စာအုပ် နှင့် အတူ ပံ့ပိုးပေးထားသောအရာများ

 ( 5 in 1 ) 

Videos

သင်ခန်းစာဗွီဒီယိုများ
စာအုပ်ပါ အခန်းတစ်ခန်းချင်းစီကို ဗွီဒီယို နှင့် တကွ ရှင်းပြထားပြီး၊ သင်တန်းတစ်ခုစာ ဗွီဒီယိုပေါင်း (၃၀) ပါဝင်သည်။

Audio

အိုင်ဒီယာ (၃၀) အသံဖိုင်
လမ်းသွားရင်း၊ ကားစောင့်ရင်း အသံဖိုင်ဖြင့် နားထောင်နိုင်ရန် အသံဖိုင် (၃၀) စီစဉ်ထားပေးသည်။ 

Infographic

အိုင်ဒီယာရုပ်ပုံကားချပ်
စာအုပ်ပါအဓိကအိုင်ဒီယာပွိုင့်လေးများကို မှတ်မိလွယ်စေရန် ရုပ်ပုံကားချပ် ကဒ်ပြားပုံစံ ပြုလုပ်ပေးထားပြီး၊ မိမိဖုန်းတွင်ဒေါင်းပြီး ရယူထားနိုင်ပါသည်။ 

pdf file

အနှစ်ချုပ် pdf ဖိုင်

စာအုပ်ပါ အခန်း (၃၀ )ကို အကုန်ဖတ်ရန် အချိန်မရသူများသူများအတွက် တစ်ခန်းချင်းစီကို လိုတိုရှင်း စာတစ်မျက်နှာ အနှစ်ချုပ် ရေးပေးထားပါသည်။ 

Book

ယခုစာအုပ်
စာအုပ်သည် အချိန်မအားလပ်သော၊ စာဖတ်ရန် အချိန်သိပ်မရှိသော လုပ်ငန်းရှင်များကို ရည်ရွယ်သည့်အလျောက် စာသိပ်မများစေပဲ အခန်းတစ်ခန်းတိုင်းသည် အိုင်ဒီယာ၏ လိုရင်းကို ပုံများဖြင့် လိုတိုရှင်း ဖော်ပြထားပါသည်။ 

ယုံကြည်စွာအားပေးကြသောလုပ်ငန်းများ

 

မာတိကာ

လျပ်တပြတ် အတွင်းစာမျက်နှာ

အတွင်းစာမျက်နှာအချို့ကို လှန်ကြည့်ခြင်း

စာအုပ်ပါ စာမျက်နှာ အချို့..

အများနဲ့မတူ ကွဲထွက်တိုင်း ကောင်းတာမဟုတ်ပါ၊ တန်ဖိုးရှိစွာ ကွဲထွက်တတ်ဖို့လိုပါတယ်။

ယနေ့ ခေတ်မှာ လုပ်ငန်းတစ်ခု မြန်မြန်မကြီးထွားရင် သူများဝါးမြိုခံရနိုင်သလို၊ အိုင်ဒီယာ တစ်ခုက မြန်မြန်မပျံ့နှံ့ရင် အတုခိုးခံရတတ်တယ်။

customer အသစ် များများရဖို့ချည့်လုပ်မနေပဲ အတွင်းစက်ဝိုင်းကို ချဲ့ပါ။ အတွင်းကျယ်ရင် အပြင်ကြီးလာပါလိမ့်မယ်။

ဈေးကွက်မှာ ရှင်သန်ဖို့က ရိုးရိုးလေးပါပဲ။ ပိုကောင်းအောင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် အသစ်ဖန်တီးဖို့ပါပဲ။

ဘရန်းပူးတယ်ဆိုတာ ကိုင်းကူးသလိုပါပဲ။ အချိန်သက်သာတယ်၊ ကြီးထွားနုန်းမြန်တယ်။

ကိုယ့်ထုတ်ကုန်ကို လူတိုင်းမကြိုက်ပါဘူး။ ဒူးရင်းသီးလိုပါပဲ။ ရူးသွပ်တဲ့သူတွေရှိသလို၊ အနံ့တောင်မခံနိုင်တဲ့သူတွေရှိတယ်။ ကိုယ့်လုပ်ငန်းရဲ့အဓိက မားကက်တင်း က အနံ့မခံနိုင်တဲ့သူကို အနံ့ခံနိုင်လာအောင်လုပ်ဖို့မဟုတ်ဘူး၊ ရူးသွပ်တဲ့သူတွေကို ပေါင်းစုပြီးအသိုင်းအဝိုင်းလေးတစ်ခု တည်ဆောက်ထားဖို့ပါပဲ။

Apple ထုတ်ကုန်တွေဖြစ်တဲ့ iphone, ipad တွေလိုပါပဲ။ ကောင်းတယ် ဆိုပေမယ့် လှအောင်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ ကောင်းယုံနဲ့မပြီးလှအောင် လုပ်ရပါသေးတယ်။ ကောင်းတာက သုံးကြည့်မှ သိတာဖြစ်ပြီး၊ လှတာက မသုံးခင်ကိုက ကောင်းမယ်လို့မျှော်လင့်ချက်ရှိတာ။ လှယုံနဲ့မပြီး ကောင်းအောင်လုပ်ဖို့လိုသလို၊ ကောင်းယုံနဲ့မပြီးလှအောင်လုပ်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကို သိခြင်းနဲ့ စတယ်။ ကိုယ့်နာမည် ကိုယ်မသိပဲနဲ့သူများကို မှတ်ခိုင်းလို့မရဘူး။ ကိုယ့်အလုပ်ကိုယ်မရူးသွပ်ပဲနဲ့သူများလာရူးသွပ်ခိုင်းလို့မရဘူး။ သိခြင်းက ဘရန်း၊မှတ်ခိုင်းခြင်းက မားကက်တင်း၊ နှစ်ခုပေါင်းတော့ ဘရန်းမားကက်တင်း ဆိုတာပါပဲ။

ဘာကြောင့် ဖတ်သင့်လဲ ?

  • သင်ဘာကြောင့် ဒီစာအုပ်ကို ဝယ်ဖတ်သင့်တာလဲ ?

  • ဘာတွေ အကျိုးရှိနိုင်လို့လဲ ?

  • စာအုပ်တန်ဖိုးနဲ့တန်ပါ့မလား ?

  • တကယ်ပဲ ဘရန်းတစ်ခုကို တည်ဆောက်နိုင်မလား?

ဘရန်း တည်ဆောက်ဖို့လိုတယ်

ယနေ့ခေတ်ဈေးကွက်နယ်ပယ်မှာ လုပ်ငန်းတူတွေများပါတယ်။ လုပ်ငန်းတူများတဲ့အတွက် ယှဉ်ပြိုင်မှုကများလာပါတယ်။ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေပေါလာပါတယ်။ ဘာကြောင့် ကိုယ့်လုပ်ငန်းကို ရွေးချယ်သင့်သလဲ ဆိုတဲ့ ရှင်းလင်းတိကျတဲ့အဖြေ ကို စားသုံးသူတွေကို ကွင်းကွင်းကွက်ကွက်မြင်အောင်ပေးတတ်ဖို့လိုပါတယ်။ လုပ်ငန်းတူချင်တူမယ်၊ ကုန်ပစ္စည်းချင်းတူချင်တူမယ်၊ ဘရန်း ဆိုတာ သူနဲ့ ကိုယ် ကွာဟတဲ့ အချက်ပါပဲ။

ဈေးနှုန်းချင်းမပြိုင်ပဲ၊ ဘရန်းချင်းပြိုင်ပါ

ဘရန်းသာရင် ဈေးနုန်းကွာတယ်။ သူလျော့ကိုယ်လျော့ ဈေးနှုန်းချင်းပြိုင်တယ်ဆိုတာ သူ့အတွက်လဲမကောင်း ကိုယ့်လုပ်ငန်းအတွက်လဲမကောင်းပါ။ ရေတိုမှာ ဈေးလျော့တာ ရောင်းအားတက်နိုင်ပေမယ့်၊ ရေရှည်မှာ လုပ်ငန်းထိခိုက်နိုင်ပါတယ်။ ဈေးကွက်ဆိုတာ ရေရှည်ကစားပွဲပါ။ ထွက်သွားတဲ့သူတွေရှိသလို၊ ဝင်လာတဲ့လုပ်ငန်းတွေလဲအမြဲရှိနေတဲ့ ရေရှည်ကစားပွဲကို ဈေးကွက်လို့ခေါ်ပါတယ်။ ရေရှည်ကစားပွဲကို ရေတိုနည်းလမ်း နဲ့မကစားပဲ ရေရှည်နည်းလမ်းနဲ့ပဲ ဝင်ကစားရပါတယ်။ ဘရန်းဆိုတဲ့ နာမည်ကောင်းတစ်လုံး ဆိုတာ ကိုယ့်လုပ်ငန်းအတွက် ရေရှည်နည်းလမ်းပါပဲ။

ဘရန်းအိုင်ဒီယာလေ့လာပါ

ဘရန်း အိုင်ဒီယာ (၃၀) ကို သင်ခန်းစာဗွီဒီယိုတွေနဲ့ သင်တန်းတစ်ခုစာ ရှိတယ်
ဘရန်းတစ်ခုတည်ဆောက်ဖို့အတွက် အိုင်ဒီယာတွေကို ဗွီဒီယိုတွေနဲ့အသေးစိတ်လုပ်ငန်းဥပမာတွေနဲ့ရှင်းပြထားတယ်။ ဗွီဒီယိုတွေ စုစုပေါင်း (၃၀) တောင်ရှိတဲ့အတွက် သင်တန်းတစ်ခုစာ ပြီးပြည့်စုံအောင်လေ့လာနိုင်တယ်။ စာအုပ်လဲ ဖတ်၊ သင်ခန်းစာဗွီဒီယိုတွေလဲကြည့် ၊ မှတ်စုတွေထုတ်ပြီး အမှန်တကယ်လုပ်ကြည့်လို့ရတယ်။ လက်ရှိမှာလဲ လက်တွေ့အကျိုးရှိသွားကြတဲ့ လုပ်ငန်းပေါင်း ထောင်နဲ့ချီပြီးရှိကြတယ်။ သင်လုပ်ငန်းတစ်ခုခု လုပ်နေပြီဆိုရင် ဘရန်းမားကက်တင်း ကို အနှေးနဲ့အမြန် လုပ်ရတော့မှာပါပဲ။ ခုကတည်းက လေ့လာထားပါ။ အဲ့အချိန်မှာ လုပ်ပါ။  နောက်မှ ဆိုရင် စာအုပ် ကုန်သွားပါပြီ။ 

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
Jamie Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
Jessica Chandler

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
Romareo Jose

မာသင်

ဆက်သွယ်ရန်