ခွာမသွားပဲ အခက်အခဲတွေကို အားသွန်ကြိုးစား၊ပျော်ရွင်စွာ ရုန်းကန်မှု ကိုဖြစ်ပေါ်စေပါလိမ့်မယ်။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...