ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။

1. Awareness သတိပြုမိစေခြင်း

2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း

3. Desire လိုချင်စိတ်ဖြစ်စေခြင်း

4. Action ဝယ်ယူစေခြင်း

1️⃣

၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊ ဘာရောင်းမှန်းမသိ၊ဘယ်ထုတ်ကုန်ကိုကြော်ငြာမှန်းလဲမသိလိုက်တဲ့ ဘုမသိဘမသိကြော်ငြာတွေအများကြီးပဲ ) အနည်းဆုံးတော့ ကြော်ငြာကောင်းတစ်ခုက ကိုယ့်ထုတ်ကုန်ကို သတိပြုမိသွားစေတဲ့ကြော်ငြာမျိုးဖြစ်ဖို့လိုတယ်။

2️⃣

၂။ ကိုယ့်ထုတ်ကုန် ကို သူတို့သိမှ၊ သတိပြုမိမှသာလျင် … ကြည့်သူအနေနဲ့ စိတ်ဝင်စားတယ် စိတ်မဝင်စားဘူး ဆိုတာဖြစ်မယ်။ စိတ်မဝင်စားဘူးဆိုလဲ . .. ဒီမှာ ပြတ်ပြီ၊ ပြီးပြီ၊ ဆက်မကြည့်နဲ့တော့ ။ စိတ်ဝင်စားသူဆက်ကြည့်လိမ့်မယ်။ ဒါကြောင့် ကြော်ငြာကောင်းတစ်ခုက စိတ်ဝင်စားစရာ ဖြစ်ဖို့လိုတယ်။

3️⃣

၃။ စိတ်ဝင်စားတယ်ဆိုရင် .. ဆက်ပြီးတော့ .. ကြည့်သူအနေနဲ့ လိုချင်တယ် ၊ မလိုချင်ဘူး ဆိုတာ ဖြစ်မယ်။

မလိုအပ်ဘူး၊ မလိုချင်ဘူး ဆိုရင်လဲ .. ဒီမှာ ပြတ်ပြီ၊ ပြီးပြီ၊ ဆက်မကြည့်နဲ့တော့ ။ လိုချင်စိတ်ရှိတဲ့သူဆက်ကြည့်လိမ့်မယ်။ ကြော်ငြာကောင်းတစ်ခုက လိုအပ်မှုတစ်ခုကို ဖော်ပြပြီး ကြည့်ရူသူလိုချင်စိတ်ဖြစ်လာအောင်လုပ်ဆောင်နိုင်စွမ်းရှိရလိမ့်မယ်။

4️⃣

၄။ လိုချင်တယ် ဆိုမှ … ဆက်ပြီးတော့ .. ကြည့်ရူသူအနေနဲ့ ဝယ်မယ် ၊ မဝယ်တော့ဘူး ဆိုတာ ဆုံးဖြတ်လိမ့်မယ်။

မဝယ်သေးဘူး ဆိုလဲ ပြတ်ပြီ၊ ပြီးပြီ.. ။ ခက်တာက .. စားသုံးသူအများစု က ဝယ်တော့ဝယ်မယ် ဒါပေမယ့် အခု တော့မဟုတ်သေးဘူး .. ဆိုတာများတယ်။ ဘယ်လောက်များလဲ ဆိုရင် (၇၀%) ရှိတယ်လို့ဈေးကွက်သုတေသနအများစုကဆိုတယ်။ ဒါဆိုရင် .. ဒီလို စိတ်ဒွိဟဖြစ်ပြီး အီးလေးအချိန်ဆွဲနေတဲ့ စားသုံးသူကို ချက်ခြင်း သွားဝယ်ဖို့ အတွက် တိုက်တွန်းမှု တစ်ခုလိုတယ်။ အဲဒါ ပရိုမိုးရှင်းပဲ။

စားသုံးသူအချို့ အတွက် ကုန်ပစ္စည်းတစ်ခုက ကောင်းမှန်းလဲ သိတယ်။ လိုလဲလိုချင်တယ်.. ဒါပေမယ့် မဝယ်သေးဘူး ဆိုတဲ့ အဖွဲ့သက်သက် ကိုရှိတယ်။ ဒီလိုစားသုံးသူတွေအတွက်အကောင်းဆုံး တွန်းအားတစ်ခုက ပရိုမိုးရှင်းပဲ။

ဒါကြောင့်.. ကြော်ငြာ ပြီဆိုရင် … စားသုံးသူကို ဘာလုပ်ရမလဲ .. ဆိုတဲ့ လုပ်ရန် (Action) တစ်ခု နဲ့အဆုံးသတ်ပါ။

အဲဒီလုပ်ရန်ကို ပရိုမိုးရှင်း တစ်ခု နဲ့တွန်းအားပေးပါ။ အဲဒါမှ ကြော်ငြာ အစစ်။

မဟုတ်ရင် .. ကိုယ့်ကြော်ငြာဗွီဒီယိုက ငွေကုန်ပြီး၊ ကြည့်ကောင်းတာပဲရှိမယ်။ ရောင်းအားက တက်လာမှာမဟုတ်ဘူး။

#မာသင်

#ရောင်းအားမြင့်ပရိုမိုးရှင်း(၃၀)သင်တန်း

Related Articles

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း 2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း 3. Desire လိုချင်စိတ်ဖြစ်စေခြင်း 4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။ ( ကြော်ငြာသာပြီးသွားတယ်၊…

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။

ကိုယ့်ကြော်ငြာကောင်းမကောင်း .. ဒီအချက် (၄) ချက်နဲ့တိုင်းတာပါ။ ကြော်ငြာမှာ အဆင့် ၄ ဆင့်ရှိတယ်လို့ပြောလို့ရတယ်။ 1. Awareness သတိပြုမိစေခြင်း2. Interest စိတ်ဝင်စားမှုဖြစ်စေခြင်း3. Desire လိုချင်စိတ်ဖြစ်စေခြင်း4. Action ဝယ်ယူစေခြင်း ၁။ အရင်ဦးဆုံး အချက်က .. ကိုယ့်ထုတ်ကုန် ကို သတိပြုမိရမယ်။…

နားကြပ်ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

* နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

မကြော်ငြာနဲ့ …ပျံ့နှံ့စေပါ

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့်…

မားကတ်တင်း လမ်းပြကြယ်

S.T.A.R ဆိုတဲ့စာလုံးမှာ စကားလုံး (၄) လုံးပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ လမ်းပျောက်သူများအတွက် ကောင်းကင်မှာ ရှိတဲ့ကြယ်လေးတစ်လုံးက များစွာအထောက်အကူဖြစ်စေနိုင်သလိုပဲ ၊ ဈေးကွက်မှာ လမ်းပျောက်ပြီးဘာလုပ်ရမှန်းမသိဘူးဆိုတဲ့သူများအတွက် .. ကြယ်လေးတစ်လုံးအဖြစ် ဒီ ဈေးကွက်လမ်းပြကြယ် Marketing Star ကို မျှဝေလိုက်ပါတယ်။ S.T.A.R ( မားကက်တင်း လမ်းပြကြယ်…

Responses

Your email address will not be published. Required fields are marked *