ကုန်ကျစားရိတ်ဘယ်လောက်ရှိလဲ ဆိုတာ မသိပဲနဲ့အမြတ်ဘယ်လောက်ရှိလဲ ဆိုတာ မသိနိုင်ဘူး။

marthin
financial, analysis, accounting

“စီးပွားရေးငွေကြေး” မှတ်စုတိုလေးများ (၂)


“ကုန်ကျစားရိတ်ဘယ်လောက်ရှိလဲ ဆိုတာ မသိပဲနဲ့အမြတ်ဘယ်လောက်ရှိလဲ ဆိုတာ မသိနိုင်ဘူး။
ဒါကြောင့် လုပ်ငန်းတိုင်းမှာ ကုန်ကျစားရိတ်ကို ဂရုစိုက်ပါ။
ကုန်ကျစားရိတ် တွေ ရဲ့အမျိုးအစား ကို နားလည်ပါ။
တိုက်ရိုက် နဲ့သွယ်ဝိုက် ကုန်ကျစားရိတ်

(Direct & Indirect Cost)

တိုက်ရိုက်


လုပ်ငန်းရဲ့ဝန်ဆောင်မှု/ ကုန်ပစ္စည်း နဲ့တိုက်ရိုက်ပတ်သက်နေတဲ့ကုန်ကျစားရိတ် ဖြစ်ပါတယ်။
ဥပမာ ..ပရိဘောဂ လုပ်ငန်း မှာ ဆိုရင် သစ်အကြမ်းထည်များ နဲ့လက်သမားခ သည် တိုက်ရိုက်ကုန်ကျစားရိတ်များဖြစ်ပါတယ်။
သွယ်ဝိုက်


ကုန်ပစ္စည်း နဲ့တိုက်ရိုက်မဟုတ်သော ကုန်ကျစားရိတ်များ အားလုံးသည် သွယ်ဝိုက်ကုန်ကျစားရိတ်မာျး ဖြစ်ပါတယ်။
ဥပမာ .. အထက်ပါ ပရိဘောဂ လုပ်ငန်းမှာ အသုံးပြုသော လျပ်စစ်မီးကြေး၊ ဆိုင်ခန်းခ အစရှိသဖြင့်တို့သည် သွယ်ဝိုက်ကုန်ကျစားရိတ်များဖြစ်သည်။
ပုံသေ နဲ့ပြောင်းလဲ ကုန်ကျစားရိတ်

(Fixed & Variable Cost)

ပြောင်းလဲ


အချို့သော ကုန်ကျစားရိတ်များသည် ရောင်းအားနှင့် ထုတ်လုပ်မှု ပြောင်းလဲသည် နှင့် လိုက်ပါ ပြောင်းလဲသည်။ ထိုကုန်ကျစားရိတ်မျိုးကို ပြောင်းလဲကုန်ကျစားရိတ် လို့ခေါ်သည်။
ဥပမာ.. ထမင်းဆိုင် တစ်ဆိုင်အတွက် ရောင်းအားကောင်းလာသည်နှင့် ဆန်ဆီဆားများအတွက် ကုန်ကျစားရိတ်များ တက်လာသည်။
ပုံသေ


အချို့သော ကုန်ကျစားရိတ်များသည် ရောင်းအားနှင့် ထုတ်လုပ်မှု ပြောင်းလဲပေမယ့် မပြောင်းလဲပဲ ပုံသေကုန်ကျစားရိတ်မျိုးဖြစ်သည်။
ဥပမာ.. ထမင်းဆိုင်အတွက် ဆိုင်ခန်းခသည် ရောင်းကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ထိုဆိုင်ခန်းခ ကုန်ကျစားရိတ်သည်ရှိနေမှာ ဖြစ်သည်။
ရောနှော ကုန်ကျစားရိတ်

(Mixed Cost )

အချို့သော ကုန်ကျစားရိတ်များသည် ပုံသေ နှင့် ပြောင်းလဲ ရောနှောသောပုံစံမျိုးဖြစ်သည်။
ဥပမာ..Delivery Service အိမ်အရောက်ပို့ဆောင်ရေးလုပ်ငန်းတွင် ဆိုင်ကယ်များ အတွက် ကုန်ကျစားရိတ်ဖြစ်သည်။ ဖောက်သည်များလာသည်နှင့်အတူ ခရီးလမ်းကြောင်းများလာခြင်းအတွက် ဆီကုန်ကျစားရိတ်သည် ပြောင်းလဲကုန်ကျစားရိတ်ဖြစ်သော်လည်း၊ ဆိုင်ကယ် ဝယ်ယူရခြင်းဖြစ်သည့်အတွက် ပုံသေကုန်ကျစားရိတ်လည်းဖြစ်သည်။
🛠မည်သို့ပင်ဖြစ်စေကာမူ…..လုပ်ငန်းရှင်များအတွက် လုပ်ငန်းအစီအစဉ်ဆွဲရာတွင်ဌင်း၊
အရှုံးအမြတ်တွက်ရာတွင်ဌင်း၊
ဘတ်ဂျက်တွက်ရာတွင်ဌင်း၊
ကုန်ကျစားရိတ် ကိုစဉ်းစားရသည်။
အမျိုးအစားခွဲရသည်။
ဂဏ္ဍကို သတ်မှတ်ရသည်။
သို့မှသာ ……
လုပ်ငန်း နှင့် တူမည်။
မဟုတ်လျင် …..
မြတ်မှန်းမသိ၊ ရံှုးမှန်းမသိ။
ကြက်မဟုတ်၊ ကျီးမဟုတ်
“အောက်ကလိအာ” လုပ်ငန်းသာဖြစ်တော့မည်။

မာသင်

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။
တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။

အောင်မြင်မှု နောက်ကို မလိုက်ပဲ တန်ဖိုးနောက်ကို လိုက်ပါ။တန်ဖိုးရှိရင်.… အောင်မြင်မှုက နောက်က လိုက်လာပါလိမ့်မယ်။မာသင် တန်ဖိုးနောက်ကိုလိုက် ဝန်ထမ်းလောက...

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

“Learn more to earn more”ငွေပိုဝင်ဖို့ ပိုလေ့လာပါ။

"Learn more to earn more"ငွေပိုဝင်ဖို့ ပိုလေ့လာပါ။ ဝင်ငွေပိုဝင်ခြင်း နဲ့ စာဖတ်လေ့လာခြင်း ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။အောင်မြင်ချင်သလား၊ အောင်မြင်ခြင်းကို အရင်လေ့လာပါ။ရောင်းကောင်းချင်သလား၊ ရောင်းကောင်းခြင်းကို အရင်လေ့လာပါ။ကျန်းမာချင်သလား၊ ကျန်းမာခြင်းကို...

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း

မှန်ကန်သောလေ့လာမှု နည်းလမ်း (Active learning Vs Passive Learning) နားထောင်ယုံမျှ သည် မေ့လျော့ခြင်းတွင် အဆုံးသတ်သည်။ကြည့်ယုံမြင်ယုံမျှသည် မှတ်မိခြင်းတွင်အဆုံးသတ်သည်။ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခြင်း သည် နားလည်သဘောပေါက်ခြင်း တွင်အဆုံးသတ်သည်။ကွန်ဖြူးရှပ်I hear and I forget.I...

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ်

စီးပွားရေးလုပ်ငန်းများနှင့် ဝယ်လိုအားကြိုတင်ခန့်မှန်းခြင်း ပညာရပ် (Strategic Forecasting) စီးပွားရေးလုပ်ငန်းတိုင်း ဝယ်လိုအားကို ခန့်မှန်းပြီးအလုပ်လုပ်ကြရပါတယ်။ထမင်းဆိုင် တစ်ဆိုင်ကလဲ မနက်ဖြန် အတွက် ဝယ်လိုအားကို ခန့်မှန်းပြီး ဒီနေ့ထမင်းဘယ်နှစ်အိုးချက်မယ်၊ ဟင်း ကို...

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား

သင် လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိရဲ့လား It is not the strongest of the species that survives,Nor the most intelligent that survives.It is the one that is the most adaptable to change.Charles Darwinချားဒါဝင် က ကမ္ဘာဦးကစလို့သက်ရှိသတ္တဝါတွေမှာ အခုချိန်ထိ ရှင်သန်...

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း

ရည်မှန်းချက်ကို သံကြိုးခတ်ထားခြင်း သန်မာထွားကြိုင်းတဲ့ဆင်ကြီးတစ်ကောင်၊ဆင်တင်းကုတ်ထဲမှာ။သူ့ကိုလှောင်ပိတ်လဲမထားဘူး။ဘယ်အရာနဲ့မှ လဲ ကာရံထားတာ မဟုတ်ဘူး။ဒါပေမယ့်၊ သူ့ရဲ့စရိုက်သဘာ၀ ဖြစ်တဲ့လွတ်လပ်တဲ့ဆင်တစ်ကောင်၊ နေရာအနှံတောတောင်တွေမှာ သွားလာနေတဲ့ဆင်တစ်ကောင်အဖြစ်...

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ

ကျောက်တုံးပုံပြင်(သို့) ဘဝအတွက် သင်ခန်းစာ ငယ်ငယ်တုန်းက ကျောင်း မြန်မာစာဖတ်စာအုပ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတစ်ပုဒ်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့ဖူးတယ်။အဲဒီပုံပြင်လေးက ဒီလိုပါ။ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးက ရုပ်ဖျက်ပြီး...