စားသုံးသူတွေ ကိုယ့်စီက ဝယ်ယူရခြင်း အကြောင်းရင်း (၅) ချက်

marthin
woman, shopping, lifestyle

စားသုံးသူတွေ ကိုယ့်စီက ဝယ်ယူရခြင်း အကြောင်းရင်း (၅) ချက်

==================================

၁။ ကြောက်ရွံစိုးရိမ်ခြင်း (Fear)

၂။ လောဘ (Greed)

၃။ ချစ်ခြင်းမေတ္တာ (Love )

၄။ ဂုဏ်မာန (Pride)

၅။ အပြစ်စွဲစိတ် (Guilt)

၁။ ကြောက်ရွံစိုးရိမ်ခြင်း (Fear)

==================

စိုးရိမ်ကြောင့်ကြမှု ဆိုတာ လူတွေကို အများဆုံး ဝယ်ယူမှု ဖြစ်စေတဲ့အရာပါပဲ။

ဆိုရှယ်မီဒီယာတွေ၊အင်တာနက်တွေကြောင့် သတင်းတစ်ခု ဆိုတာ ယနေ့ခေတ်မှာ အင်မတန်မှ ပြန့်နှံ့လွယ်ပါတယ်။

ပစ္စည်းတွေပြတ်လပ်သွားမှာ စိုးလို့ ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုဟာ ဈေးဝယ်စင်တာတွေရှေ့ မှာ သွေးပျက်နေကြတဲ့ လူအုပ်ကြီးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

၂။ လောဘ (Greed)

=============

အလိမ်ခံရတဲ့ ဝယ်ယူမှုတော်တော်များများက လောဘပေါ်မှာ အခြေခံလေ့ရှိပါတယ်။

နောင်တစ်ချိန် ဈေးတက်လာနိုင်တယ်ဆိုတဲ့ အတွေးသေးသေးမွှားမွှားလေးတစ်ခုက ကိုယ့်ကိုတန်ဖိုး ကြီးမားတဲ့ အိမ်ခြံမြေဝယ်ယူမှု တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး၊ နောင်တစ်ချိန်ဆိုတာ မသေချာမရေရာတဲ့ ဖြစ်နိုင်ချေ အုတ်မြစ်ပေါ်မှာအခြေခံထားတယ်ဆိုတာ သိလိုက်ရချိန်မှာ နောက်ကျသွားခဲ့ပါပြီ။

၃။ ချစ်ခြင်းမေတ္တာ (Love )

===============

ချစ်ခြင်းမေတ္တာ ဆိုတာ သမိုင်းမှာ စစ်ပွဲတွေကိုတောင် ဖြစ်စေနိုင်ခဲ့တာပဲ။

ထရိုဂျန်စစ်ပွဲ၊ ကယ်လီယိုပထရာ၊ ပန်ထွာရှင်မ၊ ရာမနှင့် လက္ခဏာ၊ ဝေဠုဝတီ၊ စုက္ကတေးနှင့် အနော်ရထာ စတဲ့ သမိုင်းကြောင်းတွေက ချစ်ခြင်းမေတ္တာဆိုတာ ကြီးမားတဲ့ တွန်းအားတစ်ခု (သို့) စွမ်းအားတစ်ခု ဆိုတာ သက်သေပဲဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့အရောင်းသမားတိုင်းက “စွမ်းအားရှင်” အရောင်းသမားဖြစ်နေဖို့ဆိုတာ ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားဖို့လိုပါတယ်။ ဆိုလိုတာက စားသုံးသူကို ချစ်ကြောင်း၊ အကျိုးလိုလာကြောင်းကို ကိုယ်အမူအရာ၊နုတ်အမူအရာ၊နှလုံးအမူအရာအားဖြင့် ပြသနိုင်ရပါမယ်။

ကြော်ငြာတွေလဲ စွမ်းအားရှင်ကြော်ငြာဖြစ်စေဖို့ PR သုံးရပါမယ်။

အမှန်တော့ ကြော်ငြာတွေဆိုတာ တစ်ဘက်သက်ဆန်ပါတယ်။ ကိုယ့်ကောင်းကြောင်းချည့်ပဲပြောခြင်းကို ကြော်ငြာလို့ခေါ်တာလေ။

PR လို့ ခေါ်တဲ့ Public Relations ဆိုတာက နှစ်ဘက်အကျိုးကို ကြည့်ပါတယ်။ Relationship ဆိုတာ နှစ်ဘက်အကျိုးကို ကြည့်ရာကဖြစ်ပေါ်လာတာပါ။ ကြော်ငြာမလား၊ PR မလား စဉ်းစားပါ။

၄။ ဂုဏ်မာန (Pride)

===========

ကုန်ပစ္စည်းတစ်ခု ရဲ့ဂုဏ်ဆိုတာ Branding ဘရန်းဖြစ်ပါတယ်။

ကုန်ပစ္စည်း အရည်အသွေးတူချင်တူပါမယ်၊ ဘရန်းမတူရင် ဂုဏ်မတူပါဘူး။

ဝန်ဆောင်မှုခြင်း တူချင်တူပါမယ်၊ ဘရန်းမတူရင် ဂုဏ်မတူပါဘူး။

အဆုံးမှာ တော့ ကုန်ပစ္စည်းကို ဝယ်ယူခြင်းဆိုတာထက် ဂုဏ်တစ်ခုကို ဝယ်ယူခြင်းဖြစ်ပါလိမ့်မယ်။

သင့်လုပ်ငန်းက ဘယ်လို ဂုဏ်မျိုးပေးသလဲ ဆိုတာကတော့ သင့်ရဲ့ဘရန်း (Brand) ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။

၅။ အပြစ်စွဲစိတ် (Guilt)

==============

ဈေးဝယ်စင်တာသွားရင်းနဲ့နမူနာကျွေးတာလေးစားမိလို့ကိုယ့်အတွက် မလိုအပ်ပဲ ဝယ်မိတာ ရှိကောင်းရှိပါလိမ့်မယ်။

ဈေးချိုညဈေးတန်းမှာ “ရမလားလို့ဈေးစစ်ကြည့်လိုက်တာ” လျော့ပေးလိုက်တော့ အားနာလို့ဝယ်မိလိုက်တာရှိကောင်းရှိမယ်။

ကိုယ့်မိတ်ဆွေဆိုင်မို့လို့ဝင်ကြည့်တာ အားနာလို့ကိုယ့်အတွက် မလိုအပ်ပဲ ဝယ်ကောင်းဝယ်မိတာရှိချင်ရှိမယ်။

အရင်တစ်ခါ သူလဖက်ရည်တိုက်ထားလို့ဒီတစ်ခါ ကိုယ်ရှင်းဖို့ဖြစ်လာတယ်။

အရင်တစ်ခါ ကိုယ့်မင်္ဂလာဆောင်လာထားလို့ဒီတစ်ခါ သူ့မင်္ဂလာဆောင်ကိုယ်သွားဖို့ဖြစ်လာတယ်။

ကိုယ့်မွေးနေ့ သူ လက်ဆောင်ပေးထားလို့၊ သူ့မွေးနေ့ကိုယ်မပေးရင် အားနာစရာကြီး။

အားနာတယ်ဆိုတာ အပြစ်စွဲစိတ် ကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျင်….

စီးပွားရေးလုပ်ငန်းတိုင်း၊ အရောင်းသမားတိုင်း က ဒီ ဝယ်ယူခြင်းဆိုင်ရာ အကြောင်း (၅) ချက်ကို သိဖို့လိုအပ်တယ်။

အကြောင်းသိမှ အကျိုးဖြစ်မယ်။

အကြောင်းကောင်းမှ အကျိုးလှမယ်။

အကြောင်းသိအောင်လုပ်။

အကြောင်းကောင်းအောင်ကျင့်။

အကြောင်းထွားအောင် ပျိုးထောင် ခြင်းအားဖြင့် အကျိုးများ စည်ပင်ဝပြောတိုးတက်လာမှာဖြစ်ပါကြောင်း….

ကျွန်တော် မာသင် မျှဝေအပ်ပါသည်ခင်ဗျာ။ ။

စီးပွားကောင်းရောင်းအားများတက်ကြပါစေ။

#မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...