စီးပွားရေးဒိုင်ယာရီ ( Jan10,2019)

marthin
door, wall, red

စီးပွားရေးဒိုင်ယာရီ ( Jan10,2019)


လူတစ်ယောက်…
အိမ်ထောင်လဲမကျသေးဘူး၊ ကလေးလဲမရှိဘူး။ကလေးယူဖို့လဲစိတ်မဝင်စားသေးဘူး ဆိုတဲ့အချိန်မှာ ကလေးသေးခံဘောင်းဘီတွေ၊ ကလေးအဝတ်အစား၊အသုံးအဆောင်တွေ၊ အရုပ်တွေ၊ ကလေးလက်တွန်းလည်းတွေ၊ စတာတွေ..ကို စိတ်မဝင်စားခဲ့ပေမယ့်….
တစ်နေ့အိမ်ထောင်ရယ်လို့ဖြစ်လာပြီး ကလေးမွေးပြီးလို့ဆေးရုံကအဆင်းမှတေ့ာ….
ကလေးကစားစရာတွေ၊ အင်္ကျီလေးတွေ၊ခေါင်းလိမ်းဆီတွေ၊ ကလေးနဲ့ ပတ်သက်တဲ့အရာတွေကို စိတ်ဝင်စားစွာဝယ်ယူပြီး ကလေးကစားစရာပစ္စည်း ဈေးကွက်ထဲကို စားသုံးသူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်။
ဈေးကွက်ဆိုတာ တံခါးပေါက်ရှိပါတယ်။
ဝင်ပေါက်ဆိုတာရှိသလို၊ ထွက်ပေါက်ဆိုတာရှိတယ်။
အချို့သူတွေက ဈေးကွက်ထဲဝင်မလာသေးတာ၊ ဈေးကွက်မရှိတာမဟုတ်ဘူး။
ဈေးကွက်ထဲမှာ ကလေးအသုံးအဆောင်ပစ္စည်းတွေက အရင်ကတည်းကရှိတယ်။ ဝယ်နေကြတဲ့သူတွေရှိသလို၊ ရောင်းနေကြတဲ့သူတွေရှိတယ်။ အဲဒီဈေးကွက်ထဲကို ကိုယ်က ကလေးမွေးပြီးလို ခုမှ ဝင်ဖို့လုပ်နေတယ်။
အဲဒီအချိန်ကို ဈေးကွက်တံခါးပေါက်မှာ ရပ်နေချိန်လို့ ခေါ်ပါတယ်။
ဆေးရုံမှာ ကလေးမွေးပြီးကာစ မိသားစုတွေကို ကလေးပစ္စည်းအသုံးအဆောင် လက်ဆောင်အချို့နဲ့ ကိုယ်ဆိုင်၊ကိုယ်လုပ်ငန်းကြေငြာကို ပေးလိုက်ခြင်းက ဈေကွက်ထဲဝင်လာမယ့်သူကို တံခါးပေါက်မှာ ကြိုဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုကြိုဆိုဖို့အတွက် ဈေးကွက်ရဲ့တံခါးပေါက်တွေကို သိထားဖို့လိုတယ်။
လုပ်ငန်း နဲ့တံခါးပေါက်


ကိုယ်ကကော်ဖီဆိုင်ဆိုရင်…ဈေးကွက်တံခါးပေါက်က ဘာလဲ? ဘယ်နေရာလဲ ?
စားသောက်ဆိုင်ဆိုရင် ….ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
အိမ်ဆောက်ပစ္စည်းဆိုင်ဆိုရင်…ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
အလှကုန်ဆိုင်ဆိုရင်….ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
လျပ်စစ်ပစ္စည်းဆိုင်ဆိုရင်…ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
စာရေးကိရိယာဆိုင်ဆိုရင်.. ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
ဖက်ရှင်ဆိုင်ဆိုရင်… ဈေးကွက်တံခါးပေါက်က ဘာလဲ ? ဘယ်နေရာလဲ ?
ပင်မအိုင်ဒီယာ


ဈေးကွက်ဆိုတာ ဝင်ပေါက်ရှိတယ်။ ထွက်ပေါက်ရှိတယ်။
ထွက်သွားတဲ့သူတွေ ရှိသလို၊ ဝင်လာတဲ့သူတွေ ရှိတယ်။
ထွက်သွားတဲ့သူတွေကို အာရုံစိုက်၊ အကုန်ကျခံပြီး လိုက်ဆွဲခေါ်မယ့်အစား၊ ဝင်လာမယ့်သူတွေကို တံခါးပေါက်ဝမှာ ကတည်းက ကြိုဆို ဆွဲခေါ်ပြီး ကိုယ့်လုပ်ငန်း၊ ကိုယ်ဆိုင်ကို လမ်းပြထားဖို့လိုတယ်။
အထဲရောက်ပြီးမှ…သွားဆွဲခေါ်ရင် …နောက်ကျသွားပြီလေ။
ဒါကြောင့် ….
တံခါးပေါက်ဆိုတာ သိဖို့အရေးကြီးတယ်။
ကိုယ့်လုပ်ငန်းရဲ့တံခါးပေါက်ကို သိအောင်ကြိုးစားပါ။
ပြီးရင်….
တံခါးပေါက်၀ မှာ ကြိုဆိုလိုက်ပါ။

မာသင်

တွေးမိသလောက်တံခါးပေါက် နဲ့ ကြိုဆိုပုံကြိုဆိုနည်းလေးတွေကို လွတ်လပ်စွာရေးသားမန့်ခဲ့နိုင်ပါတယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...