ကျွန်တော်နှင့် ဆံပင်ညှပ်ဆိုင်က ကောင်လေးတစ်ယောက်

marthin
scissors, barber, hair

ကျွန်တော်နှင့် ဆံပင်ညှပ်ဆိုင်က ကောင်လေးတစ်ယောက်

ငွေကြေး တို့၊ လခ တို့ကို ခဏမေ့ထားပြီး ကျွန်တော် တို့အားလုံးမှာ ရူးရူးသွပ်သွပ် ထမင်းမေ့ဟင်းမေ့ လုပ်နိုင်တဲ့ အရာ ကိုယ်စီ ရှိကြပါတယ်။
ဒါကို ပဲ အချို့က ဝါသနာ လို့ခေါ်ပြီး၊ အချို့က passion လို့ခေါ်ကြပါတယ်။
အဲဒီ ဝါသနာက အလုပ်နဲ့သွားကိုက်ညီတဲ့အခါ လူတစ်ယောက်က အောင်မြင်မှုဆိုတာ ဖြစ်လာပါတယ်။
အောင်မြင်နေတဲ့ လုပ်ငန်း၊ လူတစ်ဦးတစ်ယောက်ကို မေးကြည့်ပါ။
ငွေကြေးကြောင့် လုပ်နေတာလား၊ ဝါသနာရူးသွပ်မှုကြောင့်လုပ်နေတာလား လို့မေးကြည့်ပါ။
Passion ဆိုတဲ့ အရာကို ခံစားမိပါလိမ့်မယ်။
တစ်နေ့က ကျွန်တေ်ာဆိုင်တစ်ဆိုင်ဆံပင်သွားညှပ်တော့ ဆိုင်က ကောင်းလေးတစ်ယောက် လက်မှာ ထိုးထားတဲ့ ထူးခြားတဲ့ တက်တူး ပုံလေးတပုံတွေ့ မိပါတယ်။
ကက်ကြီးတစ်ချောင်း နဲ့ ဘီးတစ်ချောင်း ပုံကို တက်တူးထိုးထားတာပါ။
တက်တူးဆိုတာ အခြားပုံတွေကိုသာ တွေ့ရလေ့ရှိပြီး ကိုယ့်အလုပ် (သို့) ကိုယ့်လုပ်ငန်းကိုယ်စားပြုတဲ့ပုံ ကို ထိုးတယ်ဆိုတာ တွေ့ရခဲပါတယ်။
သူ့ ရဲ့အလုပ်ပေါ်မှာ ရူးသွပ်မှု ၊ စိတ်ဝင်စားမှု၊ passion ရှိမှု စတာတွေကို ခံစားမိပါတယ်။
အဲဒီ တက်တူးပုံ ကို မြင်ပြီး ကိုယ့်ကိုယ်ကိုယ်…..
မေးခွန်းတစ်ခုမေးမိပါတယ်။
“အဲဒီလို ကိုယ့်ရဲ့ အလုပ် တစ်ခု ကို ကိုယ်စားပြု တဲ့ ပုံ ကို တက်တူး မဖြစ်မနေ ထိုးရမယ်ဆိုရင် ဘယ်လို အလုပ်မျိုး ကိုယ်စားပြုတဲ့ပုံ ဖြစ်လိမ့်မလဲ ?? ” လို့ ကိုယ့်ကိုယ်ကိုယ် မေးမိပါတယ်။
အဖြေက။ ။ ကျွန်တော့်နာမည်ထိုးထားတဲ့ ဘောပင်ဖောင်တိမ်လေးတစ်ချောင်း နဲ့ ကင်မရာတစ်လုံး ပါ။ (နှစ်ခုစလုံးက ကျွန်တော် ရူးသွပ်တဲ့အလုပ်ကို ကိုယ်စားပြုလို့ပါ)
မိတ်ဆွေ တို့ကော……
ကိုယ့် ရူးသွပ်တဲ့ အလုပ်တစ်ခု၊ လခဆိုတဲ့အရာ၊ ငွေကြေးဆိုတဲ့အရာ ကို မေ့ထားပြီး ထမင်းမေ့ဟင်းမေ့ ဝါသနာပါပါ နဲ့ လုပ်ချင်တဲ့အရာတစ်ခုကို ကိုယ်စားပြုတဲ့ ပုံလေးတစ်ပုံကို တက်တူးထိုးရမယ်ဆိုရင် ….
ဘယ်ပုံဖြစ်လိမ့်မလဲ ??
လွတ်လပ်စွာ …. မန့်ခဲ့ပါ။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...